မြန်မာ့ပေါ်ဆန်းမွှေးအကြောင်းတစေ့တစောင်း

Powered by Drupal
Fri, 07/31/2026 - 13:58 -- consumer_admin

      ပေါ်ဆန်းဆန်သည်  မြန်မာနိုင်ငံ၏ အရည်အသွေးကောင်း စပါးမျိုးများဖြစ်ကြပြီး ထူးခြား သည့် အမွှေးနံ့ရှိမှု၊ ထမင်းချက်ရာတွင် ဆန်သားရှည်ထွက်မှု၊ စားသုံးရာတွင် နူးညံ့ပျော့ပျောင်းမှု တို့ကြောင့် ဆန်ဈေးကွက်တွင် လူကြိုက်များထင်ရှားကျော်ကြားသည်။ ပေါ်ဆန်းမွှေးဆန်သည် ခန္ဓာကိုယ်အတွက် လိုအပ်သော စွမ်းအင်၊ ကာဘိုဟိုက်ဒရိတ် နှင့် ပရိုတင်းတို့ကို ပေးစွမ်းနိုင်သော မြန်မာနိုင်ငံ၏ လူကြိုက်အများဆုံး အဓိကစားသုံးဆန်တစ်မျိုးဖြစ်သည်။ ထိုဆန်တွင် နေ့စဉ်လုပ်ငန်း ဆောင် တာများအတွက် အာဟာရဓာတ်များကို ဖြည့်ဆည်းပေးနိုင်စွမ်းရှိသည်။

      ကိုယ်လက်လှုပ်ရှားမှုအတွက် လိုအပ်သော ကာဘိုဟိုက်ဒရိတ်ကြွယ်ဝစွာ ပါရှိသည်။ ကြွက်သားနှင့် ခန္ဓာကိုယ်တည်ဆောက်ရေးကို အထောက်အကူပြုသည်။ အဓိကအားဖြင့် B ဗီတာ မင်အုပ်စုများ အနည်းငယ်ပါဝင်သည်။ ကျန်းမာရေးနှင့် အကျိုးကျေးဇူးများအစာကြေလွယ်ပြီး စားရုံဖြင့်အားအင်ကို လျင်မြန်စွာ ပြန်လည်ပြည့်ဝစေသည်။ကိုယ်အလေးချိန် ထိန်းညှိသူများအတွက် အသင့်အတင့် စားသုံးနိုင်သော အစားအစာဖြစ်သည်။ အစာကြေလွယ်ပြီး စားရုံဖြင့် အားအင်ကို လျင်မြန်စွာ ပြန်လည်ပြည့်ဝစေသည်။ ပေါ်ဆန်းမွှေးဆန်သည် အရည်အသွေး ပြည့်မှီပြီး လုံးဝိုင်း သောဆန်အမျိုးအစား ဖြစ်ပြီး ၅.၀-၅.၅ မီလီမီတာအထိ ရှည်သည်။ ပေါ်ဆန်းစပါးမျိုးများတွင် ပေါ်ဆန်းကြီး (ပေါ်ဆန်းမွှေး၊ ပေါ်ဆန်းဘေးကြား) မျိုးများ၏ အနံ့မွှေးမှုသည် ပေါ်ဆန်းရင်မျိုးထက် ပိုပါသည်။

     ပေါ်ဆန်းရင်မျိုးမှာ စပါးပေါ်ခါစတွင် အမွှေးနံ့ရှိသော်လည်း သိုလှောင်ချိန်ကာလ ကြာမြင့်လာ သည်နှင့်အမျှ အမွှေးနံ့ရရှိမှု တဖြည်းဖြည်းနည်းပါးလာသည်ကို တွေ့ရှိရပါသည်။ စားသုံးမှုအရည် အသွေးတွင်လည်း ပေါ်ဆန်းကြီး (ပေါ်ဆန်းမွှေး၊ ပေါ်ဆန်းဘေးကြား) မျိုးများမှာ ပေါ်ဆန်း ရင်မျိုးထက် ဆန်သားနူးညံ့၍ စားသုံးမှု ပိုကောင်းပါသည်။ စားသုံးမှုအရည်အသွေးမှာ စိုက်ပျိုးသည့် ရေမြေအနေအထားအရ ကွာခြားမှုရှိပါသည်။ ပေါ်ဆန်းစပါးများကို စပါးစေ့ပုံသဏ္ဌာန်၊ အရောင် အဆင်း ပေါ်မူတည်၍ ဘေးကြား၊ ရွှေဝါဟုလည်းကောင်းခေါ်ဆိုကြကြောင်း၊ ထူးခြားသည့် ရေမြေအနေအထားအရ ပေါ်ဆန်းမွှေးအရသာမှာ ထူးခြားကောင်းမွန်ကြောင်း သိရှိရသည်။

DOCA(မန္တလေး)