ကြောင်လျှာပင်သည် ဆေးဖက်ဝင်အပင်အုပ်စုတွင်ပါဝင်သည်။ ကြောင်လျှာပင်၏ ရုက္ခဗေဒ အမည်မှာ Oroxylum Indicum Vent ဖြစ်သည်။ ကြောင်လျှာပင်သည် အပင်လတ်အမျိုးအစား ဖြစ်၍ ကြီးထွားနှုန်းမြန်ပါသည်။ အပင်အမြင့်မှာ ၈ မီတာ မှ ၁၅ မီတာ အထိမြှင့်တတ်ပါသည်။ အခေါက်ထူကာ မီးခိုးစိမ်းရောင်ရှိပြီး အတွင်းသားများမှာအဝါရောင်ရှိပါသည်။ နယုန်လနှင့် ဝါဆိုလ များတွင် ခေါင်းလောင်းပုံးစံရှိသော ခရမ်းရောင်အပွင့်များ ပွင့်တတ်ပါသည်။ အသီးများအနေဖြင့် တွဲ လျောင်းကျပြီးသီးသော သီးတောင့်ရှည်မျိုးဖြစ်ပါသည်။ တန်ဆောင်မုန်းလလောက်တွင် အသီးသီး လေ့ရှိပါသည်။ ကြောင်လျှာပင်၏အသီး၊ အရွက်၊ အပွင့် ၃ မျိုးလုံးသည် အစားအစာအဖြစ်လည်းစား ၍ရသကဲ့သို့ ဆေးဖက်လဲဝင်ပြီး ကျန်းမာရေးကိုလည်း အထောက်အကူပြုပါသည်။ ကြောင်လျှာပင် ၏အမြင့်သည် ၁၀ မီတာမှ၂၀ မီတာ (၃၃ မှ ၆၆ ပေ)အထိ ကြီးထွားနိုင်သည်။ ပင်ထောင်မျိုးဖြစ်ပြီး ပင်စည်ဖြောင့်မတ်သည်။ ကြောင်လျှာရွက် နှင့် ကြောင်လျှာအပွင့်တို့ကို အတို့အမြှုပ် အဖြစ်စားနိုင်ပါ သည်။
ကြောင်လျှာသီးကို အသုပ်ဖြစ်လည်း သုပ်၍စားနိုင်သည်။ အခါးအရသာမကြိုက်သူများအနေ ဖြင့် ကြောင်လျှာသီးကို လှီးဖြတ်ပြီးနောက် ဆားဖြင့်နယ်ကာ ဆန်ဆေးရည်ထဲတွင် စိမ်၍ထားပါက အခါးအရည်များ ထွက်သွားနိုင်ပါသည်။ သို့သော်လည်း ထိုနည်းသည် အာဟာရဓာတ်များရေထဲ တွင်ပျော်ဝင်ပျောက်ဆုံးသွားနိုင်သောကြောင့် သဘာဝရေအေးဖြင့်သာ ဆေးသင့်ပါသည်။ ကြောင် လျှာသီးစားခြင်းဖြင့် အစာကျေလွယ်စေပြီး စားချင်သောက်ချင်စိတ်မရှိဘဲအစားအသောက်ပျက်ခြင်း ကိုလည်း သက်သာစေနိုင်ပါသည်။ နားအူခြင်း ၊ လေသလိပ်ထခြင်း၊ ချောင်းဆိုးခြင်း၊ အအေးမိခြင်း စသည့်ဝေဒနာများကို သက်သာစေနိုင်ပါသည်။ ထို့နောက်ကြောင်လျှာသီးသည် ဆီးချိုကာကွယ်နိုင် ရန်အတွက်လည်း အရေးပါပါသည်။ သွေးတွင်းသကြားဓာတ်များကိုအထိရောက်ဆုံး ထိန်းညှိပေးပြီး ရုတ်တရက် ဆီးချို/သွေးချိုတက်တာမျိုး လည်းမဖြစ်အောင် ကာကွယ်ပေးနိုင်ပါသည်။
ကြောင်လျှာပွင့်သည် ကြောင်လျှာပင်၏အပွင့်ဖြစ်ပြီး ပန်းပွင့်အတွင်းပိုင်းသည် အဝါရောင် ဖျော့ဖျော့ အပြင်ပိုင်းသည် အနီရောင်ဖျော့ဖျော့ ရှိပါသည်။ ကြောင်ရှာပွင့်များသည်လည်း ကြောင် လျှာသီး၊ ကြောင်လျှာရွက်များကဲ့သို့ ဆေးဖက်ဝင်အာနိသင်များရှိပါသည်။ ကြောင်လျှာပွင့်ကို ပြုတ် ၍ငပိရည် ဖြင့်တို့စား၍လည်ကောင်း၊ ပြုတ်၍ပါးပါးလှီးပြီး ဆီကျက်၊ မြေပဲထောင်း၊ ကြက်သွန်စိမ်း၊ နှမ်း၊ ပုစွန်ခြောက်မှုန့်၊ သံပုရာသီးတို့ဖြင့် သုပ်၍သော်လည်းကောင်းစားနိုင်ပါသည်။ ကြောင်လျှာပွင့် သည် အရေပြားဓာတ်မတည့်မှုများကိုလည်းသက်သာစေနိုင်ပြီး ဝက်ခြံအပါအဝင်အရေပြားပြဿနာ များကြောင့် ဖြစ်တက်သောရောင်ရမ်းမှုများကိုလည်း သက်သာစေနိုင်ပါသည်။ ကြောင်လျှာပွင့်သည် အဆစ်ရောင်ခြင်း၊ ဝမ်းပျက်ဝမ်းလျှောခြင်း၊ လည်ချောင်းနာခြင်း၊ ခေါင်းကိုက်ခြင်း နှင့် ကိုယ် ခံအားကောင်းမွန်စေနိုင်ခြင်း စသည်တို့ကိုလည်း အထောက်အကူပြုသည်။ ကြောင်လျှာပွင့်သည် အ စာအိမ်နှင့် အူနံ ရံများကိုကျန်းမာစေပြီး အစာအိမ်အနာများကိုလည်းသက်သာစေပါသည်။ အာဟာရများကိုလည်း ကောင်းစွာစုတ်ယူနိုင်ရန်အထောက်အကူပြုသည်။
ကြောင်လျှာရွက်၏နုနယ်သော အညွှန့်များသည် သွေးတွင်းကိုလက်စထရောလျော့ချပေးနိုင် သောကြောင့် အရွက်နုကိုစားသုံးခြင်းဖြင့် အဖျားပျောက်စေခြင်း၊ နှာခေါင်းလမ်းကြောင်းအတွင်း အမြှေးရောင်ရမ်းရခြင်းကို သက်သာစေခြင်း၊ သွေးသန့်စင်ပြီးသွေးလည်ပတ်မှုကို ကောင်းစေခြင်း မျက်စိအားကောင်းစေခြင်း၊ လေထိုးလေအောင့်များကိုသက်သာစေခြင်း အစားစားချင်စိတ်ကို တိုး စေခြင်းနှင့် အရွက်ကို ပြုတ်၍သောက်လျှင် ဗိုက်အောင့်ခြင်းများကိုသက်သာစေကြောင်း ဖတ်ရှုသိရှိ ရပါသည်။ ကြောင်လျှာရွက်၏နုနယ်သော အညွှန့်များကို ဟင်းချိုချက်စားခြင်း၊ တို့စရာအဖြစ်လည်း စားသုံးနိုင်ကြောင်း သိရှိရပါသည်။ထို့ကြောင့် ကြောင်လျှာပင်၏ အသီး၊ အရွက်၊ အပွင့် များသည် ဆေးဖက်ဝင်ကြောင်း သိရှိလေ့လာရပါသည်။
DOCA(ကယား)
