
ကြက်သွန်နီသည် အနံ့ပြင်းသော်လည်း အာဟာရနှင့်ကျန်းမာရေးဆိုင်ရာ အကျိုးကျေးဇူး များစွာပေးစွမ်းနိုင်သည်။အထူးသဖြင့် အစိမ်းစားသုံးခြင်းဖြင့် အာနိသင်ပိုမိုထိရောက်စေပါသည်။ ကြက်သွန်နီတွင် အရည်ဓာတ်(၉၀%)၊ ပရိုတိန်းဓာတ်(၁.၅%)၊ ထုံးဓာတ်(၁%)၊ အချဉ်ဓာတ်(၁%)၊ ခြင်ဆီဓာတ်(၀.၂%)၊ ဖော့(စ်)ဖာရပ် (၀.၁%)နှင့် သံဓာတ်အနည်းငယ်ပါဝင်သည်။ ထိုအပြင် ဗီတာမင်အေ၊ ဘီ၊စီ စသည့် ဓာတ်များလည်း ပါဝင်သည်။ ကြက်သွန်နီ၏ ဆေးဘက်၀င်ဂုဏ် သတ္တိသည် အမွှန်ဓာတ်တွင်ပါရှိပါသည်။ အချို့လူများသည်အမွှန်ဓာတ်ကို မကြိုက်ကြသည့် အတွက် ဆေးဘက်ဝင်ကြက်သွန်နီကို မစားဖြစ်ကြပါ။ ကြက်သွန်နီကိုဓားဖြင့် လှီးသောအခါ အမွှန်ဓာတ် ထွက်လာပါသည်။ထိုအမွှန်ဓာတ်ကိုAllinဟုခေါ်သည်။Allinသည် လေထဲမှာရှိသည့် အောက်စီဂျင် နှင့် ဓာတ်ပြုသောအခါ volatile oile အဖြစ်ပြောင်းသွားပြီး လူကို အကျိုးပြုဆေးဖြစ်သွားသည် ဟုသိရှိရပါသည်။ အညစ်အကြေးများကို ပြင်ပသို့စုပ်ထုတ်နိုင်သော သတ္တိရှိပါသည်။ ကြက်သွန်နီသည်နှလုံးကို သန်မာကြံခိုင်စေနိုင်ကြောင်းကိုလည်း ပညာရှင်များ တွေ့ရှိထားသည့်အတွက် နှလုံးရောဂါရှိသူကို ကြက်သွန်နီနေ့စဉ် စားသုံးခြင်းဖြင့် နှလုံးပြန်လည် ကောင်းမွန်လာကြောင်း သိရှိရပါသည်။သွေးခဲပိတ်ဆို့မှုနှင့် သွေးကြောထဲ အဆီစုခြင်းကို ကာကွယ်ပေးသည်။ ဗီတာမင်စီပါဝင်သဖြင့် သွေးဖြူဥဆဲလ်များ ထုတ်လုပ်မှုကို တိုးမြှင့်ပေးပြီး အအေးမိ၊ ဖျားနာမှုများကို တိုက်ဖျက်နိုင်သည်။ အမျှင်ဓာတ်ပါဝင်သဖြင့် အစာစားပြီးချိန် သွေးတွင်းသကြားဓာတ် ရုတ်တရက်တက်ခြင်းကို ကာကွယ်ပေးသည်။ ဝမ်းမှန်စေပြီး ဝမ်းချုပ် ခြင်း၊ အစာမကြေခြင်းကိုသက်သာစေသည်။ အူမကြီး လှုပ်ရှားမှုကိုအားပေးကာ အူမကြီးကင်ဆာ ဖြစ်နိုင်ခြေကို လျှော့ချပေးသည်။ ကယ်လ်ဆီယမ် ကြွယ်ဝသဖြင့် အရိုးသိပ်သည်းဆကို မြှင့်တင်ပေးပြီး အရိုးပွရောဂါ၊ အရိုးပါးခြင်းမှ ကာကွယ် ပေးသည်။ ကြက်သွန်နီစားသုံးခြင်း ကြောင့် ဦးနှောက်သို့ သွေးစီးဆင်းမှုကောင်းစေသည်ဟု သိရပါသည်။ မန္တလေးမြို့တွင် အလုံးကြီး ၁ပိဿာလျှင် ၄၀၀၀ကျပ်နှင့် ၄၅၀၀ကျပ်ရှိပြီး အလုံးသေး ၁ပိဿာလျှင် ၃၀၀၀ကျပ်နှင့် ၃၅၀၀ကျပ် အထိပစ္စည်းအရည်အသွေးပေါ်မူတည်ပြီး ကွဲပြားလျက်ရှိကြောင်း မန္တလေးမြို့ကိုင်းတန်ဈေးပွဲရုံ များမှ စုံစမ်းသိရှိရပါသည်။
DOCA(မန္တလေး)
