
စားသုံးသူရေးရာဦးစီးဌာန၊ ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်မြို့နယ်၊ ပန်းတနော်မြို့နယ်၊ ညောင်တုန်းမြို့နယ်၊ ဓနုဖြူမြို့နယ် တာဝန်ခံရုံးများသည် အသိပညာပေးဟောပြောပွဲများ၊ ဆောင်ရွက်ရာ မြို့နယ်အတွင်းရှိ စားသုံးသူပြည်သူများအနေဖြင့် မိမိတို့၏ အခွင့်အရေးများကို ကာကွယ်နိုင်ရန်နှင့် စားသုံးသူအခွင့်အရေး နစ်နာဆုံးရှုံးမှုရှိလာပါက တိုင်ကြားနိုင်ခြင်း၊ စားသုံးသူကာကွယ်ရေးနှင့် စပ်လျဉ်း၍ သိရှိလိုပါက မေးမြန်းနိုင်သည့် Consumer Call Center (1535) သို့ ဖုန်းခေါ်ဆိုနိုင်ကြောင်းကို အသိပညာပေးထည့်သွင်းဟောပြောခဲ့ရာ ပြည်သူများအနေဖြင့် ဆက်သွယ်မေးမြန်းသူများရှိလာကြောင်း သိရသည်။
၂၀၂၆ခုနှစ် ဇွန်လ ၂၅ ရက် နံနက်ပိုင်တွင်း မအူပင်မြို့နယ်အတွင်းရှိ ပံတပွတ်ကျေးရွာမှ ဦးဖြူအောင် စားသုံးသူအခွင့်အရေးနစ်နာမှုနှင့် စပ်လျဉ်း၍ တိုင်ကြားနိုင်သဖြင့် မည့်သို့တင်ပြတိုင်ကြားနိုင်သည့်အကြောင်းကို သိရှိလို၍ မေးမြန်းခဲ့ကြောင်း၊ ဦးဖြူအောင်၏ မေးမြန်းမှုကို ရုံးချုပ်နေပြည်တော်မှ အကြီးတန်းစာရေး ဒေါ်ဖြိုးဖြိုးဝေမှ ရှင်းလင်းဖြေကြားခဲ့ကြောင်း၊ အိုင်ဝိုင်းကျေးရွာမှ ဦးဇာနည်ထွန်းမှ ကုန်အညွှန်းအမှတ် အသားအကြောင်း မေးမြန်းခဲ့ရာ နေပြည်တော်မှ ဒေါ်ဖြိုးဖြိုးဝေ အကြီးတန်းစာရေးမှ ဖြေကြားရှင်းလင်းပေးခဲ့ကြောင်း၊ ပန်းတနော်မြို့နယ်မှ ဒေါ်နွဲ့ရီ စားသုံးသူကာကွယ်ရေးနှင့်စပ်လျဉ်း၍ မေးမြန်းခဲ့ရာ နေပြည်တော်ရုံးချုပ်မှ ဒေါ်ဖြိူးဖြိုးဝေ အကြီးတန်းစာရေးမှ ဖြေကြားခဲ့ကြောင်း၊ ညောင်တုန်းမြို့နယ်မှ (၃)ကြိမ်ခေါ်ဆိုခဲ့ရာ ဒေါ်ချိုဟန်ခြူး၊ ဒေါ်ဝင်းသီရိ၊ ဒေါ်ဖြိုးပပတို့မှ နေပြည်တော်ရုံးချုပ် လိုင်းခွဲ(၁)သို့ ခေါ်ဆိုခဲ့ပြီး ဒေါ်ဖြိုးဖြိုးဝေ အကြီးတန်းစာရေးမှ စားသုံးသူရေးရာဦးစီးဌာန၏ ပြည်သူများမေးမြန်းမှုကို ဖြေကြားပေးခဲ့ကြောင်း၊ ဓနုဖြူမြို့နယ်မှ ဦးကျော်မင်းထက် (၁၀)ရပ်ကွက်၊ ဦးသန့်ဇင်(၈)ရပ်ကွက်၊ ဦးဝေယံမင်းခန့် (၁၈)ရပ်ကွက်နေသူတို့မှာ နေပြည်တော်ရုံးချုပ်သို့ (၃)ကြိမ် ခေါ်ဆိုမေးမြန်းခဲ့ကြောင်း၊ တာဝန်ကျသူမှာ ဒေါ်ဖြိုးဖြိုးဝေ အကြီးတန်းစာရေးမှ ပြန်လည်ဖြေကြားရှင်းလင်းခဲ့ကြောင်း မိဘပြည်သူများနှင့် စားသုံးသူများအနေဖြင့် မိမိတို့၏အခွင့်အရေးနှင့် ကုန်စည်နှင့် ဝန်ဆောင်မှုများနှင့် စပ်လျဉ်း၍ ကိစ္စရပ်များကို ပိုမိုသတိပြုမိလာကြပြီး စားသုံးသူရေးရာဦးစီးဌာန၏ Consumer Call Center နံပါတ် 1535 သို့ ဆက်သွယ်စုံစမ်းမေးမြန်းမှုများ ပိုမိုပြုလုပ်လာကြကြောင်း သိရသည်။
မအူပင်မြို့နယ်အတွင်းရှိ စားသုံးသူများအနေဖြင့် ထုတ်ကုန်လုံခြုံစိတ်ချရမှုဆိုင်ရာ သတင်းအချက်အလက်များကို သိရှိလိုပါကဖြစ်စေ၊ စားသုံးသူအခွင့်အရေး နစ်နာဆုံးရှုံးမှုများအတွက် တိုင်ကြားလိုပါကဖြစ်စေ ရုံးချိန်အတွင်း Consumer Call Center နံပါတ် 1535 သို့ လိုင်းခွဲ(၁၊၂၊၃)သို့ အခမဲ့ ဆက်သွယ်မေးမြန်းနိုင်ကြောင်းနှင့် စားသုံးသူရေးရာဦးစီးဌာန (DOCA) ဝက်ဘ်ဆိုက်တွင်လည်း ဝင်ရောက်လေ့လာနိုင်ကြောင်း သိရှိရပါသည်။
DOCA(ဧရာဝတီ)
