
တနင်္သာရီတိုင်းဒေသကြီး၊ မြိတ်ခရိုင်၊ မြိတ်မြို့နယ်နှင့် တနင်္သာရီမြို့နယ်တို့ရှိ ဥယျာဉ် ခြံမြေများ၌ မိသားစု အပိုဝင်ငွေရရှိစေရန်အတွက် ငရုတ်သီးပင်များအား တစ်နိုင်တစ်ပိုင်စိုက်ပျိုး ကြပါသည်။ ဒေသထွက်ငရုတ်သီးများ အထွက်နှုန်းကောင်းပြီး ခူးဆွတ်ချိန်တွင် ဈေးကောင်းလည်း ရရှိသဖြင့် ငရုတ်သီး တစ်နိုင်တစ်ပိုင် စိုက်ပျိုးသူများ၊ တောင်သူများ စီးပွားဖြစ်အဆင်ပြေလျက်ရှိ ကြောင်း သိရသည်။
မြိတ်မြို့နယ်နှင့် တနင်္သာရီမြို့နယ်ရှိကျေးရွာများ၌ ခြံစိုက်တောင်သူများက ငရုတ်သီးပင်များကို စီးပွားဖြစ် ကျင်းများဖြင့်စိုက်ကြသလို အချို့ကလည်း သီးညှပ်စိုက်ပျိုးကြပါသည်။ အများအားဖြင့် စိုက်ပျိုးကြသည့် ငရုတ်သီးမျိုးစိတ်မှာ မိုးမျှော်သီး ဒေသခေါ် ကုလားအော်သီးနှင့် ဒေသမျိုးများ ကိုသာ အဓိကထားစိုက်ပျိုးကြပြီး ငရုတ်သီးသည့် ပူစပ်သည့်အရာသာရှိသည့်အတွက် ဒေသခံ ပြည်သူများ အလွန်ကြိုက်နှစ်သက်သောကြောင့် အသုပ်စုံ၊ အထောင်းစုံနှင့် ငရုတ်သီးမှုန့် လုပ်ငန်း များတွင် အဓိကအသုံးပြုကြပြီး ဈေးကွက်ဝင်သောကြောင့် ငရုတ်သီးကို တစ်လလျှင် တစ်ကြိမ် ခူးဆွတ်ရောင်းချနိုင်ပြီး ယခုလို ခူးဆွတ်ချိန်တွင် တစ်ပိသာလျှင် တစ်သောင်းကျော်ခန့် ဈေးကောင်း ရရှိသောကြောင့် အိမ်တွင်း တနိုင်တပိုင် စိုက်ပျိုးသူများထံမှ သိရှိရပါသည်။
DOCA(တနင်္သာရီ)
