နွေစပါးစိုက်ပျိုးထားရှိမှုနှင့် ရိတ်သိမ်းနိုင်မှုအခြေအနေ

Powered by Drupal
Mon, 06/22/2026 - 15:42 -- consumer_admin

                  ပဲခူးတိုင်းဒေသကြီး၊ ပေါင်းတည်မြို့နယ်၊ နတ်ပုတီးကျေးရွာ၊ သပြေကြီးစုကျေးရွာနှင့် အုတ်ဖို(၁)ရပ် ကွက်များရှိ စပါးစိုက်ပျိုးမြေများတွင် ယခုနွေရာသီ၌ ရေဆင်းပေါ်ဆန်း(၁)နှင့် ရေဆင်းပေါ်ဆန်း(၂)မျိုး သန့်မျိုးပွား စံပြစိုက်ခင်းများအတွင်း မျိုးကွဲပယ်ခြင်း လုပ်ငန်းကို (၃-၆-၂၀၂၆)ရက်နံနက်ပိုင်းက မြို့နယ်စိုက်ပျိုးရေးဦးစီး ဌာနမှ စိုက်ကြပ်ဝန်ထမ်းများနှင့် တောင်သူများ ပူးပေါင်းဆောင်ရွက်ခဲ့ကြပါသည်။ ဒေသခံတောင်သူများ အနေဖြင့် မျိုးကောင်းမျိုးသန့် စပါးမျိုး စိုက်ပျိုးထုတ်လုပ်ရေးနှင့်  တန်ဖိုးမြှင့် လယ်ယာထွက်ကုန်သီးနှံများ ထုတ်လုပ်နိုင်ရေးအတွက် စိုက်ပျိုးရေးဦးစီးဌာန မျိုးသန့်ခြံနှင့် ပူးပေါင်း၍ ဒေသမျိုးရင်းများအပြင် ဈေးကွက်ဝင်စပါးမျိုးကို စိတ်ကြိုက်မျိုးရွေးချယ်၍ စိုက်ပျိုးလျှက်ရှိကြောင်း သိရပြီး ယခုနွေစပါးရာသီ၌လည်း တောင်သူများက မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ စိုက်ပျိုးနည်းစနစ်များ ရယူကာ အဆိုပါ ရေဆင်းပေါ်ဆန်း စပါးကိုမျိုးသန့်ထုတ်လုပ် ဖြန့်ချီရေးအတွက် (၁၀)ဧကစိုက်ပျိုးထားခြင်း ဖြစ်ကြောင်း သိရသည်။

          ယခုအခါ ထိုမျိုးသန့်၊ မျိုးပွားစိုက်ခင်းများသည် ဖြစ်ထွန်းအောင်မြင်လျှက်ရှိပြီး ယခုဇွန်လပိုင်းတွင် မျိုးသန့်ထုတ်လုပ်နိုင်ရေးအတွက် ရိတ်သိမ်းတော့မည်ဖြစ်ကြောင်း တောင်သူများထံမှ သိရပါသည်။

DOCA(ပဲခူး)