ပဲခူးတိုင်းဒေသကြီး (အနောက်) နတ်တလင်းခရိုင်၊ သဲကုန်းမြို့နယ်အတွင်းရှိ ကျေးရွာများတွင် လယ်ယာစိုက်ပျိုးခြင်း လုပ်ငန်းများ လုပ်ကိုင်ကြပြီးသီးနှံမျိုးစုံ စိုက်ပျိုးလျက်ရှိရာ မိုးစပါးမစိုက်ပျိုးခင် မိုးကြိုနှမ်းများကိုလည်း စိုက်ပျိုးကြကြောင်းသိရသည်။
မိုးကြိုနှမ်းကို ဧပြီလနှင့် မေလတို့တွင်စိုက်ပျိုးကြပြီးဇူလိုင်လတွင် သီးနှံများထွက်ပေါ်ကြောင်း နှမ်းမျိုးများအနေဖြင့် စိန်ရှည်၊ ဂွတစ်ရာ၊ စမုံနက် အမျိုးအစားများကို အမျာဆုံး စိုက်ပျိုးကြကြောင်း စိုက်ပျိုးရာတွင် မြေပြုင် ထွန်ယက်ပြီး တစ်ဧကလျှင် နှမ်းမျိုးစေ့ (၃)ပြည်ခန့် အသုံးပြုရပြီး နှမ်းမျိုးစေ့ တစ်ပြည်လျှင် (၂၄၀၀၀) ကျပ် နို့ဆီဗူးတစ်လုံးလျှင် (၃၀၀၀) ကျပ်နှုန်းဖြင့် ဝယ်ယူစိုက်ပျိုးရကြောင်း မြေပြင်ခ၊ မျိုး၊သွင်းအားစု၊ လုပ်အားခ အပါအဝင် တစ်ဧကစုစုပေါင်း ငွေကျပ် (၃၀၀၀၀၀)ခန့် ကုန်ကျကြောင်း တစ်ဧက အထွက်နှုန်း (၁၂-၁၃) တင်းထွက်ရှိကြောင်း စိုက်ပျိုးမြေအနေအထား သီးနှံဖြစ်ထွန်းအောင်မြင်မှုအပေါ်မူ တည်၍ အထွက်နှုန်းများ ကွာခြားမှုရှိကြောင်း နှင့် စိုက်ပျိုးတောင်သူများ အနေဖြင့် ထိုက်သင့် သောအကျိုး အမြတ်ရရှိကြောင်းသိရသည်။
DOCA(ပဲခူး)
