လူကြိုက်များသောမာလကာသီးအကြောင်း

Powered by Drupal
Fri, 06/19/2026 - 09:45 -- consumer_admin

          မာလကာပင်သည် အပူပိုင်းသီးနှံဖြစ်ပြီး သမပိုင်းဒေသများတွင်လည်း စိုက်ပျိုးနိုင်သည်။ အပူဒဏ်နှင့် ရေငတ်ဒဏ်ကိုခံနိုင်ရည်ရှိသည်။ မြေအမျိုးအစားမရွေးဖြစ်ထွန်းနိုင်ပြီး ရေဝပ်ခြင်း ကိုမနှစ်သက်ပါ။ မြေချဉ်ငံဓါတ်(၄.၅) မှ(၈.၂) အတွင်းစိုက်ပျိုးနိုင်သည်။ ရေမဝပ်သည့် သဲဆန် ဆန်ဂဝန်မြေမျိုး၌ မာလကာပင်များ ကောင်းစွာဖြစ်ထွန်းသည်။ မြန်မာနိုင်ငံတွင် မေမြို့အနီး ရှမ်းကုန်းပြင်မြင့်နှင့် အခြားအရပ်ရှိခြံဥယျာဉ်များ၌ မာလကာပင်များကိုစိုက်ပျိုး ထားကြသည်။ မာလကာပင်များပွားများလာအောင် မြေထုစည်းခြင်း၊ အကိုင်းဆက်ခြင်း၊ အကိုင်းမြေမြုပ်ခြင်း၊ သားတက်ဖြင့်စိုက်ပျိုးခြင်း၊ စသည့်နည်းအမျိုးမျိုးတို့ဖြင့်စိုက်ပျိုးနိုင်သည်။ သို့သော် မြန်မာနိုင်ငံ တွင် အစေံစိုက်နည်းကိုသာအသုံးပြုကြသည်။ တစ်ပင်နှင့်တစ်ပင် ပေ ၂၀ စီခွာ၍ အတန်းလိုက် စိုက်ကြသည်။

       မာလကာပင်မျိုး အများအပြားရှိသော်လည်း စင်စစ် မာလကာသီးအူအဖြူမျိုးနှင့် မာလ ကာသီးအူအနီမျိုးဟူ၍ နှစ်မျိုးသာခွဲခြားထားသည်။ မာလကာဖြူမျိုး အပင်တို့တွင် အပွင့်သည် တစ်ပွင့်ချင်းပွင့်၍ အသီးသည်သစ်တော်သီးပုံသီးသည်။ အူဖြူမျိုး၏ အတွင်းသားသည် အဖြူ ရောင်ရှိပြီး အသီးမှာကြွပ် ဆပ်သည်။ မာလကာအနီမျိုးအပင်တို့တွင် တစ်ကိုင်းတွင် ၂ပွင့်၊ ၃ပွင့်စီ အခိုင်လိုက်ပွင့်၍ အသီးမှာအလုံး (သို့မဟုတ်) ရှည်ဝိုင်းဝိုင်းရှိကြသည်။ အူနီသီးမျိုး၏ အတွင်း သားသည် ပန်းရောင်မှအနီရောင်ရှိ၍ စားသုံးရာတွင်ပျော့ပြောင်းသည်။ မာလကာသီးတွင် အမျိုးအစားအများ အပြားရှိသည်။ ၎င်းမျိုးစေ့များမှာ ပန်းသီးမာလကာ၊ ပတ္တမြားမာလကာ၊ အစေ့မဲ့မာလကာ၊ ခြောက်လခံမာလာကာ ဟူ၍ရှိပါသည်။ မာလကာသီးအတွင်း၌ မာသောအစေ့ ငယ်များ အများအပြားပါရှိပါသည်။ အသီးမှည့်လျှင် အသားပျော့လာ၍ အရသာမှာချိုယောင် ယောင်ဖြစ်သည်။ အသီးတစ်ခုလုံးကိုစားရသည်။ အသီးမှည့်ထက် အသီးစိမ်းအပွများကိုပို၍ နှစ် သက်ကြသည်။ မာလကာသီးတွင် ဗီတာမင် A၊ ဗီတာမင် C၊ ပိုတက်ဆီယမ်၊ အမျှင်ဓာတ်နှင့် ဓာတ်တိုးဆန့်ကျင်ပစ္စည်းများပါဝင်ပါသည်။ ဗီတာမင်အေ ကြွယ်ဝစွာပါဝင်နေခြင်းကြောင့် မျက် လုံး၏အမြင်အာရုံကို ကောင်းစေပါသည်။ မာလကာသီးတစ်လုံးတွင် အမျှင်ဓာတ် (၁၂) ရာခိုင် နှုန်းပါဝင်ပါသည်။  အမျှင်ဓာတ်ကြွယ်ဝသော‌ကြောင့်    အစာအိမ်အူလမ်းကြောင်း   လှုပ်ရှားမှုကို ကောင်းမွန်စေပါသည်။ ဝမ်းချုပ်ခြင်းကိုသက်သာစေပါသည်။ ဗီတာမင်နှင့် ဓာတ်တိုးဆန့်ကျင် ပစ္စည်းများပြားစွာပါဝင်သောကြောင့် အသားအရေလှပဖို့ အထောက်အကူပြု၍ အသားအ‌ရေ ပျက်စီးမှုကို ကာကွယ်ပေးပြီး အရွယ်တင်နုပျိုစေသည့် အာနိသင်များပါရှိပါသည်။ သွေးဖိအား ကိုကျစေသည့် ကျန်းမာရေးအကျိုးကျေးဇူးများရှိပါသည်။ ထို့ကြောင့်မာလကာသီးတွင် အချို ဓာတ်နည်းပါး၍ ဆီးချိုရောဂါရှိသူများအတွက် ရွေးချယ်စားသုံးသင့်သော အသီးတစ်မျိုးဖြစ် သည်။ မာလကာသီးသာမက မာလကာရွက်သည်လည်း ကျန်းမာရေးအတွက်လည်း အထူး အသုံးဝင်သည်။ ဒေသအချို့တွင် မာလကာရွက်ကို အခြောက်ခံပြီးရေနွေးကြမ်းဖြစ် သောက်သုံး လေ့ရှိကြပါသည်။ ထိုသို့သောက်သုံးခြင်းဖြင့် ဝမ်းလျှောဝမ်းပျက်ခြင်း၊ ချောင်းဆိုးရင်ကြပ် ခြင်းများကိုသက်သာပျောတ်ကင်းစေသည်။ ၎င်းအပြင် မာလကာရွက်ကို တရော်ကင်မွန် နှင့်ရောပြုတ်ပြီး အအေးခံကာ ဦးရေပြားပေါ် ညှင်သာစွာလိမ်းပေး၍ နာရီဝက်လောက် နပ်ထားပြီး ခေါင်းပြန်လျှော်ပေးခြင်းအားဖြင့် ဆံပင်ကျွတ်ခြင်းကို လျော့နည်းစေပြီး၊ ဆံပင်ဖြူ ခြင်းကို သက်သာစေပါသည်။

DOCA(ကယား)