
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်တွင် သီးနှံမျိုးစုံစိုက်ပျိုးဖြစ်ထွန်းလျက်ရှိပြီး ကျောက်ဆည်မြို့ဈေးများသို့ ဒေသထွက်နှင့်အခြားအရပ်ဒေသများမှ ရာသီပေါ် ဟင်းသီးဟင်းရွက် သစ်သီးဝလံများ လာရောက်ရောင်းချလျှက်ရှိရာ ယခုလို မိုးတွင်းကာလတွင် မျှစ်များထွက်ပေါ် လျှက်ရှိရာ သဘာဝအလျောက်တောင်များပေါ်တွင် အလေ့ကျပေါက်ရောက်သော ဝါးပင်များမှ ယခုလို မိုးရာသီတွင် မျှစ်အနုလေးများထွက်ပေါ်လျှက်ရှိပါကြောင်း၊ ခရိုင်အတွင်း ကျောက်ဆည် မြို့နယ်တွင် တောင်တော်ရွာ၊ ကင်းရွာ၊ ကျေးရွာများမှ မျှစ်များထွက်ရှိရာရွာများ ဖြစ်ပါကြောင်း၊ မျှစ်များကို ရွာအနီးပတ်ဝန်းကျင်တောင်များတွင် သွားရောက်ချိုးယူ၍ရောင်းချခြင်းဖြင့် အသက်မွေး ဝမ်းကြောင်းပြုကြကြောင်း ၊ မျှစ်များကို ရာသီချိန်တင်မကဘဲ အချိန်မရွေးစားသုံးနိုင်အောင် အချဉ်တည် ပြီး သိုလှောင်ကြပါကြောင်း၊ ဝါးအမျိုးပေါင်း ရာကျော်ရှိသည်ဖြစ်ရာ မျှစ်ကို စားကုန်အဖြစ်သာမက ရောင်းကုန်အဖြစ်ပါ စီပွားဖြစ်လုပ်ကိုင်ကြပါကြောင်း၊ ဇွန်လနှင့် ဇူလိုင်လများတွင် မျှစ်များပေါ်သည့် ရာသီဖြစ်ပြီး ယခုအချိန်တွင် မြို့နယ်တွင် မျှစ်များထွက်ရှိမှုမရှိသေး သော်လည်း ရွာငံ ၊ ရေဦး၊ မြို့ကြီးဒေသများမှ ကျောက်ဆည်မြို့ပေါ်ရှိဈေးများသို့ မျှစ်အသစ်များ ဝင်ရောက်လျှက်ရှိကြောင်း ၊ မျှစ်အမျိုးအစားအနေဖြင့် ဝါးပိုးမျှစ်ချဉ်ဖြစ်ပြီး ဈေးနှုန်းအနေဖြင့် လက်ကားတစ်ပိဿာလျှင် (၃၀၀၀/-)ကျပ်ဖြင့် ရောင်းချပေးပြီး၊ လက်လီတစ်ပိဿာလျှင် (၃၅၀၀-၄၀၀၀)ကျပ်ဖြင့် ရောင်းချပါ ကြောင်း၊ မျှစ်ကို အစိမ်းအတိုင်း မျှစ်ဆတ်အဖြစ်စားကြသလို အချဉ်တည်၍ မျှစ်ချဉ်အဖြစ်လည်း စားသုံးကြပါကြောင်း၊ ပျဉ်းမနား တောင်ညိုဒေသများမှ မျှစ်ချဉ်များမှာ နာမည်ကြီး မျှစ်ချဉ်များ ဖြစ်ပါကြောင်း၊ တင်းဝါး၊ မျှင်ဝါး၊ ဝါးစိမ်း၊ ကြခတ်စသော ဝါးအမျိုးများထက် ဝါးပိုးမျှစ်စို့ကို အချဉ်စိမ်၍ လုပ်ရသော ဝါးပိုးမျှစ်ချဉ်ကို ပို၍လူကြိုက်များကြပါကြောင်း၊ မျှစ်ချဉ်ကို ပုံစံအမျိုးမျိုး၊ ဟင်းလျာအမျိုးမျိုးဖြင့် ပြုလုပ်၍ချက်ပြုတ်စားကြရာတွင် မျှစ်တာလပေါ့ (ခေါ်) မျှစ်သောက်ဆမ်း၊ ဝက်သားမျှစ်ချဉ်နှင့် ငါးခေါင်းမျှစ်ချဉ်ကို ပို၍ကြိုက်နှစ်သက် စားသုံးကြပါကြောင်း၊ မျှစ်တွင် အသားဓာတ်၊ ကစီဓာတ်၊ ဗီတာမင်၊ သတ္တုဓာတ်၊ အမျှင်ဓာတ်၊ phytosterols,phenols နဲ့ အဆီအနည်းဆုံးပါဝင်တဲ့ စားစရာတစ်ခုဖြစ်ကြောင်း လေ့လာသိရှိရပါသည်။
DOCA(မန္တလေး)
