ဗီတာမင်အီးကြွယ်ဝသောနေကြာဆီ၏အာဟာရ

Powered by Drupal
Mon, 06/15/2026 - 14:47 -- consumer_admin

             နေကြာစေ့ကိုလှော်ပြီး သရည်စာအဖြစ်စားကြသလို ဆီကြိတ်ပြီး နေကြာဆီအဖြစ်လည်း စီးပွားဖြစ်ထုတ်လုပ်၍ ဈေးကွက်၌ရောင်းချကြသည်။  ကျန်းမာရေးနှင့် သင့်တော်သောစားသုံးဆီ တစ်ခုအဖြစ် နေကြာဆီကို စားသုံးခြင်းဖြင့် နှလုံးသွေးကြောကျဥ်းရောဂါ၊ သွေးတိုးရောဂါ၊ နှလုံးရော ဂါသည်များအတွက် အကောင်းဆုံး ဖြစ်ကြောင်း၊ နေကြာဆီကိုစားသုံးခြင်းဖြင့် အရေပြားမွဲခြောက် ခြင်း၊ ဆံပင်များမွဲခြောက် ပျက်စီးခြင်းတို့ကို ကာကွယ်နိုင်သည့် ဗီတာမင်ဓာတ်များစွာ ပါဝင်ကြောင်း သိရသည်။

         ဆီအမျိုးမျိုးကို  အသုံးပြုလျက်ရှိရာ ယနေ့ကာလအတွင်း ကျန်းမာရေးနှင့်ညီညွတ်ပြီး အများအသုံးပြုလျက်ရှိကြောင်း   ရွှေရောင်အဆင်း၊ ကြည်လင်ပြီး   အနံ့အရသာရှိသည့် နေကြာဆီ မှာလူကြိုက်များသည့် စားသုံးဆီတစ်မျိုးလည်း   နေကြာဆီသည် အသားအရေကျန်းမာမှု ကိုကာကွယ် ရန်အတွက် လူ့ဆဲလ်များပြန်လည်ဖြစ်ပွားမှုကို မြှင့်တင်ပေးပြီးသွေးထဲရှိ  ကိုလက်စထရောများ ထွက်ခြင်းကိုလည်း လျှော့ချပေးသည့် အဆင့်မြင့်အာဟာရ အဆီတစ်မျိုးပင် ဖြစ်ပါသည်။  

          နေကြာဆီတွင် ဆီမှာပျော်ဝင်သော ဗီတာမင်များဖြစ်သော ဗီတာမင်Eနှင့် ဗီတာမင်K တို့ကြွယ်ဝစွာ ပါဝင်နေပါသည်။ ဆီကြိတ်ပြီးရရှိလာသော နေကြာစေ့ကြိတ်ဖက်များကို တိရိစ္ဆာန်စာအဖြစ်၊ အော်ဂဲနစ် စိုက်ပျိုးရေးသုံး မြေသြဇာနှင့် ဇီဝလောင်စာအဖြစ် အသုံးပြုနိုင်ပါသည်။ နေကြာဆီကို ဇီဝလောင်စာအဖြစ် ဒီဇယ်အင်ဂျင်များတွင် ထည့်သွင်းအသုံးပြုနိုင်ပါသည်။ အ‌ရေပြားမွဲခြောက် သောသူများ နေကြာဆီကို ပုံမှန်စားသုံးပေးမည်ဆိုလျှင် (သို့မဟုတ်) အရေပြားပေါ်တွင် လိမ်းပေး မည်ဆိုပါက အ‌ရေပြားကို စိုပြေပြီး လှပလာစေပါသည်။ နေကြာဆီသည် အရေပြား၏ အစိုဓာတ်ကို ထိန်းသိမ်းပေးသောကြောင့် ဖြစ်ပါသည်။ နေကြာဆီသည် ဗီတာမင်E ကြွယ်ဝစွာပါဝင် နေသော ကြောင့် နေရောင်ခြည်ကြောင့် အ‌ရေပြားအိုမင်းခြင်း၊ ပါးရေတွန့်ခြင်းများမှ ကာကွယ် ပေးနိုင် ပါသည်။ နေကြာဆီကိုဆံပင်တွင်လိမ်းပေးပါက ဆံသားကိုနူးညံ့ပျော့ပျောင်း စေခြင်း၊ ဆံပင်ပေါက် နှုန်းမြန်စေခြင်း၊ ဆံပင်ကျွတ်ခြင်းများကို သက်သာစေခြင်းကိုယ်ခံအားစနစ်ကို  တိုးတက် စေခြင်း၊   အဆစ်ရောင်ခြင်းနှင့်  ပန်းနာရင်ကျပ်ရောဂါဖြစ်ပွားခြင်း ကာကွယ်ကြောင်း ကျန်းမာရေးနှင့် သင့်၍ ဗီတာမင်အီးကြွယ်ဝသော နေကြာဆီကို စားသုံးသင့်ပေသည်။

DOCA(မန္တလေး)