
စစ်ကိုင်းတိုင်းဒေသကြီးဦးစီးမှူးရုံးအနေဖြင့် ကလေးမြို့ တိုင်ကြားသူသည် ကလေးမြို့၊ ဗိုလ်ချုပ်လမ်း လမ်းဆုံမီးပွိုင့် အနောက်ဘက်အနီးဝန်းကျင်ရှိ အကင်ဆိုင်မှာ ညှော်နံ့မီးခိုးများ၊ မီးစက်ဆူညံသံများကြောင့် ပတ်ဝန်းကျင်ရှိလူကြီးသူမများ၊ ကလေးသူငယ်များ ကျန်းမာရေး ထိခိုက်လျက်ရှိပါသောကြောင့် စိစစ်အရေးယူပေးပါရန် စားသုံးသူရေးရာဦးစီးဌာနConsumer Website သို့ ၂၀၂၆ ခုနှစ်၊ မေလ ၂၂ ရက်နေ့တွင်တိုင်ကြားလာကြောင်း သိရသည်။
အဆိုပါ တိုင်ကြားမှုနှင်ပတ်သက်၍ စားသုံးသူရေးရာဦးစီးဌာန၊ ကလေးခရိုင်ဦးစီးမှူးသည် သက်ဆိုင်ရာဌာနများနှင့်ချိတ်ဆက်၍ (၂၆.၅.၂၀၂၆)ရက်နေ့တွင် တိုင်ကြားခံရသူ အကင်ဆိုင်သို့ မြို့နယ်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီ၊ မြို့နယ်စည်ပင်သာယာရေးကော်မတီ၊ စားသုံးသူရေးရာဦးစီးဌာနတို့ သွားရောက်၍ တိုင်ကြားခံရသည့် အကင်ဆိုင်အား စစ်ဆေးရာတွင် အကင်ဆိုင်မှာ အကင်များကို အိမ်ရှေ့မျက်နှာစာ စည်ပင်သာယာလမ်းဘေးတွင် ရောင်းချနေခြင်းအား နေအိမ်၏အနောက်ဘက်တွင်သာ အကင်များကို ကင်၍ရောင်းချရန် အဖွဲ့မှဆုံးဖြတ်ခဲ့သည်ကို တိုင်ကြားခံရသူမှ ပြင်ဆင်စရာရှိသည်များ ပြင်ဆင်ရန်အတွက် အချိန် ၄ ရက်ပေးပါရန် တောင်းဆိုခဲ့ပါကြောင်း၊ ပြင်ဆင်ပြီးချိန် သတ်မှတ်ရက်တွင် အဖွဲ့ဖြင့်ပြန်လည် ကွင်းဆင်းစစ်ဆေးခဲ့ရာ အကင်ဆိုင်မှာအဖွဲ့၏ ညွှန်ကြားချက်အတိုင်း အားလုံးဆောင်ရွက်ပြီးဖြစ်ကြောင်း၊ တိုင်ကြားသူထံ တိုင်ကြားမှုနှင့်ပတ်သက်၍ ဌာနမှဆောင်ရွက်ပေးမှုအား စိတ်ကျေနပ်မှုရှိမရှိ၊ စိတ်ကျေနပ်မှုရှိပါက တိုင်ကြားမှုအားပိတ်သိမ်းမည်ဖြစ်ပါကြောင်း တိုင်ကြားသူ၏ Email သို့ ပေးပို့ခဲ့ရာ တိုင်ကြားသူမှ အမှုပိတ်သိမ်းပါကြောင်း၊ ဖြေရှင်းဆောင်ရွက်ပေးကြသော တာဝန်ရှိ ဌာနဆိုင်ရာဝန်ထမ်းများကိုလည်း အထူးကျေးဇူးတင်ရှိပါကြောင်း၊ ပြန်လည်တင်ပြလာပါသဖြင့် တိုင်ကြားမှုအား ၂၀၂၆ခုနှစ်၊ ဇွန်လ (၅)ရက်နေ့တွင် အမှုပိတ်သိမ်းပြီးဖြစ်ကြောင်း သတင်းရရှိပါသည်။
DOCA(စစ်ကိုင်း)
