ကျန်းမာရေးအတွက် အကျိုးကျေးဇူးများသည့် ပြောင်းဖူး

Powered by Drupal
Fri, 06/05/2026 - 11:12 -- consumer_admin

    ပြောင်းဖူးဟာမြန်မာနိုင်ငံမှာအလွယ်တကူရရှိပြီး လူကြိုက်များတဲ့ အစားအစာဖြစ်ရုံ တင်မကဘဲ ခန္ဓာကိုယ်အတွက်လည်းမရှိမဖြစ်လိုအပ်တဲ့ အာဟာရဓာတ်တွေကြွယ်ဝစွာပါ ဝင်နေပါတယ်။ ပြောင်းဖူးမှာ မပျော်ဝင်နိုင်တဲ့ အမျှင်ဓာတ် (Insoluble Fiber) ကြွယ်ဝစွာ ပါဝင်ပါတယ်။ ဒီအမျှင်ဓာတ်တွေဟာ အူလမ်းကြောင်း လှုပ်ရှားမှုကို ကောင်းမွန်စေပြီး ဝမ်းချုပ်ခြင်းကို ကာကွယ်ပေးတဲ့အပြင် အူမကြီးကင်ဆာ ဖြစ်နိုင်ခြေကိုလည်း လျှော့ချပေး ပါတယ်။ပြောင်းဖူး (အထူးသဖြင့် ပြောင်းဖူးဝါ) မှာ Lutein နဲ့ Zeaxanthin လို့ခေါ်တဲ့ အင်တီအောက်ဆီးဒန့် (Antioxidants) တွေ အမြောက်အမြား ပါဝင်ပါတယ်။ ဒီဓာတ်တွေဟာ  အသက်ကြီးလာတာကြောင့် ဖြစ်တတ်တဲ့ မျက်စိမှုန်ခြင်း (Macular Degeneration) နဲ့ အတွင်းတိမ်ဖြစ်ခြင်းတို့ကနေ ကာကွယ်ပေးပါတယ်။ ပြောင်းဖူးမှာပါဝင်တဲ့ အမျှင်ဓာတ်တွေဟာ သွေးတွင်းက မကောင်းတဲ့ ကိုလက်စထရော (LDL) တွေကို လျှော့ချပေးနိုင်ပါတယ်။ ဒါ့အပြင် ပိုတက်စီယမ် (Potassium) ဓာတ်လည်း ပါဝင်တဲ့အတွက် သွေးဖိအားကို ထိန်းညှိပေးပြီး နှလုံးရောဂါနှင့် လေဖြတ်ခြင်းအန္တရာယ်မှ ကာကွယ်ပေးပါတယ်။ ပြောင်းဖူးမှာ ခန္ဓာကိုယ် အတွက် လိုအပ်တဲ့ အားအင်ကို ပေးစွမ်းနိုင်တဲ့ ကာဘိုဟိုက်ဒရိတ် (Carbohydrates) ပါဝင်မှု မြင့်မားပါတယ်။ ဒါ့အပြင် သံဓာတ် (Iron) နဲ့ ဖောလစ်အက်ဆစ် (Folic Acid) တို့ ပါဝင်တာ ကြောင့် သွေးအားနည်းရောဂါ (Anemia) မဖြစ်အောင် ကာကွယ်ပေးပါတယ်။ ပြောင်းဖူးမှာ ပါဝင်တဲ့ ဖောလစ်အက်ဆစ် (Folate) ဟာ ကိုယ်ဝန်ဆောင်မိခင်တွေအတွက် အလွန်အရေးကြီး ပါတယ်။ ကလေးငယ်တွေရဲ့ မွေးရာပါ အာရုံကြောချို့ယွင်းချက် (Neural Tube Defects) မဖြစ်အောင် ကာကွယ်ပေးနိုင်ပါတယ်။

   အချုပ်အားဖြင့်ဆိုရသော် ပြောင်းဖူးပင်သည် လေထဲမှ ဖော်မယ်ဒီဟိုက် (Forma- ldehyde) ကဲ့သို့ အဆိပ်အတောက်ကိုဖယ်ရှားပေးပြီး သန့်စင်နိုင်သည့်ဂုဏ်သတ္တိရှိသော အပင် တစ်မျိုးဖြစ်သည်။ နေ့စဉ်လူနေမှုဘဝတွင် ကျန်းမာသော ဘဝများအဖြစ် ရေရှည်ရပ်တည်နိုင် ရေးအတွက် အာဟာရဓာတ်ကြွယ်ဝပြီး ကျန်းမာရေးကို များစွာကူညီပံ့ပိုးပေးနိုင်သောကြောင့် ပြောင်းဖူးကို လူတိုင်းစားသုံးသင့်ကြောင်း အကြံပြုရေးသားလိုက်ရပါသည်။

DOCA(ပြည်ထောင်စုနယ်မြေ)