
ရန်ကုန်မြို့နေ တိုင်ကြားသူ တစ်ဦးသည် Online Shop တစ်ခုမှ ပစ္စည်းများကို ငွေကြိုလွှဲ၍ ဆိုဖာရှည်မှာ ယူခဲ့ရာ သတ်မှတ်ချိန်အတွင်း ပစ္စည်းပေးပို့ နိုင်ခြင်းမရှိ သောကြောင့် စာဖြင့်တိုင်ကြားလာပါသည်။
ဖြေရှင်းဆောင်ရွက်မှုအခြေအနေ။ တိုင်ကြားမှုနှင့်ပတ်သက်၍ ဌာနမှတာဝန်ရှိသူများက တိုင်ကြား ခံရသည့် Online Shop နှင့် တိုင်ကြားသူတို့အကြား ဆိုဖာရှည်ပေးပို့နိုင်ခြင်း မရှိသောကြောင့် အငြင်းပွားနေသည့် တိုင်ကြားမှုအား ၁၃-၁-၂၀၂၆ ရက်နေ့တွင် ကျင်းပပြုလုပ်ခဲ့သည့် ရန်ကုန်တိုင်း ဒေသကြီး စားသုံးသူရေးရာကော်မတီ လုပ်ငန်းညှိနှိုင်းအစည်းအဝေး (၁/၂၀၂၆) တွင် တင်ပြဆွေး နွေးခဲ့ရာ ကော်မတီဝင်များမှ တိုင်ကြားသူထံပေးအပ်ရန် ကျန်ရှိနေသည့် ဆိုဖာရှည်(၁)လုံးအစား အသင့်ပို့ဆောင်ရန်ရှိသည့် ဆိုဖာများအနက်မှ တိုင်ကြားသူ နှစ်သက်သဘောကျသည့် ဆိုဖာ(၁)ခုအား ပေးအပ်ခြင်းဖြင့် ပြေလည်မှု ရရှိရန် ဆောင်ရွက်သင့်ကြောင်း ဆုံးဖြတ်ခဲ့မှုအပေါ် တိုင်ကြားခံရသည့် Online Shop မှ တိုင်ကြားသူအား ဆက်သွယ်ပြီး တိုင်ကြားသူ နှစ်သက်သဘောကျသည့် ဆိုဖာအား စိတ်တိုင်းကျရွေးချယ်စေခဲ့ပြီး တိုင်ကြားသူနေအိမ်သို့ ပို့ဆောင်ပြီးဖြစ်ပါကြောင်း အကြောင်းပြန် ကြားလာသဖြင့် ဌာနမှတာဝန်ရှိသူများက တိုင်ကြားသူထံ ဖုန်းဖြင့်ဆက်သွယ်မေးမြန်းခဲ့ရာ ဆိုဖာ လက်ခံရရှိပြီဖြစ်ကြောင်း ပြန်လည်ပြောကြားလာသဖြင့် တိုင်ကြားမှုအား ပိတ်သိမ်းဆောင်ရွက်ခဲ့ပါ သည်။
