
အသည်းကကျန်းမာနေမှ ခန္ဓာကိုယ်တစ်ခုလုံးစနစ်တကျ လည်ပတ်နိုင်မှာပါ။ ကိုယ်ခံ အားလည်းပြည့်ဝမယ်၊ အသားအရေလည်း စိုပြေမယ်၊ အစာခြေစနစ်လည်း ကောင်းမွန်မယ်၊ ခန္ဓာကိုယ်ထဲက အညစ်အကြေးတွေကိုလည်း အလွယ်တကူ ဖယ်ထုတ်နိုင်မယ်။ အရက်မသောက် သော်လည်း အသည်းက ပျက်စီးနိုင်ပါတယ်။ ဒါပေမဲ့အသည်းက အလုပ်ပိလာရင်တော့ ပင်ပန်းမယ်၊ ဗိုက်ကယ်မယ်၊ လေးလံထိုင်းမှိုင်းမယ်စသော လက္ခဏာတွေ ခံစားရမှာပါ။ အသည်းကို အနား ပေးဖို့လိုအပ်ပါတယ်။ အသည်းကလူသားတွေရဲ့ အညစ်အကြေးတွေကို အချိန်နဲ့အမျှဖြေရှင်း နေရပါတယ်။ အရက်သောက်တာ၊ အကြော်အလှော်တွေ၊ သကြားများတဲ့ အချိုရည်တွေနဲ့ မလိုအပ်တဲ့ဆေးဝါးတွေကို ရှောင်ကြဉ်ရပါမယ်။ ထိုအစာတွေကို တစ်ပတ်လောက်ပဲ လျှော့ချခြင်း ဖြင့် အသည်းကပြန်လည် သန့်စင်သွားပြီး ကိုယ်ခန္ဓာလည်း ပေါ့ပါးလန်းဆန်းလာတာကို ခံစားရ မှာပါ။ ရေဟာအသည်းအတွက် အရိုးရှင်းဆုံး ကိုယ်တွင်းသန့်စင်ဆေးဖြစ်ပြီး ရေလုံလုံလောက် လောက် သောက်ပေးခြင်းဖြင့် ရေဓာတ်ပြည့်ဝပြီး အစာခြေစနစ်နှင့် အသားအရေစိုပြည်၍ အသည်းကသွေးကို သန့်စင်စေပါတယ်။ မနက်ခင်းတိုင်း ရေနွေးနွေးလေး သောက်ပေးပါ။ ကြက်သွန်ဖြူ၊ ဂျင်း၊ အစိမ်းရင့်ရောင် ဟင်းသီးဟင်းရွက်၊ ပန်းသီး၊ နဲ့ ဘယ်ရီသီးလို Antioxidant ကြွယ်ဝတဲ့ အသီးအနှံတွေစားပေးပါ။ ထိုအစားအစာတွေက ရောင်ရမ်းမှုကို လျော့နည်းစေပြီး အသည်းကို အဆီတွေချေဖျက်ရာမှာ ကူညီပေးပါတယ်။ အလုပ်များနေရင်တောင် ဟင်းထဲမှာ ကြက်သွန်ဖြူတစ်မွှာ ထည့်စားတာ၊ ရေနွေးကြမ်းထဲ ဂျင်းထည့်သောက်တာ၊ ဟင်းချိုထဲမှာ ဟင်းနုနွယ်ရွက် ထည့်ချက်တာမျိုး လုပ်ဆောင်လို့ရပါတယ်။ သေးငယ်တဲ့ အလေ့အကျင့်လေး တွေကနေ ကြီးမားတဲ့ပြောင်း လဲမှုကို ဖြစ်စေနိုင်ပါတယ်။
တစ်နေ့ကို ၁၅ မိနစ်လောက် ကိုယ်ခန္ဓာကို ကိုယ်လက်လှုပ်ရှားမှုပြုလုပ်ခြင်းဖြင့် အသည်းမှာ အဆီစုခြင်းကို လျှော့ချပေးပါတယ်။ အဆီချေနှုန်းကိုလည်း မြှင့်တင်ပေးပါတယ်။ ခန္ဓာကိုယ် တစ်ခုလုံး လှုပ်ရှားမှုရှိမှ အသည်းကလည်း ပိုပြီး ကြံ့ခိုင်လာမှာပါ။ အိပ်ပျော်နေချိန်မှာ အသည်းက သဘာဝအတိုင်း ပြန်လည်ပြုပြင်ပါတယ်။ နေ့စဉ်ညသန်းခေါင်မတိုင်ခင် နှစ်ခြိုက်စွာအိပ်ခြင်းဖြင့် ဟော်မုန်းတွေညီမျှပြီး အစာခြေစနစ် ကောင်းမွန်လာ၍ အသည်းကလည်း အားပြည့်ပြီး အလုပ်လုပ် နိုင်မှာဖြစ်ပါတယ်။ အသက်ရှူလေ့ကျင့်ခန်းများလုပ်ခြင်း၊ တရားထိုင်ခြင်း၊ ခဏတာအနားခြင်း၊ စိတ်ဖိစီးမှုဟော်မုန်းတွေကို လျော့ချခြင်းဖြင့် အသည်းကျန်းမာအောင်ဂရုစိုက်နေထိုင်ခြင်းဖြင့် လူသားတိုင်း ကျန်းမာပျော်ရွှင်သော ဘဝကိုပိုင်ဆိုင်နိုင်ကြပါစေ။
DOCA(မန္တလေး)
