ကွမ်းစားသုံးသူများပြာလာသည့်အတွက် ကျောက်ဆည်မြို့နယ်အတွင်း ကျေးရွာများမှ ကွမ်းစိုက်ပျိုးသူများ အဆင်ပြေလျက်ရှိကြောင်း သိရှိရပါသည် ။ အင်းကုန်းကျေးရွာမှ ကွမ်းစိုက် တောင်သူများအနေဖြင့် ကွမ်းပင်(၄၀၀၀/၅၀၀၀)ခန့် စိုက်ပျိုးလျက်ရှိကြောင်း၊ ကွမ်းစိုက်ပျိုးမှုအား မိုးအကုန် ဆောင်းအကူးတွင် စိုက်ပျိုးလေ့ရှိကြကြောင်း၊ စိုက်ပျိုးပြီး(၂-၃)လအကြာတွင် အောက် အခြေအရွက်ကြမ်းများအား ခူးယူပြီး ကွမ်းနုများအား တစ်လလျှင်(၂)ကြိမ်ခူးယူရကြောင်း၊ ကွမ်းပင်ပိုးမွှားမကျ ကျန်းမာရေးကောင်းပါက မျိုးပင်အဖြစ် အခြားကွမ်းစိုက်သူများအား ကွမ်းညွန့် ဖြတ်၍ရောင်းချလေ့ရှိကြောင်း ၊ ကွမ်းခူးပတ် တစ်ပတ်လျှင် ကွမ်းပိဿာချိန်(၈၀-၁၀၀)ရရှိကြောင်း၊ ကွမ်းဈေးနှုန်းအနေဖြင့် ကွမ်းနုဝါ အချော တစ်ပိဿာလျှင် လက်ကားဈေး (၁၀၀၀၀/-)ကျပ်၊ အလတ် တစ်ပိဿာလျှင် (၈၀၀၀/-)ကျပ် ၊ အသေးတစ်ပိဿာလျှင် (၅၀၀၀/-)ကျပ် ဈေးများဖြင့် ရောင်းဝယ် လျက်ရှိပြီး ၊ ကွမ်းအရော လက်ကား တစ်ပိဿာလျှင် (၈၀၀၀/-)ကျပ်ဖြင့် ရောင်းဝယ်လျက်ရှိ ကြောင်း၊ ကွမ်းရွက်များဖြိုင်ဖြိုင်ထွက်ရှိလာသဖြင့် ဈေးနှုန်းအနည်းငယ်ကျဆင်းလျက်ရှိကြောင်း၊ ကွမ်းစိုက်ပျိုးခြင်းဖြင့် အိမ်ရှိမိသားစုအားလုံး စုပေါင်းလုပ်ဆောင်ရသည့် လုပ်ငန်းဖြစ်သည့်အပြင် ကွမ်းခူးခြင်း၊ ကွမ်းခွေခြင်း ၊ ကွမ်းစီခြင်းလုပ်ငန်းများကြောင့် ကျေးရွာနေပြည်သူများအတွက် ဝင်ငွေရသည့် လုပ်ငန်းဖြစ်ကြောင်း ၊ ကွမ်းစိုက်ပျိုးသူများအနေဖြင့်လည်း ကွမ်းစိုက်ပျိုးခြင်းဖြင့် စီးပွားဖြစ် ဝင်ငွေတိုးကြောင်း ကွမ်းစိုက်ပျိုးသော တောင်သူတစ်ဦး၏ ပြောကြားချက်အရ သိရှိရပါ သည်။
DOCA(မန္တလေး)
