
ဖရဲသီးတွင် ရေဓာတ်၉၂%ပါဝင်သောကြောင့် ရင်ကိုအေးမြစေပြီး ရေငတ်ပြေစေကာ ခန္ဓာကိုယ် အတွင်းရှိ အပူရှိန်ကိုလည်းလျှော့ချပေးနိုင်ပါသည်။ ဖရဲသီးတွင်အဆီနှင့် ကိုလက်စထရော လုံးဝမပါ ရှိဘဲ ရေဓာတ် ၉၂ ရာခိုင်နှုန်းပါဝင်ခြင်းက ထူးခြားလှပါသည်။ အမျှင်ဓာတ်၊ ဗီတာမင်အေ၊ ဗီတာမင်ဘီ နှင့်ဗီတာမင်စီဓာတ်ပေါများစွာပါဝင်ပြီး ကယ်လ်လိုရီအလွန်နည်းသောကြောင့်အာဟာရ လည်းဖြစ်စေ ပါသည်။ ဖရဲသီးကိုစားသုံးပေးခြင်းဖြင့် ရရှိနိုင်သောကျန်းမာရေး ကောင်းကျိုးများမှာ နှလုံးကျန်းမာရေး ကောင်းမွန်ခြင်း၊ ကျောက်ကပ်ကျန်းမာခြင်း၊ အမြင်အာရုံတိုးတက်ကောင်းမွန်ခြင်း၊ သွေးတိုးရောဂါကို သက်သာစေခြင်း၊ အသားအရေဝင်းပစေခြင်း၊ အရိုးကျန်းမာသန်စွမ်းခြင်း၊ ကြွက်သားများနာကျင်မှုကို ခုခံပေးခြင်းနှင့် ပန်းနာရောဂါကိုတိုက်ဖျတ်ပေးခြင်းစသည့်အကျိုး ကျေးဇူးများစွာကိုရရှိစေနိုင်ပါသည်။ ဖရဲသီးတွင်ဗီတာမင်စီများစွာပါဝင်သဖြင့် ကိုယ်ခံစွမ်းအား ကိုလည်းမြှင့်တင်ပေးကာ အနာများကို လည်းလျှင်မြန်စွာကျက်စေနိုင်ပါသည်။ သွားနှင့်ခံတွင်း ကိုလည်းကျန်းမာစေပါသည်။ ဖရဲသီးထဲရှိ အချိုဓာတ်သည် အင်ဆူလင်ကိုထိန်းညှိပေးပြီး သွေးထဲရှိသကြားပမာဏကိုကျစေသဖြင့် ဆီးချိုရောဂါရှိသူ များ အနေဖြင့်လည်း စားသုံးပေးသင့်ပါသည်။ ဖရဲသီးတွင်ရေဓာတ်ကြွယ်ဝစွာ ပါဝင်သဖြင့် ဖရဲသီးစား သုံးပေးခြင်းဖြင့် မကြာခဏ ဆီးသွားစေပြီး ကျောက်ကပ်ကိုသန့်စင်စေကာ ဆီးကျောက်တည်ခြင်းမှ လည်းကာကွယ်ပေးပါသည်။ ဗီတာမင်အေပါဝင်ခြင်းကြောင့် ကြက်မျက်သင့်ရောဂါ၊ မျက်စိအတွင်း တိမ်ဖြစ် ခြင်းစသည့် မျက်စိရောဂါအမျိုးမျိုးအပြင် ဖရဲသီးတွင်ပါဝင်သော ပိုတက်ဆီယမ်၊ မဂ္ဂနီဆီ ယမ်ဓာတ်များကြောင့် သွေးတိုးရောဂါကိုလည်းသက်သာစေနိုင်ပါသည်။ ဘေးထွက်ဆိုးကျိုးမရှိဘဲ ကျန်းမာရေးအ တွက်ကောင်းကျိုးများစွာပြုသော ဖရဲသီးမှာတစ်လုံးလုံးအသုံးဝင်ပါသည်။ ဖရဲသီး အသားကိုလူသား တို့စားသားကြသည်သာမက ဖရဲစေ့ကိုလည်(ကွာစေ့) ပြုလုပ်၍စားသုံး ကြပါသည်။ ထို့အပြင် ဖရဲသီးအခွံများကိုလည်း နွားများကြိုက်နှစ်သက်ပြီး တိရစ္ဆာန်အစာအဖြစ် လည်းအသုံးဝင် ပါသည်။
DOCA(မန္တလေး)
