ဇီးဖြူသီးအသုံးဝင်ပုံ

Powered by Drupal
Fri, 05/08/2026 - 11:09 -- consumer_admin

    ဇီးဖြူသီးမှာ ဗီတာမင်စီဓာတ်၊သံဓာတ်နှင့် အခြားဓာတ်တိုးပစ္စည်းများ ကြွယ်ဝစွာပါဝင်သည်။ အသီးအလေးချိန် ၁၀၀ ဂရမ်တွင်ပါဝင်သည့်အာဟာရဓာတ်များမှာ ရေ ၈၁.၂ ရာခိုင်နှုန်း၊ ပရိုတိန်း ဓာတ် ၀.၅ ရာခိုင်နှုန်း၊ အဆီ ၀.၁ ရာခိုင်နှုန်း၊ ကာဘွန်ဟိုက်ဒရိတ် ၁၄ ရာခိုင်နှုန်း၊ ထုံးဓာတ် ၀.၀၅ ရာခိုင်နှုန်း၊ ဖော့စဖောရပ်ဓာတ် ၀.၀၂ ရာခိုင်နှုန်း၊ သံဓာတ် ၁.၂ ရာခိုင်နှုန်း၊ ဗီတာမင်ဘီ ၁၃၀ မီလီဂရမ်၊ ဗီတာမင်စီ ၆၀၀ မှ ၈၀၀ မီလီဂရမ်၊ နီကိုတင်းနစ်အက်စစ် ၀.၃ မီလီဂရမ်၊ ကယ်လိုရီ ၅၉ တို့ပါဝင်သောကြောင့်ဆီးဖြူသီး၏အသီး၊ အခေါက်၊အစေ့၊အပွင့်နှင့်အမြစ်အားလုံးကို တိုင်းရင်းဆေး ဝါးများတွင်အသုံးပြုနိုင်ကြသည်။ ဇီးဖြူသီးပင်သည် နေရာဒေသမရွေးအလေ့ကျပေါက်သော အပင် တစ် ဖြစ်ပြီး ကယားပြည်နယ်အတွင်း၌လည်း ပေါက်ရောက်လျက်ရှိပါသည်။

    အသီးမှာချဉ်၊ ဖန်ဓာတ်ရှိပြီး ဆီးရွှင်ဆေး၊ဝမ်းနှုတ်ဆေးအဖြစ် အသုံးပြုကြသကဲ့သို့ သွေးသန့် ဆေးအဖြစ်လဲသုံးပါသည်။ အသည်းကြီးရောဂါ၊ အသည်းနှင့် ဆိုင်သောရောဂါများကို ကုသရာတွင် အသုံးဝင်သကဲ့သို့ခေါင်းကိုက်ရောဂါနှင့်ဝမ်းချုပ်ရောဂါများကိုလည်းကုသနိုင်ပါသည်။ ဇီးဖြူသီးစားသုံး ခြင်းဖြင့်အမောခံနိုင်ပြီးအသားအရေကိုလည်းကြည်လင်စေပါသည်။

   ဇီးဖြူသီးသည် ဆံပင်ကောင်းစေကာဦးရေကို အေးမြစေပြီး ဆံပင်ပါးခြင်း၊ ကျွတ်ခြင်းကိုကာ ကွယ်ပေးနိုင်သည့်အပြင် ဦးခေါင်းမှာရှိတဲ့ ပိုးမွှားသန်းနှင့်ဘောက်များကိုလည်း ပျောက်ကင်းစေနိုင် သောကြောင့် အသီးကိုခေါင်း လျှော်ရည်၊ ခေါင်းလိမ်းဆီများဖော်စပ်ရာတွင် အသုံးပြုကြသည်။ ၎င်းအပြင် ဆံပင်ဖြူခြင်း တို့ကိုကာကွယ်နိုင်သည်။

     အရွယ်ကိုနုပျိုစေ၍ အူရောင်မှု၊ ဝမ်းသွားမှု၊ ဝမ်းချုပ်မှုများကို ကာကွယ်နိုင်ပါသည်။ အသီးကို အစေ့ထုတ်ကာ အခြောက်လှမ်း၍ ဈေးကွက်သို့ တင်ပို့ကာရောင်းချကြကြောင်း တွေ့ရှိရပါသည်။အခေါက်ကိုဆိုးဆေးအဖြစ်လည်းသုံးနိုင်ပါကြောင်း တွေ့ရပါသည်။ အမျှင်ဓာတ်ပါဝင်တာကြောင့် အစာခြေစနစ်ကိုအားကောင်းစေပါသည်။ ထို့ကြောင့်ဆီးဖြူသီးသည် ကျန်းမာရေးအတွက် အဖက်ဖက်မှ အလွန်ကောင်းမွန်သော အသီးတစ်ခုဖြစ်ကြောင်း လေ့လာသိရှိရပါသည်။

DOCA(ကယား)