ဆေးဖက်ဝင်နဂါးမောက်သီးအကြောင်းသိကောင်းစရာနှင့်နဂါးမောက်သီးစျေးနှုန်း

Powered by Drupal
Thu, 05/07/2026 - 13:28 -- consumer_admin

နဂါးမောက်သီးသည် မြန်မာနိုင်ငံအတွက်စျေးကွက်အလားအလာကောင်းသဖြင့် စီးပွားဖြစ် စိုက်ပျိုးနိုင်သော သီးနှံတစ်မျိုးဖြစ်သည်။ အသီးသည်နဂါး၏အကြေးခွံနှင့်တူကာ စူးရှသော အပြင်ဘက်အခွံကြောင့် နဂါးမောက်သီးဟုခေါ်တွင်ခြင်းဖြစ်သည်။ နဂါးမောက်သီး၏အသားသည် ပျော့ပျောင်းပြီးအမည်းရောင်ရှိသော  အစေ့ငယ်များနှင့်    ဖွဲ့စည်းထားကာအရသာသည်ချိုအေးနူးညံ့

သည်။ နဂါးမောက်ပင်များသည် Cactusရှားစောင်းမျိုးရင်းဖြစ်သဖြင့် ရေငတ်ခံ၊ အကြမ်းခံသော နွယ်ယောင်ပင်ယောင်အပင်အမျိုးအစားဖြစ်ပြီး ပူအိုက်၍မိုးရေချိန်များသော‌ဒေသ၌ ရှင်သန်ဖြစ်ထွန်း သည်။ နဂါးမောက်သီးကို အင်္ဂလိပ်လို Pitaya Fruitဟုအမည်ရှိပြီး Dragon Fruitဟုလည်း အများစုကခေါ်ကြသည်။

နဂါးမောက်သီးတွင်ပါဝင်သော အာဟာရဓာတ်များ

          နဂါးမောက်သီးတွင် ကယ်လိုရီပါဝင်မှုနည်းပါးပြီး ဗီတာမင်-C၊ သံဓာတ်၊ အမျှင်ဓာတ်ကဲ့သို့ သောခန္ဓာကိုယ်အတွက်မရှိမဖြစ်လိုအပ်သောအာဟာရဓာတ်များကြွယ်ဝစွာပါဝင်သည်။နဂါးမောက်သီးသည်ဗီတာမင်-Cကြွယ်ဝသောအသီးဖြစ်ပြီး ကိုယ်ခံစွမ်းအားကို မြှင့်တင်ပေးသည်။  ဗီတာမင် Cသည် ခန္ဓာကိုယ်မှရောဂါပိုးမွှားများနှင့် ရောဂါများကိုကာကွယ် ပေးသည်။

နာတာရှည်ရောဂါများဖြစ်နိုင်ခြေကိုလျှော့ချပေးသောနဂါးမောက်သီး

          နဂါးမောက်သီးသည် သွေးတွင်းသကြားဓာတ်ပမာဏကိုထိန်းညှိပေးပြီး ကျန်းမာရေးကို အထောက်အကူပြုသည်။ အသီးတွင်ပါဝင်သော ဓာတ်တိုးဆန့်ကျင်ပစ္စည်းများသည် ခန္ဓာကိုယ်တွင်း ရောင်ရမ်းမှုကို လျော့ချပေးနိုင်ပြီး နှလုံးရောဂါနှင့်ကင်ဆာကဲ့သို့သော နာတာရှည်ရောဂါ များ ဖြစ်နိုင်ချေကိုလျှော့ချပေးသည်။ နဂါးမောက်သီးတွင် အမျှင်ဓာတ်နှင့်ဓာတ်တိုးဆန့်ကျင် ပစ္စည်းများ မြင့်မားစွာပါဝင်မှုသည် ကိုလက်စထောပမာဏကို လျော့ချရန်နှင့် နှလုံးရောဂါဖြစ်နိုင်ခြေကို လျှော့ချပေးပြီး နှလုံးသွေးကြောဆိုင်ရာကျန်းမာရေးကို တိုးတက်ကောင်းမွန်စေနိုင်သည်။

ကိုယ်အလေးချိန်ကိုလျော့ကျစေနိုင်သောနဂါးမောက်သီး

          နဂါးမောက်သီးသည် ကယ်လိုရီပါဝင်မှုနည်းပြီး အမျှင်ဓာတ်မြင့်မားသောကြောင့် အာဟာရ ပြည့်ဝမှုကိုမြှင့်တင်ပေးပြီး အဝလွန်ခြင်းကိုတားဆီးပေးနိုင်သည်။ နဂါးမောက်သီးသည် ကျန်းမာရေး နှင့်ညီညွတ်သည့် ကိုယ်အလေးချိန်လျော့ကျစေသော အစားအစာတစ်ခုဖြစ်သည့်အပြင် ကောင်းမွန်သည့်အစားအစာတစ်ခုလည်းဖြစ်သည်။ အသည်းအဆီဓာတ်များကို လျော့ချရာတွင် လည်းအထောက်အကူပြုသည်။

အရွယ်တင်နုပျိုစေသောနဂါးမောက်သီး

          နဂါးမောက်သီးတွင် ဗီတာမင်-Cနှင်အမျှင်ဓာတ်များကြွယ်ဝစွာပါဝင်သည့်အပြင် လိုင်ကိုပင်းဟုခေါ်သည့် ကယ်ရိုတနွိုက်ဓာတ်များစွာပါဝင်သောကြောင့် အရွယ်တင်နုပျိုစေသည်။

ဝမ်းချုပ်ခြင်းကိုသက်သာစေသောနဂါးမောက်သီး

          နဂါးမောက်သီးတွင်ပါဝင်သည့် အမျှင်ဓာတ်များသည်အူလမ်းကြောင်းရှိ အကျိုးပြုဘက် တီးရီးယားများ ပေါက်ပွားသန်စွမ်းရန်အားပေးပြီး အစာကြေစေနိုင်၍ ဝမ်းချုပ်ခြင်းကို ကာကွယ်ပေးသည်။ ကိုယ်ခံစွမ်းအားကိုမြှင့်တင်ပေးနိုင်ပြီး ရောဂါမိုးများအလွယ်တကူ ဝင်ရောက် ခြင်းမဖြစ်စေရန် ကာကွယ်ပေးသည်။ ကိုယ်ဝန်ဆောင်ကာလအတွင်းတွင် ဝမ်းချုပ်ခြင်း ကြောင့် ဖြစ်လာနိုင်သည့်နောက်ဆက်တွဲပြဿနာများကို အကောင်းဆုံးကာကွယ်ပေးသည်။ အစာခြေစနစ် ပြဿနာများကို ကာကွယ်ပေးပြီး အစာခြေစနစ်ကျန်းမာစေရန် အကောင်းဆုံးထောက်ပံ့ ပေးနိုင်သည်။ နဂါးမောက်သီးတွင် အမျှင်ဓာတ်ပါဝင်မှုမြင့်မားသောကြောင့် အစာခြေစနစ်ကို ကောင်းမွန်စေပြီး ဝမ်းချုပ်ခြင်းကို ကာကွယ်ပေးနိုင်သည်။

နဂါးမောက်သီးမစားသင့်သူများ

          ရောဂါအခံရှိသူများ၊ ကျန်းမာရေးပြဿနာတစ်ခုခုကြောင့်ဆေးသောက်နေရသူများအနေဖြင့် ဆရာဝန်နှင့်သေချာတိုင်ပင်ပြီးမှသာ စားသုံးသင့်သည်။ အထူးသဖြင့် ဆီးချိုနှင့် သွေးတိုးရောဂါရှိသူများသတိပြုသင့်သည်။ ကိုယ်ဝန်ဆောင်ချိန်တွင် နဂါးမောက်သီးစားသုံးခြင်းဖြင့် မိခင်နှင့်ကလေးအတွက်ကောင်းကျိုးများသော်လည်း အလွန်အကျွံစားသုံးခြင်းမပြုရန်လိုအပ်သည်။

          အချုပ်အားဖြင့်ဆိုသော် နဂါးမောက်သီးသည် အစာအိမ်အတွင်းရှိ အဆိပ်အတောက် များကိုချေဖျက်နိုင်စွမ်းရှိခြင်း၊ အဆီဓာတ်များကိုလျော့ချနိုင်စွမ်းရှိခြင်း၊ မှတ်ဉာဏ်ကောင်းခြင်း၊ မျက်လုံးအားကောင်းခြင်း၊ သွားနှင့်အရိုးများကိုခိုင်မာစေခြင်းကြောင့် လူတိုင်းစားသုံးသင့်သော အသီးဖြစ်ပြီး နာလန်ထလူမမာများအတွက် အထူးသင့်‌လျော်သည်။ နာတာရှည်ရောဂါ ခံစားနေရသူများ၊ အသားအရေစိုပြည်လှပလိုသူများ၊ နှလုံး၊ သွေးတိုးရောဂါနှင့် အစာအိမ်အူလမ်း ကြောင်းပြဿနာရှိသူများ ရွေးချယ်စားသုံးသင့်သည့်အသီးအနှံတစ်မျိုးပင်ဖြစ်သည်။ ပဲခူးမြို့စျေး ကြီးထဲတွင် နဂါးမောက်သီးအလုံးအကြီးအသေးအရွယ်အစားပေါ်မူတည်၍ တစ်လုံးလျှင်(၄၀၀၀-၅၀၀၀)စသည်ဖြင့် အသီးသီးရောင်းချလျက်ရှိကြောင်းသိရပါသည်။

DOCA(ပဲခူး)