ကနီမြို့နယ်၌ ငှက်ပျောစိုက်ပျိုးခြင်းဖြင့် တောင်သူများ အကျိုးအမြတ်ရရှိ

Powered by Drupal
Tue, 04/21/2026 - 12:41 -- consumer_admin

                      စစ်ကိုင်းတိုင်းဒေသကြီး၊ ကနီမြို့နယ်တွင် နှမ်း၊ ပဲမျိုးစုံ၊ ပန်းမျိုးစုံနှင့် စားဖိုဆောင်သီးနှံများ စိုက်ပျိုးသည့်အပြင် ဥယျာဉ်ခြံမြေသီးနှံများကိုလည်း စီးပွားဖြစ် စိုက်ပျိုးကြပြီး ကနီမြို့နယ်တွင် ငှက်ပျောစိုက်ဧက ၃ ဧက စိုက်ပျိုးထားရှိကြောင်း သိရသည်။

                          ငှက်ပျောသီးနှံကို ၂၀၂၄ ခုနှစ်၊ ဇူလိုင်လတွင် စိုက်ပျိုး၍ စိုက်ပျိုးပြီးတစ်နှစ်ကျော်အကြာ ၂၀၂၅ ခုနှစ်၊ စက်တင်ဘာလတွင် လှိုင်လှိုင်ထွက်ပေါ်ကြောင်း၊ မျိုးအနေဖြင့် ဖီးကြမ်းငှက်ပျောမျိုးကို အများဆုံး စိုက်ပျိုးကြပြီး ငှက်ပျောစိုက်ပျိုးရာတွင် ငှက်ပျောသားတက်များကို တူးယူ၍ ၃-၄ ရက်ခန့် အခြောက်ခံကာ စိုက်ပျိုးရပြီး တစ်ဧကလျှင် ငှက်ပျောသားတက် ၇၀၀-၈၀၀ ခန့် စိုက်ပျိုးရကြောင်း၊ စိုက်ပျိုးထုတ်လုပ်မှု ကုန်ကျစရိတ် အနေဖြင့် မျိုး၊ သွင်းအားစု၊ လုပ်သားခ၊ ငှက်ပျောသား တက်ရှင်း လင်းခြင်း အပါအဝင် တစ်ဧကလျှင် ငွေကျပ် သိန်း ၁၀ ခန့် ကုန်ကျပြီး အထွက်နှုန်း အနေဖြင့် ငှက်ပျောခိုင် ၁၈၀၀-၂၀၀၀ ခန့် ထွက်ရှိ၍ တစ်ခိုင်လျှင် ရောင်းတန်းဝင် ငှက်ပျောဖီး ၄-၅ ဖီးခန့် ရရှိကြောင်း၊ ဈေးနှုန်းအနေဖြင့်  ဧပြီလ တတိယပတ်တွင် ဖီးကြမ်းငှက်ပျောတစ်ဖီးလျှင် ရောင်းတန်း ဝင်အဖီး တစ်ဖီးလျှင် လက်ကားဈေး ၂၀၀၀-၄၀၀၀ ကျပ်၊ အဖျား တစ်ဖီးလျှင် ၁၀၀၀-၁၅၀၀ ကျပ်နှုန်းဖြင့် ရောင်းချရပြီး အကျိုးအမြတ်အနေဖြင့် တစ်ဧကလျှင် ငွေကျပ် ၂၀ သိန်းကျော်ခန့် ရရှိ ကြောင်း၊ ဈေးကွက်အနေဖြင့် မုံရွာမြို့ပေါ်ရှိ ငှက်‌ပျောပွဲရုံများ၊ သစ်သီးဆိုင်များသို့ တင်ပို့ ရောင်းချကြောင်း၊ ယခုနှစ်တွင် ငှက်ပျောသီးဈေးနှုန်းများ ကောင်းမွန်သောကြောင့် တောင်သူများအနေဖြင့် အကျိုး အမြတ်များရရှိကာ တွက်ခြေကိုက်ကြောင်း   သိရသည်။

DOCA(စစ်ကိုင်း)