ဆေးဖက်ဝင်ဆင်တုံးမနွယ်ပင်အကြောင်းသိကောင်းစရာ

Powered by Drupal
Mon, 04/06/2026 - 15:04 -- consumer_admin

            ဆင်တုံးမနွယ်ပင်သည် အဖြူမျိုး ၊ အဝါမျိုး ၊ အနက်မျိုး ၃ မျိုးရှိပြီး နွယ်တက်တတ်သော ချုံပင် မျိုးဖြစ်သည်။ ပင်စည်သည် အရည်ရွှမ်း၏။ အခေါက်ထူ၏။ အပွင့်ဝါ၍ အသီးနီ၏။ ဖေဖော်ဝါရီလနှင့် မေလတို့အတွင်းပွင့်သည်။ အခေါက်မှာ မီးခိုးနုရောင်ရှိပြီး ဖော့သားကဲ့သို့ ဖြစ်သည်။ အဆစ်များမှ ပန်းခိုင်ထွက်သည်။ တပေါင်းမှ နယုန်လအတွင်း ပွင့်သည်။ တပေါင်း တန်ခူးလအတွင်း အသီးမှည့်သည်။ ဆင်တုံမနွယ်ပင်များကို မြန်မာနိုင်ငံအရပ်ရပ်တွင် တွေ့ရသည်။ နေရာအနှံ့ စိမ့်စမ်း ရှိသော တောတောင် ကြီးများတွင် ပေါက်ရောက်သည်။ သဘာဝအလျောက် ပေါက်ရောက်သည်။ ဆင်တုံးမနွယ်အရွက်နှင့် အခေါက်ကို အရေပြားရောဂါ၊ အဖျားရောဂါတို့ကို ကုသရာတွင် အသုံးပြုကြသည်။ ဆင်တုံမနွယ်သည် ပူ  စပ် ၊ ခါး ၊ ဖန်သောအရသာရှိ၏ ။ ခွန်အားကို ပြုတတ်၏ ။ အသက်ကို ရှည်စေ၏။ သွေးကို ငြိမ်းစေ၏။ ဝမ်းမီးကိုတောက်စေ၏။ အစာကြေခြင်းကို ဖြစ်စေ၏။ အဖျား၊ အနာ၊ ဆီးရောဂါ အမျိုးမျိုး ကိုနိုင်သည်။

          ဆင်တုံးမနွယ်ကို မြင်းခွာရွက်နှင့်ရော၍ ပြုတ်ပြီးသောက်သော် နှလုံးတုန်ခြင်း၊ စိတ်ဖိဆီးမှု များခြင်းပျောက်၏။ ဆင်တုံးမနွယ် လက်လေးသစ်ကို ပါးပါးလှီး၍ မကြာခဏ စားသုံးပါက သွေးအန် ရောဂါပျောက်၏။ ဆင်တုံးမနွယ်ရွက်ကို လောက်သေရွက်၊ အုန်းနှဲရွက်၊ သင်္ဘောမဲဇလီရွက်၊ ကုန်းထိကရုံးရွက်တို့နှင့် ရောစပ်၍ လက်ဖက်ရည် အဖန်ကဲ့သို့သောက်က အသက်ရှည်၍ အနာရောဂါ ကင်းစေနိုင်သည်။ ဆင်တုံးမနွယ် လေးခွက်တစ်ခွက်တင် ပြုတ်ရည်ကို သောက်ခြင်းဖြင့် နာတာရှည် အဆစ်ရောင် ရောဂါတို့အတွက်လည်း ဆေးအဖြစ်ဖော်စပ်သုံး၏။ ဆင်တုံးမနွယ်ကို လေရောဂါ၊ သည်းခြေရောဂါ ၊ ဆီးရောဂါ ၊ မီးယပ်ရောဂါ ၊ နားကိုက်၊ သလိပ်နာ၊ နာတာရှည် အဆစ်ရောင်ရောဂါတို့ အတွက်လည်း ဆေးအဖြစ် ဖော်စပ်သုံး၏။ ဆင်တုံးမနွယ်ကို အရည်ညှစ်၍ ကြက်သီးနွေးမျှ ပြုတ်ပြီးနား၌ ဆေးကြောပေးပါက နားကိုက်နာဟူသမျှ ပျောက်၏။ ကျွဲ ၊နွား ၊ဆင်၊ မြင်းတို့တွင် ရောဂါဘယကင်းဝေးစေရန် အတွက် ဆင်တုံးမနွယ်ကိုစင်း၍ အစာတွင် ထည့်ကျွေးပါက ဝမ်းလေ ကောင်း၍ ရောဂါကင်းဝေးပြီး ဝဖြိုးစေကြောင်းဆင်တုံးမနွယ် ၏ဆေးဖက်ဝင်ပုံအကြောင်း ရေးသား လိုက်ပါတယ်။                Doca(မန္တလေး)