ဇီဝဇိုးငှက်သိုက်အကြောင်းနှင့် ဆေးဖက်ဝင်ပုံ

Powered by Drupal
Tue, 03/31/2026 - 14:20 -- consumer_admin

         မြန်မာနိုင်ငံ၌ရရှိသော ငှက်သိုက်မှာ ဇီဝဇိုးငှက်မျိုးက လုပ်သော ငှက်သိုက်ဖြစ်သည်။ ငှက်သိုက် ကိုဇီဝဇိုးငှက်မှသာ ရရှိပြီး  ဇီဝဇိုးငှက်သည် လေထဲတွင် ပျံသန်းရင်း ပိုးမွှားကောင် များကို ဖမ်းစား တတ်သောကြောင့် ``လေစားငှက်´´ ဟုလည်းခေါ်သည်။ ဇီဝဇိုးငှက်မှ အမည်းရောင် ငှက်သိုက်နှင့် အဖြူရောင် ငှက်သိုက် (၂)မျိုးရရှိသည်။

             မြန်မာနိုင်ငံတွင် ငှက်သိုက်များကို ထားဝယ် ကျွန်းစုမြို့နယ်ရှိ ရေအေးကျွန်းစု၊ ဘုတ်ပြင်းမြို့နယ် ရှိ ကဆိုင်း လှနှင့် ကော့ငန်းကျွန်းစု များမှ ရရှိ၏။   ငှက်သိုက်များသည် အခြား ငှက်များကဲ့သို့ သစ်ရွက်၊ သစ်ကိုင်းများဖြင့် မပြုလုပ်ပဲ ထူးဆန်းစွာ အာခေါင်မှာ အာစေးတစ်မျိုးကို အန်ထုတ်၍ အသိုက် ပြုလုပ်ကြသည်။ ယင်းအသိုက် များတွင် ငှက်မများ ဝင်ဥကြသည်။ တစ်နှစ်လျှင် နှစ်ကြိမ်ဥပြီး တစ်မြုံလျှင် ဥ နှစ်လုံးရှိသည်။ အများအားဖြင့် အထီးတစ်ကောင်၊ အမတစ်ကောင် ပေါက်သည်။ ငှက်မသည် ငှက်ကလေးများကို နှစ်လကြာမျှ ကျွေးမွေးပြုစုပြီးနောက် အသိုက်မှဆင်းသွားကြသည်။ ကျောက်ဆောင် များတွင် ဥများဥရန် အသိုက် ဆောက် လေ့ရှိသည်။ အသိုက်ဆောက်မည့် ကျောက်လှိုဏ်ဂူအမိုးမှာ ပေ ၄၅၀ ကျော်ခန့်အထိ မြင့်မားကြောင်း၊ ဇီ၀စိုးငှက်အထီးကသာ အိမ်ဖွဲ့ပေးလေ့ရှိသည်။ အသိုက် ဆောက်လုပ် ရာတွင် ငှက်၏ တံတွေးဂလင်းမှ စစ်ထုတ်လိုက်သော တံတွေးရည်များနှင့် ချေဖျက်ပြီး အစာရည် အချို့ပါဝင်၏။ အသိုက်ပြုလုပ်မည့် နေရာကို စိတ်ကြိုက်ရွေးချယ်ပြီး တံတွေးများကို အံထုတ်လိုက်သည်။ အစဦးဆုံး ထွက်သော အာစေးမှာ ဖြူစင်သည်။ ယင်းတံတွေးများသည်လေနှင့် ထိတွေ့သည့်အခါ မာကြော သွား၏။ ယင်းအံဖတ်များကို ထပ်ခါထပ်ခါအံပြီး နှုတ်သီးဖြင့် ခွက်ပုံသဏ္ဌာန်ဖော်ပေးသည်။ တစ်ခါ တစ်ရံတွင် ငှက်သိုက်၏ သွေးစများ ပါလာတတ်သည်ကို တွေ့ရ၏။ ငှက်သိုက်မှာ အရွယ်ရောက် ငှက်တစ် ကောင်နှင့် ငှက်ပေါက်စ နှစ်ကောင်နေရန် လုံလောက်သည်။ ထိုငှက်မျိုးသည် စာကလေးအရွယ် လောက်သာရှိသည်။ ပျံသန်းရာ၌ အလွန်လျင်မြန်သည်။ ညအိပ်သည့် အချိန်မှလွဲ၍ တစ်နေ့လုံး ပျံသန်း၍ နေနိုင်စွမ်းရှိသည်။ ထိုငှက်မျိုး၏ ခြေချောင်း လေးများသည် ကား၍ ရှေ့သို့ရှည်ထွက်လျက် ရှိသည်။ ထိုခြေတံမျိုးရှိသဖြင့် ကျောက်ဆောင်၏ အစွန်အဖျားများပေါ်၌ နားနေနိုင်ကြသည်။ ထိုငှက်ကလေး များသည် လူသူဝေးသော ကျွန်းများပေါ်ရှိ ကျောက်လိုဏ်ဂူနံရံများတွင် အသိုက်ပြုလုပ်၍နေကြသည်။ ငှက်သိုက်ကို နာတာရှည် ရောဂါရှိသူများ၊ သက်ကြီးရွယ်အိုများ၊ အင်အားကုန်ခမ်းနေသူများကို ငှက်သိုက် ပေါင်း ကျွေးလေ့ရှိသည်။

           ငှက်သိုက်သည် ပရိုတင်းဓာတ်ကြွယ်ဝပြီး အာဟာရဓာတ် များစွာပါဝင်သည်။ သဘာဝငှက် သိုက်ကို ခေတ်မီနည်းဖြင့် သန့်စင်ထားသော ငှက်သိုက်ရည်ကို ဆေးဖက်ဝင် အခြားပစ္စည်း များနှင့် ပေါင်းစပ်ဖော်ထားသဖြင့် အဆုတ်ကို အားကောင်းစေပြီး ချောင်းဆိုး၊ အအေးမိနှင့် တုပ်ကွေး ရောဂါများကို သက်သာပျောက်ကင်းစေနိုင်ကြောင်း သိရသည်။ ဆေးဖက်ဝင် ပစ္စည်းတစ်မျိုးဖြစ်သောကြောင့်အလွန်အဖိုးထိုက်တန်သဖြင့် ရွှေနှင့်စက်၍ပင် ဝယ်ယူကြကြောင်း လေ့လာဖတ်ရှု သိရှိရသမျှ ရေးသားလိုက်ပါတယ်။

DOCA(မန္တလေး)