ပူစီနံပင်၏ ဆေးဖက်ဝင်ပုံများ

Powered by Drupal
Mon, 03/30/2026 - 10:56 -- consumer_admin

              ပူစီနံပင်ကို ဟင်းချက်ရာတွင် အသုံးပြုကျသလို ရှေးယခင် ကတည်းကတိုင်းရင်းဆေး သမားတော်များက ဆေးဖက်ဝင်အပင်အဖြစ် သုံးစွဲခဲ့ကြသည်။ လတ်ဆတ်သည့် အနံ့နှင့်ထူးခြားသည့် အရသာရှိသလို ကျန်းမာရေးအတွက်လည်းများစွာ အထောက်အကူပြုပါသည်။

          လေ့လာချက်များအရ ပူစီနံသည် ကင်ဆာဖြစ်စေနိုင်သည့် ဆဲလ်များ ဖြစ်တည်မှုနှင့် ကင်ဆာဆဲလ်များ သေစေနိုင်မှုကို ပူစီနံဓာတ်က ကူညီတိုက်ဖျက်ပေးနိုင်ကြောင်း၊  ဗိုက်အောင့်ခြင်း ၊လေပွခြင်း နှင့် အစာမကြေ ခြင်း စသောရောဂါလက္ခဏာများအား သက်သာ ပျောက်ကင်းစေနိုင်ခြင်း၊ ပူစီနံတွင်ပါဝင်သည့် အဆီအနှစ်များသည် အစာအိမ်ကြွက်သားများကို ပြေလျော့စေပြီး အစာခြေအရည် ထွက်ရှိမှုကို အားပေးပါသည်။ ပူစီနံအနံ့ကို ရှူရှိုက်ခြင်းဖြင့် ပန်းနာရင်ကျပ် ဝေဒနာရှင်များအတွက် အထောက်အကူပြုပါသည်။ ပူစီနံတွင် ပါဝင်သည့် မင်သော်(Menthol)ဓာတ်သည် နှာပိတ်ခြင်း၊ချောင်းဆိုးခြင်း နှင့်ရင်ကျပ်ခြင်းတို့ကို သက်သာစေနိုင် သောကြောင့် ကလေးလူငယ်များအတွက် အလွန်အသုံးဝင်သည်။ ဦးနှောက်ကို လန်းဆန်းစေပြီး စိတ်ဖိစီးမှုနှင့် ပင်ပန်းနွမ်း နယ်မှုကို လျော့ကျစေနိုင်ခြင်း၊ ပူစီနံလက်ဖက်ရည်နှင့် ပူစီနံဖျော်ရည်တို့ကို သောက်ပေးခြင်းသည် ဝေဒနာများ ကို သက်သာစေနိုင်ပြီး စိတ်ကို လန်းဆန်းတက်ကြွစေနိုင်ပါသည်။ ပိုးမွှားများကို သေစေနိုင်သော အစွမ်း (Antibaterial) ရှိသောကြောင့် ခံတွင်းအနံ့ဆိုး ထွက်ခြင်းနှင့် သွားဖုံးနှင့်သွားကြားရှိ သွားပိုးများကို ဖယ်ရှားပေးကာ ခံတွင်းကျန်းမာရေးကို အထူးကောင်းမွန် စေနိုင်ခြင်း၊ ပူစီနံအရွက်ကို ထောင်းပီးမျက်နှာ ပေါင်းတင်ပေးခြင်းသည် ဝက်ခြံများကို သက်သာ စေပြီး အသားအရေကို အေးမြကြည်လင်စေနိုင်ခြင်း၊ ယားယံခြင်းနှင့် အင်းဆက်ပိုးများကိုက်ခြင်း အတွက် ပူစီနံရည်ကို လိမ်းပေးခြင်းဖြင့် သက်သာစေနိုင်ပါသည်။

          ပူစီနံသည် စိုက်ပျိုးရလွယ်ကူပြီး အိမ်တွင် တစ်နိုင်တစ်ပိုင်စိုက်ပျိုးထားသင့်ပါသည်။ “အစားလည်းဆေး ဆေးလည်းအစာ”ဆိုသလို ပူစီနံသည် ကျန်းမာရေးအတွက် ကောင်းကျိုးများ ရှိသလို သတိပြုစရာ အချက်များလည်း ရှိပါသည်။ အစာအိမ် အချဉ်ပြန်တတ်သူများအတွက် ပူစီနံကိုအလွန်အကျွံ့ စားသုံးပါက ရင်ပူစေနိုင်ကြောင်း လေ့လာသိရှိရသည်။

DOCA(ပဲခူး)