
ရန်ကုန်တိုင်းဒေသကြီး၊ ဒဂုံမြို့သစ်နေ တိုင် ကြားသူတစ်ဦးသည် ကားအရောင်းပြခန်း တစ်ခုထံမှ SUZUKI အမျိုးအစား မော်တော်ယာဉ်ဝယ်ယူခဲ့ရာ မော် တော် ယာဉ် တန်ဖိုးငွေကျပ် ၅၇,၅၀၀,၀၀၀/-တွင် ဝင်ငွေခွန် ၅ % ပါဝင်နေမှုအပေါ် ၅ % နှင့်ပတ်သက် သည့် စာရွက်စာတမ်း အထောက်အထားပေးရန် Car Showroom သို့ တောင်းဆိုခဲ့သော်လည်း ပေးအပ်နိုင်မှုမရှိသောကြောင့် စားသုံးသူရေးရာဦးစီးဌာန၏ Website Complaint System သို့ ဆက်သွယ် တိုင်ကြား လာပါသည်။
ဖြေရှင်းဆောင်ရွက်မှုအခြေအနေ။ တိုင်ကြားမှုနှင့်ပတ်သက်၍ ဌာနမှ တာဝန်ရှိသူများက တိုင်ကြား ခံရသည့် ကားအရောင်းပြခန်းမှ တာဝန်ရှိသူများထံ အကြောင်းကြားဆောင်ရွက်ခဲ့ပါသည်။ ကား အရောင်းပြခန်းမှ တာဝန်ရှိသူများက တိုင်ကြားသူနှင့် ဆက်သွယ်ဖြေရှင်းရာတွင် နှစ်ဦးနှစ်ဖက်ပြေ လည်မှု မရရှိသောကြောင့် ဌာနမှတာဝန်ရှိသူများက တိုင်ကြားသူနှင့် Car Service မှ တာဝန်ရှိသူ များအား ဌာနသို့ ခေါ်ယူတွေ့ဆုံခဲ့ရာ ကားအရောင်းပြခန်းမှ တာဝန်ရှိသူများက အငြင်းပွားမှု ဖြစ်ပွား နေသည့် ဝင်ငွေခွန် ၅ % နှင့် စပ်လျဉ်းသည့် စာရွက်စာတမ်းအထောက်အထားများအား ဌာနမှ တာဝန်ရှိသူများနှင့် တိုင်ကြားသူအား ရှင်းလင်းပြသခဲ့ရာ တိုင်ကြားသူမှ ကျေနပ်လက်ခံသောကြောင့် တိုင်ကြားမှုကို ပိတ်သိမ်းဆောင်ရွက်ခဲ့ပါသည်။
