သနပ်ခါး၏အသုံးဝင်ပုံများ

Powered by Drupal
Wed, 03/18/2026 - 16:31 -- consumer_admin

           သနပ်ခါးဟုဆိုလိုက်လျှင် အထူးမိတ်ဆက်စရာမလိုပဲ လူတိုင်းသိရှိသောအရာတစ် ခုဖြစ်ပါသည်။ မြန်မာနိုင်ငံမှ အမျိုးသမီးများနှင့်ကလေးငယ်များ၏ မျက်နှာပြင်တွင်  အမြဲတွေ့ရပါသည်။ မြန်မာအမျိုးသမီးများသည် ရှေးအစဉ်အဆက်ကာလကတည်းက သနပ်ခါးကိုနှစ်ခြိုက်စွာ လိမ်းခဲ့ကြသည်။ သနပ်ခါးသည်အသားအရေအတွက်ကောင်းကျိုးများတယ်ဆိုတာကို လူတိုင်းနီးပါး သိရှိကြပါသည်။ နွေရာသီလိုမျိုးပူပြင်းသည့်အခါ သနပ်ခါးရေကျဲလေးလူးပေးခြင်းဖြင့် အသားအေးသွားစေပါသည်။ နေရောင်ခြည်ကြောင့် အသားအရေနေလောင်ခြင်းများကိုလည်း သနပ်ခါးလူးပေးခြင်းဖြင့် သက်သာ စေပါသည်။ ခန္ဓာကိုယ်တွင်အပူဖု၊ မိတ်ဖုများထွက်သည့်အခါများတွင်လည်း သနပ်ခါးလေးအုံထား လိုက်ပါက  သက်သာစေနိုင်ပါသည်။ သနပ်ခါးသည် အရေပြားကို ခရမ်းလွန်ရောင်ခြည်ဒဏ်မှ ကာကွယ်ပေးနိုင်သော သဘာဝဆေးတစ်မျိုးလည်းဖြစ်ပါသည်။ သနပ်ခါးသည် အရေပြား အစိုဓာတ်ကို ထိန်းပေးခြင်း၊ သနပ်ခါးအပွေးက ရောင်ရမ်းမှုကိုလျော့ပါး သက်သာစေခြင်း၊ ဝက်ခြံကိုသက်သာစေပြီး ဝက်ခြံကြောင့်ဖြစ်သောအမာရွတ်များကို သက်သာစေခြင်း၊ သနပ်ခါး၏ အေးမြမှုနှင့်မွှေးရနံ့ကြောင့် ကိုယ်ရောစိတ်ပါကြည်လင်စေခြင်း၊ အသေးစားထိခိုက်ရှနာဒဏ်ရာများကို လည်းသနပ်ခါးလူးပေး ခြင်းဖြင့် သက်သာပျောက်ကင်းစေနိုင်ခြင်း၊ အသားဖြူချင်သူများအနေဖြင့်လည်း သနပ်ခါးသည် ဘေးဉပါဒ်မရှိသောဆေးတစ်မျိုးလည်းဖြစ်ပါသည်။  သနပ်ခါ့းကို အသားအရေထိန်းသိမ်းသည့် ပစ္စည်း များဖြစ်သည့်မျက်နှာပေါင်းတင်ဆေး၊ သနပ်ခါးခရင်မ်၊ ဖောင်ဒေးရှင်း၊ ဆပ်ပြာ၊ ဘော်ဒီလိုးရှင်း၊ ရေမွှေးတို့တွင်လည်း ထည့်သွင်းအသုံးပြုကြပါသည်။ မြန်မာအမျိုးသမီးများ၏ပါးပြင်တွင် နှစ်နှစ် ခြိုက်ခြိုက်လူးလေ့ရှိသောသနပ်ခါးသည် အသားအရေ လှပမှုများအတွက် များစွာအထောက်အကူ ပြုပေးပါသည်။ သနပ်ခါး၏အေးမြမှုနှင့်မွှေးရနံ့သည် ကိုယ်ရောစိတ်ပါကြည်လင်စေပြီး ရေချိုးပြီး သနပ်ခါးအေးအေး လေးလူးလိုက်ပါကပင်ပန်းမှုများကို လျော့ကျစေနိုင်ပါသည်။ သနပ်ခါးအမြစ် တုန်းကိုသွေးလိမ်းမည်ဆိုပါက အသားရေချောမွေ့ပြီး ဝက်ခြံကင်းသည့်အသားအရေကို ပိုင်ဆိုင်နိုင် သည့်အပြင် နေလောင်ဒဏ်ကိုလည်း ကာကွယ်ပေးနိုင်ကြောင်းသိရှိရသည်။

DOCA(မန္တလေး)