မန်ကျည်းသီးက အပူပိုင်းဒေသမှာ ပေါက်ရောက်တဲ့ အသီးတစ်မျိုးဖြစ်ပြီး မန်ကျည်းသီးကို မြန်မာလူမျိုးအများစုက ဟင်းပွဲများနှင့် စားသောက်ကုန်အမျိုးမျိုးတွင် အသုံးပြုကြသလို မန်ကျည်း သီးမှာ ဆေးဖက်ဝင် အာနိသင်တွေလည်းရှိပါတယ်။ မန်ကျည်းပင်သည် သစ်မာပင်မျိုးဖြစ်ပြီး မြန်မာနိုင်ငံနဲ့ အပူပိုင်းဒေသ တော်တော်များများမှာ ပေါက်ရောက်ပါတယ်။
မန်ကျည်းသီးက အစာခြေစနစ်ကို တိုးတက်ကောင်းမွန်စေပြီး အမျှင်ဓါတ်ကြွယ်ဝတဲ့ အသီးဖြစ် တာကြောင့် ဝမ်းမှန်စေပြီး အစာအိမ်နဲ့အူလမ်းကြောင်းကို သန့်စင်စေပါတယ်။ မန်ကျည်းသီးက အသည်း၊ အူမကြီးနဲ့ အခြားအစာခြေ အင်္ဂါအစိတ်အပိုင်းတွေကို ကျန်းမာစေပါတယ်။ မန်ကျည်းသီးကို နေ့စဉ်စားသုံးပေးမယ်ဆိုရင် အစာခြေစနစ်ကို တိုးတက်ကောင်းမွန်စေမှာ ဖြစ်ပါတယ်။ သွေးလည် ပတ်မှုကောင်းမွန်စေပြီး မန်ကျည်းသီးမှာ သံဓါတ်ကြွယ်ဝစွာပါဝင်ပြီး သွေးလည်ပတ်မှုကို ကောင်းမွန် စေပါတယ်။ မန်ကျည်းသီးမှာ အာရုံကြောနှင့် မှတ်ဉာဏ်ကိုတိုးတက်စေတဲ့ ဗီတာမင် B6 ကြွယ်ဝ စွာပါဝင်ပါတယ်။
မန်ကျည်းသီးမှာ ရောင်ရမ်းမှုကို တိုက်ဖျက်နိုင်တဲ့အစွမ်းရှိသလို၊ ဘက်တီးရီးယားတွေကို တိုက်ဖျက် နိုင်တဲ့အစွမ်း၊ ရောဂါကာကွယ်နိုင်တဲ့ အစွမ်းတွေလည်း ရှိပါတယ်။ မန်ကျည်းသီးမှာ ကိုယ်ခံအား စနစ်ကို ကောင်းမွန်စေပြီး ခန္ဓာကိုယ်အတွက် မရှိမဖြစ်လိုအပ်တဲ့ သတ္တုဓါတ်တွေ၊ နေ့စဉ်လိုအပ်တဲ့ အမျှင်ဓါတ်နဲ့ ဗီတာမင်စီတို့ ကြွယ်ဝစွာ ပါဝင်တာကြောင့် သွေးသန့်အောင် လုပ်ဆောင်ပေးပါတယ်။ ဗီတာမင်စီ၊ ဗီတာမင်အေနဲ့အခြား ကြွယ်ဝစွာပါဝင်တာကြောင့် အရေပြားရောင်ရမ်းတာနဲ့ ဝက်ခြံတွေကို သက်သာစေပါတယ်။ ကိုယ်ဝန်ဆောင်ချိန် မနက်ခင်း ပျို့အန်ခြင်းလိုမျိုး ဝေဒနာတွေကို သက်သာစေပါတယ်။ မန်ကျည်းသီးက အမျှင်ဓါတ်ကြွယ်ဝပြီး အစားစားချင်စိတ်ကို ဖြစ်ပေါ်စေတဲ့အပြင် သန္ဓေသားကြီး ထွားဖွံ့ဖြိုးမှုကိုလည်း လှုံ့ဆော်ပေး ပါတယ်။ မန်ကျည်းသီးက ဝမ်းတွင်း အေးစေ တဲ့အာနိသင်ရှိပါတယ်။ မန်ကျည်းသီးကို ဆား၊ ငရုတ်ကောင်းတို့နဲ့ ရောစပ်စားသုံးပေးမယ်ဆိုရင် ဝမ်းတွင်းမအီမသာဖြစ်တာများကို သက်သာစေပြီး မန်ကျည်းသီးရဲ့ ကျန်းမာရေးအတွက် အသုံးဝင်ပုံများအား ရေးသားလိုက်ပါတယ်။
Doca(မန္တလေး)
