အိမ်တိုင်းတွင်ဟင်းချက်ရန်အတွက် မြေပဲဆီကိုသာအသုံးများကြပြီး နှမ်းဆီသည်ခါးသက်သက် အရသာရှိသောကြောင့် ဟင်းချက်ရာတွင်အသုံးနည်းသည်။ နှမ်းဆီသည်အခြားသောဟင်းခတ်ဆီများထက်ပြည့်ဝဆီပါဝင်မှုနည်းသောကြောင့်ကျန်းမာရေးကိုအထောက်အကူပြုပေးနိုင်ပါသည်။ ပြည့်ဝဆီ များ သောအစားအစာများသည်နှလုံးကျန်းမာရေးကိုထိခိုက်နိုင်စေသလို ကျန်းမာရေးအတွက်ဘေးထွက် ဆိုးကျိုးများစွာရှိပါသည်။ နှမ်းဆီသည်သွေးတွင်းအဆီနည်းစေပြီးနှလုံးကျန်းမာစေဖို့အကောင်းဆုံးအထောက်အပံ့ပေးနိုင်ပါသည်။ နှမ်းစေ့လေးသည်သေးသေးလေးဆိုသော်လည်း ဗီတာမင်နှင့်သတ္တုဓာတ်များအများဆုံးပါဝင်ပါသည်။ နှမ်းတွင် copper၊ ဇင့်၊ မဂ္ဂနီဆီယမ်၊ သံဓာတ်နှင့်ကယ်လ်ဆီယမ်တို့ပါဝင်သောကြောင့် သွေးလည် ပတ်မှုကောင်းစေပြီး ဇီဝဖြစ်စဉ်ကိုကောင်းစေပါသည်။ copperသည်အရောင်ကျစေနိုင်သော အာနိ သင်ရှိသောကြောင့် အဆစ်မြစ်များရောင်ရမ်းခြင်းနှင့် လေးဖက်နာရောဂါများကိုသက်သာစေနိုင်ပြီး အရိုးများသန်မာစေဖို့အတွက်လည်း အားဖြည့်ပေးပါသည်။ နှမ်းဆီတွင် ဗီတာမင်Eနှင့်အခြားသော ဓာတ်တိုးပစ္စည်းများပါဝင်သောကြောင့်ကျန်းမာရေးအတွက်ပါ အထောက်အကူပြုပါသည်။ နှမ်းဆီကို ပုံမှန် စားသုံးပေးမည်ဆိုပါက သွေးတိုးရောဂါကိုသက်သာစေနိုင်ပြီး သွေးတိုးရောဂါမဖြစ်အောင် လည်းကာကွယ်ပေးနိုင်ပါသည်။ သွေးပေါင်ချိန်ကိုထိန်းညှိပေးပြီး သွေးတိုးကြောင့်နောက်ဆက်တွဲကျန်း မာရေးပြဿာနာများမဖြစ်အောင်လည်း အကောင်းဆုံးကာကွယ်တားဆီးပေးနိုင်ပါသည်။ နှမ်းဆီသည် ရောင်ရမ်းမှုကိုသက်သာစေနိုင်သလို ဘတ်တီးရီးယားများကိုလည်း အထိရောက်ဆုံးတိုက်ဖျတ် ပေးနိုင် ပါသည်။ အရေပြားအစိုဓာတ်ကိုထိန်းသိမ်းပေးနိုင်သလိုဆဲလ်အသစ်များဖြစ်ပေါ်စေဖို့အတွက်လည်းအားဖြည့်ပေးပါသည်။နှမ်းဆီတွင်ပါဝင်သော အမိုင်နိုအက်ဆစ်တစ်မျိုးသည် စိတ်ဖိစီးမှုကိုလျော့ကျစေပြီး စိတ်ခံစားမှုအားကောင်းစေပါသည်။ နှမ်းဆီသည်ခံတွင်းထဲရှိဘတ်တီးရီးယားများကို အထိရောက်ဆုံး တိုက်ဖျတ် ပေးပြီးခံတွင်းမှအနံ့ဆိုးများထွက်ခြင်းမှလည်း ကာကွယ်ပေးနိုင်ပါသည်။ နှမ်းဆီကိုမနက် စောစော လက်ဖက်ရည်ဇွန်းတစ်ဇွန်းစားသုံးပေးပါကခန္ဓာကိုယ်အတွင်းမှအဆိပ်အတောက်များကိုဖယ်ရှားပေးနိုင်ကြောင်းလေ့လာသိရှိရသည်။
DOCA(မန္တလေး)
