အသည်းကျန်းမာအောင်နေထိုင်ပုံ

Powered by Drupal
Mon, 03/09/2026 - 15:38 -- consumer_admin

                    အသည်းကျန်းမာလျှင် မျက်နှာဝင်းပပြီး တစ်ကိုယ်လုံး လန်းဆန်းတက်ကြွနေမှာ ဖြစ်ပါ တယ်။ အိပ်ရေးမဝခြင်းဟာအသည်းကို ပျက်စီးစေပြီး မျက်လုံးဝါတာ၊ အသားဝါတာတွေကို ဖြစ်ပေါ်စေနိုင်ပါတယ်။ "ခန္ဓာကိုယ်ကို လိမ်ဖယ်တဲ့ပုံစံ လေ့ကျင့်ခန်းဟာ အသည်းရဲ့လုပ်ဆောင် ချက်တွေကို နှိုးဆွပေးပြီး ခန္ဓာကိုယ်ထဲက အဆိပ်အတောက်တွေကို ဖယ်ရှားရာမှာ အထိရောက်ဆုံး နည်းလမ်းတစ်ခုဖြစ်ပါတယ်။ အသည်းအပါအဝင် ကိုယ်တွင်းအင်္ဂါတွေကို နှိပ်နယ်ပေးခြင်း ခန္ဓာကိုယ် ကို လိမ်ဖယ်လိုက်တဲ့အခါ အသည်းတည်ရှိရာ ဝမ်းဗိုက်ညာဘက်ခြမ်းကို အသာအယာဖိညှစ် ပေးသလို ဖြစ်စေပါတယ်။ ​ရေမြှုပ်တစ်ခုကို ညှစ်ထုတ်ပြီး ပြန်လွှတ်လိုက်သလို အသည်းကို ညင်သာ စွာ နှိပ်ပေးခြင်းဖြစ်ပါတယ်။ ​လေ့ကျင့်ခန်းပုံစံကို လွှတ်လိုက်တဲ့အခါ အသည်းထဲကို သွေးလည်ပတ်မှု အားကောင်းစွာ ပြန်လည်စီးဝင်စေပါတယ်။ ​အသည်းရဲ့ အဆိပ်အတောက်ဖယ်ရှားခြင်းနဲ့ သည်းခြေ ရည် ထုတ်လုပ်ခြင်းလုပ်ငန်းစဉ်ကို အားပေးပါတယ်။ ​ကိုယ်ကိုဒီလိုလိမ်ဖယ်ခြင်းက ကိုယ်တွင်းအင်္ဂါ တွေထဲက သွေးလှည့်ပတ်မှုကို‌ကောင်းစေပြီး အဓိက အူလမ်းကြောင်း၊ အသည်းနဲ့ ကျောက်ကပ် တစ်ဝိုက်မှာ အထောက်အကူပြု၍ ​အောက်ဆီဂျင်နဲ့ အာဟာရဓာတ်ကြွယ်ဝတဲ့ သွေးသစ်တွေ ပြန်လည်ဝင်ရောက်လာတဲ့အခါ အသည်းက ပိုမိုထိရောက်စွာ အလုပ်လုပ်နိုင် လာပါတယ်။ အသက်ရှူခြင်းနဲ့ဆက်စပ်မှု ​ခန္ဓာကိုယ်လိမ်ဖယ်တဲ့ ပုံစံကို အသက်ပြင်းပြင်းရှူခြင်းနဲ့ ဟန်ချက်ညီ လုပ်ဆောင်ရပါတယ်။ ​ရင်ဝမ်းခြားကြွက်သား လှုပ်ရှားမှုကအသည်းကို အပေါ်ဘက်ကနေ ပွတ်သပ် နှိပ်နယ်ပေးသလို ဖြစ်စေပါတယ်။ ​ဝမ်းဗိုက်နဲ့ အသက်ရှူခြင်းက အသည်းကို အပြင်ရောအတွင်းပါ လှုပ်ရှားစေပါတယ်။ ​အသည်းနဲ့ ဆက်စပ်နေတဲ့ စိတ်ဖိစီးမှုတွေကိုလည်း ပြေလျော့စေပါတယ်။ အစာခြေစနစ်ကို ကူညီပေးခြင်း၊ အသည်းက အဆီတွေကို ချေဖျက်ပေးတဲ့ သည်းခြေရည်ကို ထုတ်ပေးပါတယ်။​ ခန္ဓာကိုယ်လိမ်ဖယ်ခြင်းက အူလမ်းကြောင်းကိုနှိုးဆွပေးလို့ အစာခြေစနစ် ကောင်းမွန်စေပါတယ်။ အစာခြေစနစ်ကောင်းရင် အဆိပ်အတောက်ဖယ်ရှားမှု ကောင်းမွန်လာပြီး အသည်းလည်းပေါ့ပါးသွားပါတယ်။ လေ့ကျင့်ခန်းလုပ်ဆောင်နည်း အဆင့်ဆင့် အိပ်ရာပေါ်မှာ ပက်လက်အိပ်ပြီး ဒူးနှစ်ဖက်ကို ရင်ဘတ်နားအထိ ကွေးတင်ကာ လက်နဲ့ဆွဲ ဖက်ထားပါ။ ပြီးနောက် ဒူးနှစ်ဖက်လုံးကို ဘယ်ဘက် (သို့) ညာဘက်သို့ ဖြည်းဖြည်းချင်း လိမ်ချလိုက်ပါ။ မျက်နှာကိုဒူးနဲ့ ဆန့်ကျင်ဘက်သို့ လှည့်ပါ ဒီပုံစံအတိုင်း ၁ မိနစ်မှ ၅ မိနစ်အထိ အသက်ရှူမှန်မှန်နဲ့ နေပေးပါ။ ပြီးရင် နောက်ထပ်တစ်ဖက်ကို အလားတူပြောင်းလုပ် ပေးခြင်းဖြင့် အသည်းကိုကျန်းမာစေကြောင်း လေ့လာသိရှိရသမျှ  ဝေမျှလိုက်ပါတယ်။  

DOCA(မန္တလေး)