ကြက်သွန်ဖြူ၏ကျန်းမာရေးအသုံးဝင်ပုံ

Powered by Drupal
Mon, 03/09/2026 - 15:26 -- consumer_admin

          ကြက်သွန်ဖြူသည် သဘာဝအလျှောက်ဆေးဖက်ဝင်ပြီး ရှေးယခင်ကတည်း ကိုယ့်နည်းကိုယ် ဟန်နဲ့ဆေးဖော်စပ်၍ အသုံးပြုကြသည်။ ကြက်သွန်ဖြူ ပုံမှန်စားသုံးနေသူ တစ်ဦးမှာ ကိုယ်ခံအား ကောင်းပြီးအပြင်မှာ အလွယ်တကူ ကူးဆက်နိုင်တဲ့ရောဂါများကို တားဆီးကာကွယ်ပေးပါသည်။  ကြက်သွန်ဖြူမှာ အခြားသော ကျန်းမာရေးအကျိုးကျေးဇူးများ လည်းရှိနေကြောင်း သိရှိရပါသည်။ သွေးကြော အဆီပင်မှုကိုကာကွယ်ပေးခြင်း၊ ကိုလက်စ်ထရော လျော့ချပေးခြင်း၊ သွေးဖိအားလျော့ ချပေးခြင်း၊ လေးဘက်နာ ဂေါက်ရောဂါကိုကုသနိုင်ခြင်း၊ အအေးမိအဖျား ပျောက်ကင်းစေခြင်း၊ အသက် ရှုလမ်းကြောင်းနှင့်ဆိုင်သောရောဂါများပျောက်ကင်းစေနိုင်ခြင်း၊ အဆုတ်နှင့် ဆက်စပ်ရောဂါကိုပျောက် ကင်းစေနိုင်ခြင်း၊ ပြည်တည်နာကိုကျက်စေနိုင်ခြင်း၊ ဆီးလမ်းကြောင်းမှတစ်ဆင့် ကူးဆက်သောရောဂါ များအားပျောက်ကင်းစေနိုင်ခြင်း၊ဝမ်းတွင်းအစာချေဖြတ်မှုလုပ်ငန်းအား မြန်ဆန်စေနိုင်ခြင်း၊ ကင်ဆာ ရောဂါအများစုကို မဖြစ်စေရန်ကာကွယ်ပေးနိုင်ခြင်း၊ ဓာတုဆေးအဆိပ်တို့ကိုပြေစေနိုင်ခြင်း၊ သွေးမခဲ စေရန် တားဆီးကာကွယ်ပေးနိုင်ခြင်း၊ အစားစားချင်စိတ် ဖြစ်ပေါ်စေနိုင်ခြင်း၊ အင်းဆက်နှင့် ပိုးကောင် ကိုက် ဒဏ်ရာများအား ကုသပေးနိုင်ခြင်း၊ မျက်စိအတွင်း တိမ်ကိုသက်သာစေနိုင်ခြင်း၊ ဆီချိုရောဂါ ကာကွယ်ပေးနိုင်ခြင်း၊ အဆစ်ရောင်ရောဂါများအား သက်သာစေနိုင်ခြင်း၊ သွားကိုက်ရောဂါ သက်သာ စေနိုင်ခြင်း၊ ဝက်ခြံပျောက်ကင်းစေနိုင်ခြင်း၊ ကိုယ်ခံအားတိုးစေခြင်းဖြင့်ရောဂါများ သက်သာပျောက် ကင်းစေနိုင်ကြောင်းသိရှိရသည်။ မြင်းခြံမြို့အေးမြသီတာဈေးတွင် ဖေဖော်ဝါရီလနောက်ဆုံးပတ် ဗမာကြက်သွန်ဖြူ (၂၅)ကျပ်သားလျှင်(၁၅၀၀)ကျပ်၊ ၁ပိဿာလျှင် (၅၀၀၀)ကျပ်ဈေးဖြင့် အရောင်းအ ဝယ်ဖြစ်လျှက်ရှိကြောင်း သိရှိရသည်။

DOCA(မန္တလေး)