တောင်သူလယ်သမားများတင်မြှောက်သော အညာရိုးရာပုန်းမကြည်ရှင်မအကြောင်း

Powered by Drupal
Mon, 03/09/2026 - 15:21 -- consumer_admin

                    တောင်သူလယ်သမားများသည် တပေါင်းလကောက်သစ်ပေါ်ချိန်မှာ ပုန်းမကြည်ရှင်မကို သီးနှံအထွက်နှုန်းများ ကောင်းစေရန် ပူဇော်ပသကာ ပုဗ္ဗကြယ်၊ အမိကမ္ဘာမြေနတ်၊ စပါးစောင့်လိပ်ပြာတွေကို ပူဇော်တဲ့ ဓလေ့ဖြစ်ပါတယ်။ ပုန်းမကြည်သည် တပေါင်းလ အခါသမယ၌ အညာဓလေ့ရှိ တောင်သူလယ်သမားများ တင်မြှောက်ပသရသော နတ်ဖြစ်လေသည်။ ပုန်းမကြည်သည် ပုဗ္ဗကြယ်နှင့် ဆက်စပ်နေပြီး နက္ခတာရာအနေအထားအရ ကမ္ဘာမြေပြင်ရှိ သစ်ပင်တောတောင်များသည် တပေါင်းလတွင် ပုဗ္ဗကြယ်သည် တစ်စုံတစ်ခုသောအပင်၌ ဝပ်တတ်လေသည်။ ထိုပုဗ္ဗကြယ်ဝပ်သောအပင်မှာ ဩဇာအဆီအနှစ်ပျံ့နှံ့၍ အပင်အရွက်၊ အသီး၊ အပွင့်တို့ကို သန်စွမ်းစေသည်။ ပုန်းမကြည်နတ်ကို မိုးခေါင်သည်ဖြစ်စေ၊ မိုးကောင်းသည်ဖြစ်စေ၊ လယ်ယာဆွံ့သည်ဖြစ်စေ၊  ဖွံ့ဖြိုးသည်ဖြစ်စေနှစ်စဉ်ပူဇော်ပသကြသည်။ လယ်သမား၊ ကိုင်းသမား၊ ယာသမား၊ ကျွန်းသမားများ အားထားသည်နှင့်အမျှ တင်မြှောက်ပုံနည်းဓလေ့ထုံးစံများလည်း မတူကြဘဲကွဲပြားကြသည်။ မြင်းခြံမြို့အညာဒေသ၌ ‌ဆောင်းနှောင်းပိုင်းကာလ ဖြစ်သော တပေါင်းလဆန်းပိုင်းမှစ၍ပုန်းမကြည်နတ်အားတင်မြှောက်ပုံမှာလယ်သမားတို့သည် ကောက်ညှင်း ပေါင်း၊ လက်ဖက်၊ အုန်းငှက်ပျော၊ကန်တော့ပွဲအစုံအလင်၊  မုန့်ဆီကြော်အနီ/အဖြူ၊ ငါးကြော်၊ ကျောက်ပျဉ်၊ သနပ်ခါး၊ မှန်၊ ဆန်မှုန့်တို့ဖြင့်ပြုလုပ်ထားသာ နွားရုပ်ပုံနှင့် ထွန်းတုံးပုံစသည်တို့ကို ပြုလုပ်၍ မိမိတို့၏အိမ်ရှေ့တွင် အိုးသစ်နှင့်ထည့်ကြိုးနှင့်ဆွဲကာ စပါးပုံကို ဝိုင်းပတ်ကခုန်ကြ၍ လယ်သမားများသည် စပါးဆန်ရေနှင့် သီးနှံအထွက်နှုန်းများ ဆတက်ထမ်းပိုးတိုး၍ရစေသား ဟူ၍ ပူဇော်ပသသော အညာရိုးရာ ပုန်းမကြည်ရှင်မအကြောင်း သိရှိသမျှ ရေးသားလိုက်ပါတယ်။

DOCA(မန္တလေး)