
စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာမြို့နယ်၊ ထနောင်းတော၊ သစ်စိမ့်၊ ဘုမ္မနိုးကျေးရွာတွင် ပဲမျိုးစုံသီးနှံများ စိုက်ပျိုးသည့်အနက် ဟင်းသီးဟင်းရွက်သီးနှံများလည်း တစ်နိုင်တစ်ပိုင် တစ်ဧက စိုက်ပျိုးထားရှိကြောင်း သိရသည်။
ဘူးပင်ကို ဇွန်လလယ်တွင် စတင်စိုက်ပျိုးပြီး စက်တင်ဘာလတွင် ခူးဆွတ်ရကြောင်း၊ မျိုး အနေဖြင့် ဘူးလည်လှမျိုးနှင့် ဘူးရှည်မျိုးများကို စိုက်ပျိုးကြပြီး တစ်ဧကလျှင် မျိုးစေ့ ၁၀၀ ဂရမ်ပါ အထုပ် ၁၈ ထုပ်ခန့် ကုန်ကျကြောင်း၊ စိုက်ပျိုးရာတွင် မြေအောက်ရေတင်စနစ်ဖြင့် စိုက်ပျိုးပြီး တစ်ပေခွဲအကွာ ကျင်းတူး၍ အစေ့ချ စိုက်ပျိုးရကြောင်း၊ စိုက်ပျိုးမှု ကုန်ကျစရိတ်အနေဖြင့် မျိုး၊ သွင်းအားစု၊ လုပ်သားခ အပါအဝင် တစ်ဧကလျှင် ငွေကျပ် ၁၀ သိန်းခန့် ကုန်ကျပြီး အထွက်နှုန်းအနေဖြင့် ဘူးသီး အလုံးရေ ၄၅၀၀-၅၀၀၀ ခန့်ထွက်ရှိကြောင်း၊ ဈေးနှုန်းအနေဖြင့် ဘူးသီးအလုံးအရွယ်အစားအပေါ် မူတည်၍ မတ်လ ပထမပတ်တွင် ဘူးသီးတစ်လုံးလျှင် လက်ကားဈေး ငွေကျပ် ၅၀၀-၁၀၀၀ နှုန်းဖြင့် ရောင်းချရပြီး အကျိုးအမြတ်အနေဖြင့် တစ်ဧကလျှင် ငွေကျပ် ၁၂ သိန်းကျော်ခန့်ရရှိကြောင်း၊ ဈေးကွက်အနေဖြင့် အကြော်လုပ်ငန်းသို့လည်းကောင်း၊ ကုန်စိမ်းသည်များမှ စိုက်ခင်းအထိ လာရောက် ဝယ်ယူကြပြီး မုံရွာမြို့ပေါ်သို့ ပြန်လည် ရောင်းချကြကြောင်း၊ ဘူးသီးပင်စိုက်ပျိုးခြင်းသည် ဘူးသီးများ သာမက ဘူးညွန့်(ဘူးရွက်)များပါ ရောင်းချရသောကြောင့် အပိုဝင်ငွေများရရှိပြီး တောင်သူများ အနေဖြင့် အကျိုးအမြတ်များ ပိုမိုရရှိကာ အဆင်ပြေလျက်ရှိကြောင်း သိရသည်။
DOCA(စစ်ကိုင်း)
