
ကုလားပဲတွင် ပရိုတင်းဓာတ်ပါဝင်မှုများ၍ အာဟာရဓာတ်ကြွယ်ဝပြီး ဈေးနှုန်းချိုသာစွာ အလွယ် တကူဝယ်ယူရရှိနိုင်သည့်အပြင် အမဲသားနှင့် ကုလားပဲသည် တူညီသောအာဟာရဓာတ်ရှိသည်။ ထို့ကြောင့် သက်သတ်လွတ် အမြဲစားသူများအနေဖြင့် ကုလားပဲကို မဖြစ်မနေ စားပေးသင့် သည်။ ကုလားပဲတွင် ကစီဓာတ်နှင့် အသားဓာတ်တို့ အဓိကပါဝင်၍ ကစီဓာတ်သည် ခန္ဓာကိုယ် ကြီးထွားရေးအတွက် မဖြစ်မနေလိုအပ်သကဲ့သို့ သွားလာလှုပ်ရှားမှုနှင့် အသက်ရှင်နေထိုင်မှု တို့အတွက် အင်အားအများ ဆုံးပေးသော ဓာတ်လည်းဖြစ်သည်။ ထိုမျှမကကုလားပဲသည် ပင်ပန်း နွမ်းနယ်မှုကို ပြေပျောက်စေ၍ ခန္ဓာကိုယ်မွမ်းမံမှု၊ သွေးသားညီညွတ်မှုတို့ကိုလည်း ၎င်းကစီဓာတ်က စွမ်းဆောင်ပေးနိုင်သည်။
အသားဓာတ်သည် ခန္ဓာကိုယ်တည်ဆောက်ရေးအတွက် မဖြစ်မနေလိုအပ်သောဓာတ်ဖြစ် သည်။ လူ့ခန္ဓာကိုယ်သည် အသားဓာတ်များဖြင့် ဖွဲ့စည်းထားပြီး လူသားတို့အသက်ရှင်ရေးအတွက် ရေပြီးလျှင် ဒုတိယမြောက် အရေးအကြီးဆုံးဓာတ်မှာ အသားဓာတ်ဖြစ်သည်။ အရိုးတွေကိုကြံ့ခိုင် သန်စွမ်းစေနိုင်သော သံဓာတ်စသည်တို့ပါဝင်ပြီး အသက်အရွယ်ရလာလို့ဖြစ်လာတဲ့ အရိုးပွ တာမျိုးမဖြစ်အောင်ကာကွယ်ပေးတဲ့ သတ္တုဓာတ်များလည်းပါဝင်သည်။ ကလေးများတွင် အသား ဓာတ်မလုံလောက်ပါက ကြီးထွားမှုရပ်ဆိုင်းပြီး အရပ်ပုကာ လူစဉ်မမီဖြစ်တတ်သလို အရွယ် ရောက် ပြီးသူတွေမှာ အသားဓာတ်လုံလောက်စွာမရရှိပါက အင်အားကုန်ခန်းပြီး ကိုယ်စိတ်နှလုံး ပင်ပန်းခြင်း၊ ကတုန်ကယင်ဖြစ်ခြင်း၊ ရောဂါရလွယ်ခြင်းတို့ဖြစ်တတ်သဖြင့် အသားဓာတ် ရရှိနိုင်သော ကုလားပဲကို စားသုံးပေးသင့်သည်။
ကုလားပဲသည်ဆိမ့်၏။ ဖန်၏။ ဝမ်းကိုပွစေတတ်ပြီးလျှင် လေပုပ်များကို လှည့်စေတတ်၏။ သို့သော် မန်ကျည်းမှည့်အနှစ်ကို အနည်းငယ်မျှခတ်စားလျှင် အစာကြေ၍ ဆီးဝမ်းအမှန်သွား၏။ တစ်နည်း အားဖြင့် ကုလားပဲဟင်းချက်၍ တစ်ဝက်ကျက်သောအခါ ရှိန်းခိုနံ့မထွက်အောင် အနည်းငယ်မျှ ခတ်၍ချက်လျှင် အစာကြေ၏။ ဆီး၊ ဝမ်းကိုမှန်စေ၏။ ဟိန္ဒူလူမျိုးတို့သည် ကုလားပဲကို အစာကြေ စေရန် မဆလာနှင့် ချက်ပြုတ်စားသောက်ကြသည်။ ကုလားပဲသည် ကြက်ဥနှင့် အာဟာရတူညီ ကြောင်း ကုလားပဲခြမ်းအစိမ်းကို အသက်အရွယ်အလိုက် မိမိလက်တစ် ဆုပ်စာ ပမာဏကိုရေ တစ်ဖန်ခွက် ညသိပ်စိမ်ပြီး နံနက်အိပ်ရာထမှာ အရည်ရောအဖတ်ပါ အားလုံးစားပါ။ ဤနည်းက ကြက်ဥတစ်လုံးစားခြင်းနှင့် ညီမျှသည်။ ကုလားပဲက တောင်သူဦးကြီး များအတွက် ဆောင်းသီးနှံ ဖြစ်သော်လည်း ပွဲရုံများတွင် သိုလှောင်ရောင်းချကြသဖြင့် တစ်နှစ်ပတ် လုံး ကုလားပဲကို ဝယ်ယူစားသုံးနိုင်သဖြင့် ကျန်းမာရေးနှင့် အာဟာရပြည့်ဝသော ကုလားပဲကို စားသုံးသင့်ပေသည်။
DOCA(မန္တလေး)
