
လောက်သေပင်သည် တောတောင်များနှင့်လူနေအိမ်ခြံစည်းရိုးများ၊ လမ်းဘေးဝဲယာများနှင့် တောတောင်များတွင် အလေ့ကျပေါက်ရောက်တတ်ပြီး နာမည်နှင့်လိုက်ဖက်အောင် ပိုးမွှားများကို သေစေနိုင်သည့်အစွမ်းရှိသောအပင်တစ်မျိုးဖြစ်သည်။ ရှေးယခင်ထဲက လောက်သေရွက်ကို စိုက်ပျိုးရေးနှင့်ကျန်းမာရေးအတွက် ယုံကြည်စိတ်ချစွာအသုံးပြုခဲ့ကြသည့်အပြင် ယနေ့ခေတ်တွင် သဘာဝစိုက်ပျိုးရေးလောကတွင် တစ်ဖန်အရေးပါလာသည်။
မြန်မာနိုင်ငံတွင်လောက်သေရွက်ကို အခြောက်ခံပြီးရေနွေးကြမ်းအစားပြုတ်ပြီး သောက်သုံးပေးလျှင် ချောင်းဆိုးရောဂါများသက်သာပျောက်ကင်းစေနိုင်ပြီး နေ့စဉ်ပုံမှန်သောက်သုံးပေးလျှင် အဆုတ်ကိုသန့်စင်ပေးနိုင်သည်ဟုလည်း သိရပြီး ရှေးလူကြီးများသည် ဆန်အိုး၊ ပဲအိုးများအတွင်းပိုးဟပ်၊လောက်ကောင်များမတွယ်စေရန်လောက်သေရွက်ခြောက်များကိုထည့်သွင်းလေ့ရှိပါသည်။လောက်သေရွက်သည် ငွေကုန်ကြေးကျမရှိဘဲ သဘာဝကပေးအပ်ထားသည့် အဖိုးတန် ဆေးဝါးနှင့် ပိုးသတ်ဆေးတစ်မျိုးပင်ဖြစ်သည်။
DOCA( ပဲခူး)
