သဘာဝဓာတ်စာ နှမ်းကြတ်စေ့ကောင်းကျိုး

Powered by Drupal
Thu, 02/19/2026 - 13:58 -- consumer_admin

           ခေတ်ကာလတိုးတက်လာသည်နှင့်အမျှ လူသားတို့သည်ကျန်းမာရေးနှင့်ညီညွတ်သော အစားအစာများကို ပိုမိုရွေးချယ်စားသုံးလာကြရာ နှမ်းကြတ်စေ့သည် ကျန်းမာရေးလိုက်စားသူများ အကြားရေပန်းစားလာသည့် ဓာတ်စာတစ်ခုဖြစ်လာပါသည်။ သေးငယ်သောအစေ့အဆန်လေး များဖြစ်သော်လည်း ခန္ဓာကိုယ်အတွက် အကျိုးပြုသည့်အာဟာရဓာတ်များစွာပါဝင်နေခြင်းကြောင့် စွမ်းအားဖြစ်အစားအစာတစ်ခုအဖြစ်လည်းသတ်မှတ်လာကြပါသည်။ နှမ်းကြတ်စေ့တွင် အမျှင်ဓာတ် များစွာပါဝင်ခြင်းကြောင့် အစာခြေစနစ်ကိုကောင်းမွန်စေပြီး ဝမ်းမှန်စေသောကြောင့် ခန္ဓာကိုယ် အဆီကျလှပစေပါသည်။

            နှမ်းကြတ်စေ့သောက်သုံးသောအခါ ပိုမိုထိရောက်စေရန်အတွက် အမှုန့်ကြိတ်၍စားသုံးခြင်း က အကောင်းဆုံးဖြစ်ပြီး နှမ်းကြတ်စေ့မှုန့်ကို ဖျော်ရည်၊ ဒိန်ချဉ်စသည်တို့ဖြင့်ရောစပ်၍ သောက်သုံး နိုင်ပါသည်။ ပေါင်မုန့်၊ ကိတ်မုန့်နှင့်ကွတ်ကီး များပြုလုပ်ရာတွင် ထည့်သွင်းအသုံးပြုခြင်းဖြင့်လည်း အာဟာရတန်ဖိုးကိုမြှင့်တင်ပေးပါသည်။ နှမ်းကြတ်စေ့မှထုတ်ယူသော နှမ်းကြတ်ဆီကို အလှကုန် များတွင်လည်းသုံးစွဲနိုင်ပြီး ဆံသားအတွက်လည်း နှမ်းကြတ်စေ့ကို ရေနွေးဖြင့် ပြစ်ချွဲသည်အထိ ကျိုချက်ပြီး ရရှိလာသောအရည်ကို ခေါင်းမလျှော်ခင် ဦးရည်ပြားပေါ်သုတ်လိမ်းပေးထားခြင်းဖြင့် လည်း ဆံသားများအမြစ်မှသန်စွမ်းစေပြီး ဆံပင်ကျွတ်ခြင်းမှကာကွယ်ပေးနိုင်ပါသည်။

          နှမ်းကြတ်စေ့ကို တစ်နေ့တစ်ခွက် ရေနွေးအဖြူနှင့်ရောစပ်၍ ပုံမှန်သောက်သုံးပေးခြင်းအား ဖြင့် ကျန်းမာရေးအတွက်သာမက အလှအပရေးရာအတွက်ပါအထောက်အကူပြုစေနိုင်ပါသည်။ သက်သတ်လွတ်စားသုံးသူများအတွက်လည်း ငါးဆီမှရရှိသောအာဟာရကို အစားထိုးပေးနိုင်သည့် အကောင်းဆုံးဖြည့်စွက်စွာသဘာဝဓာတ်စာတစ်ခုပင်ဖြစ်ပါသည်။

DOCA( ပဲခူး)