
ဧရာဝတီတိုင်းဒေသကြီး၊ မြန်အောင်ခရိုင်၊ ကြံခင်းမြို့နယ်တွင် လယ်ယာစိုက်ပျိုးရေးလုပ်ငန်းများ ကိုအဓိကထား လုပ်ကိုင်ကြပြီး စပါး၊ ပဲ၊ ပြောင်း၊ နှမ်း စသည့်သီးနှံများ စိုက်ပျိုးသည့်အပြင် စားဖိုဆောင် သီးနှံများကိုလည်း ရာသီအလိုက် စိုက်ပျိုးလျက်ရှိရာ ရုံးပတီသီးကိုလည်း စီးပွားဖြစ် စိုက်ပျိုး ကြ ကြောင်း သိရသည်။
ရုံးပတီသီးမျိုးအနေဖြင့် ပင်ပုမျိုး၊ ပင်လတ်မျိုး၊ ပင်မြင့်မျိုးများဖြစ်ပြီး ပင်မြင့်မျိုး (Finger One) ရုံးပတီမျိုးကို အများဆုံး စိုက်ပျိုးကြကြောင်း၊ ဥယျဉ်ခြံမြေတစ်ဧကလျှင် မျိုးစေ့ ၁၂ ထုပ် စိုက်ပျိုးရပြီး စိုက်ပျိုးမှု ကုန်ကျစရိတ်အနေဖြင့် မျိုး၊ သွင်းအားစု၊ လုပ်သားခ အပါအဝင် စုစုပေါင်း ငွေကျပ် ၇၀၀၀၀၀ ခန့် ကုန်ကျကြောင်း၊ ရုံးပတီသီးနှံကို စိုက်ပျိုးပြီး ၄၅ ရက်အကြာတွင် စတင်ခူးဆွတ်ရ၍ တစ်ရက်ခြား တစ်ကြိမ် ခူးဆွတ်လျက်ရှိရာ သက်တမ်းအနေဖြင့် ၂ လထိ ခူးဆွတ်ရကြောင်း၊ အထွက် နှုန်းအနေဖြင့် တစ်ဧကလျှင် ရုံးပတီသီးပိဿာချိန် ၁၀၀၀ ခန့် ထွက်ရှိပြီး ဈေးနှုန်းအနေဖြင့် လက်ကားဈေး တစ်ပိဿာ လျှင် ၂၂၀၀ မှ ၂၃၀၀/-ဈေးနှုန်းများဖြင့် အရောင်းအဝယ် ဖြစ်လျက်ရှိကြောင်း၊ ဒေသတွင်း ဈေးကွက် တွင် လက်လီရောင်းချမှုအနေဖြင့် ၁၀ တောင့် တစ်စီးလျှင် ၅၀၀/- ကျပ်ဖြင့် ရောင်းချရလျက်ရှိပါသည်။ အကျိုးအမြတ် အနေဖြင့် တစ်ဧကလျှင် ၁၅ သိန်းဝန်းကျင် ရရှိပြီး ဈေးကွက်အနေဖြင့် ကုန်စိမ်းပွဲစားများ မှာ စိုက်ခင်းအထိ လာရောက်ဝယ်ယူကြကြောင်း၊ ရုံးပတီသီးပင်သည် ရာသီမရွေး စိုက်ပျိုးနိုင်ပြီး ဈေးကောင်းရရှိသည့်အတွက် တောင်သူများအနေဖြင့် အကျိုးအမြတ်များ ပိုမိုရရှိကြောင်း၊ ကျန်းမာရေး အထောက်အကူဖြစ်သော သီးနှံဖြစ်သည့်အတွက် စားသုံးမှု များပြားလျက်ရှိကြောင်း သတင်းရရှိပါ သည်။
(DOCA ဧရာဝတီ)
