လိမ္မော်သီးတွင်ဗီတာမင်ကြွယ်ဝစွာပါဝင်ကြောင်း

Powered by Drupal
Wed, 02/18/2026 - 16:13 -- consumer_admin

    လိမ္မော်သီးသည် မြန်မာနိုင်ငံနေရာအနှံအပြားတွင်ရရှိနိုင်သော လူကြိုက်များသည့် ချိုချဉ်အရသာရှိသောအသီးတစ်မျိုးဖြစ်၍ ကျန်းမာရေးအတွက် ဗီတာမင်စီကြွယ်ဝသောကြောင့် ကလေးမှသည် လူကြီးအထိကြိုက်နှစ်သက်သည့် အသီးအနှံတစ်မျိုးဖြစ်ကြောင်းသိရှိရသည်။ ကယ်လိုရီ၊ ကစီဓာတ်၊ အသားဓာတ်၊ အဆီဓာတ်နှင့် အမျှင်ဓာတ်ကြွယ်ဝသောကြောင့် လိမ္မော်သီးကို တစ်နေ့တစ်လုံး စားသုံးသင့်ကြောင်း၊ ဗီတာမင်စီနှင့် ဗီတာမင်ဘီဓာတ်ပါဝင်သောကြောင့် ကိုယ်ခံအားစနစ်ကို မြှင့်တင်ပေးခြင်း၊ အရေပြားကျန်းမာရေးအတွက်အထောက်အကူပြု၍ နှာခေါင်းနာ၊ လျှာကွဲနာ၊ ပါးစပ်ထောင့် ကွဲသောရောဂါများကိုသက်သာစေကြောင်း၊ ဖောလစ် အက်ဆစ်ကြွယ်ဝသောကြောင့် အမျိုးသမီးများနှင့် ကိုယ်ဝန်ဆောင်မိခင်လောင်းများ စားသုံး သင့်ကြောင်း၊ ကျောက်ကပ်ကျောက် တည်ခြင်းကိုကာကွယ်ခြင်း၊ နှလုံးအားကောင်းစေခြင်း၊ သွေးအားကောင်း၍ သံဓာတ်စုပ်ယူမှုအား ကောင်းခြင်း၊ ဓာတ်တိုးဆန့်ကျင်ဓာတ်များ ပါဝင် သောကြောင့် ကင်ဆာရောဂါကို လျှော့ချပေးနိုင်ကြောင်း၊ အမျှင်ဓာတ်များကြွယ်ဝစွာ ပါဝင် သောကြောင့် ဆီးချိုရောဂါကိုထိန်းပေး၍ ဝမ်းချုပ် ခြင်းကိုကာကွယ်ကြောင်း၊ တစ်ပတ်လျှင် (၂-၃) ကြိမ်စားပေးသင့်ကြောင်း၊ ဖျော်ရည်ဖျော်သောက်ခြင်းထက် အသီးအတိုင်းစားပါက ဆေးဖက်ဝင်ပြီး ခန္ဓာကိုယ်အတွက် အကျိုးပြုကြောင်း၊ ပိုတက်ဆီယမ်ကြွယ်ဝသောကြောင့် နှလုံးကျန်းမာရေး အတွက် အထောက်အကူပြုကြောင်း၊ ဗီတာမင်အေကြွယ်ဝစွာပါဝင်သောကြောင့် မျက်စိကျန်းမာရေး အတွက်ကောင်းမွန်ကြောင်း၊ ဗီတာမင်စီ ကြွယ်ဝစွာပါဝင်သောကြောင့် အရေပြား အတွက် ကော်လာဂျင်ထုတ်လုပ်မှုကို အထောက်အကူပြု၍ အရေးအကြောင်းများကို ကာကွယ် ပေးသဖြင့် အရသာရှိသောလိမ္မော်သီးသည်  နေ့စဉ်စားသုံးသင့်သော  သစ်သီးတစ်မျိုးဖြစ်ကြောင်း လေ့လာသိရှိရသည်။

DOCA(မန္တလေး)