ဂျင်း၏ကျန်းမာရေးအကြောင်း

Powered by Drupal
Wed, 02/18/2026 - 15:54 -- consumer_admin

    အိပ်မပျော်လို့ စိတ်ညစ်နေရသူတွေ၊ ညဘက် ခြေဖျားလက်ဖျားတွေ အေးစက်ပြီး အိပ်ရခက်ခဲနေသူတွေအတွက် အရမ်းကို လွယ်ကူပြီး ထိရောက်မှုမြင့်မားတဲ့ သဘာဝကုထုံး လေးတစ်ခုကို မျှဝေပေးချင်ပါတယ်။ ညတိုင်း ဂျင်းအစိုတစ်ဖတ်နဲ့ ခြေဖဝါးကို ခဏလေး ပွတ်တိုက်ပေးရုံနဲ့ မယုံနိုင်လောက်အောင် ကောင်းမွန်တဲ့ အကျိုးကျေးဇူးတွေကို ရရှိစေမှာပါ။ ဂျင်းနဲ့ ခြေဖဝါးပွတ်ခြင်းရဲ့ အဓိက အစွမ်းသတ္တိများ အနေဖြင့်-

၁။ သွေးလည်ပတ်မှုကို အားကောင်းစေခြင်း

ခြေဖဝါးဟာ ကျောက်ကပ်၊ အသည်း၊ သရက်ရွက် စတဲ့ အရေးကြီးတဲ့ သွေးကြောလမ်းကြောင်း (Meridians) တွေရဲ့ ဆုံချက် ဖြစ်ပါတယ်။ ဂျင်းအပူဓာတ်က ခြေဖဝါးကို နွေးထွေးစေခြင်းဖြင့် အတွင်းအင်္ဂါတွေရဲ့ လုပ်ငန်းဆောင်တာကို ပိုမိုကောင်းမွန်စေပါတယ်။

၂။ စိတ်ငြိမ်ပြီး နှစ်ခြိုက်စွာ အိပ်ပျော်စေခြင်း

ဂျင်းရဲ့အပူဓာတ်က ခန္ဓာကိုယ်ကို နွေးထွေးစေပြီးနှလုံးကို ငြိမ်သက်စေပါတယ်။ ဒါကြောင့် အိပ်စက်တဲ့အခါ စိတ်တည်ငြိမ်ပြီး ထိတ်လန့်တုန်လှုပ်ခြင်း၊ ခဏခဏ နိုးထခြင်းတွေကို လျော့ပါးစေပါတယ်။

၃။ ခြေဖျားလက်ဖျား အေးစက်မှုကို သက်သာစေခြင်း

အထူးသဖြင့် "ကျောက်ကပ် ယန် (Kidney Yang)" အားနည်းသူများ အတွက် အလွန်ထိရောက်ပါတယ်။ ခြေထောက်ကို နွေးထွေးစေခြင်းဖြင့် ခန္ဓာကိုယ်တစ်ခုလုံး နွေးလာပြီး ကောင်းမွန်စွာ အိပ်ပျော်စေပါတယ်။

၄။ စိတ်ဖိစီးမှု လျှော့ချပြီး အရည်အသွေးမြှင့်တင်ခြင်း

ဂျင်းဟာ ခြေဖဝါးအောက်ရှိ သွေးကြောနဲ့ အာရုံကြောတွေကို ပြေလျော့စေပြီး၊ အတွင်းပိုင်း စိတ်ဖိစီးမှုတွေကို ဖြေလျှော့ပေးတာကြောင့် အိပ်စက်မှု အရည်အသွေးကို သိသိသာသာ မြင့်မား စေကြောင်း ဖတ်ရှု့သိရှိရသည်။

DOCA(မန္တလေး)