
အလေ့ကျပေါက်ရောက်ပြီး သစ်ပင်၊ ခြုံ၊ ခြံစည်းရိုးများတွင်နွယ်တက်နေသော အမြဲစိမ်းပျော့နွယ်ပင်ဖြစ်သည်။ ပင်စည်သေးသွယ်၍ နွယ်နှာမောင်း(၂)ခုမှ(၄)ခုထိခွဲထွက်နေသည်။ အသီးမှာ ရှည် မျောမျောအလုံးဖြစ်၍ (၂)လက်မဝန်းကျင်ရှိသည်။ အခွံပြောင်ချောပြီးအစိမ်းပေါ်တွင် အဖြူစင်းများ ရှိကာ မှည့်သောအခါ လိမ္မော်နီရောင်ရှိသည်။ အခါးနှင့် အချိုနှစ်မျိုးရှိသည်။ တိုင်းရင်းဆေးကျမ်းများ၌ ဖော်ပြထား သည်မှာ ကင်းပုံသီးသည် ခါး၏၊ အေး၏ သလိပ်သည်းခြေကိုနိုင်ပြီး ဝမ်းကိုသက်စေ၏၊ အရွက်သည် ဖန်၏ ခန္ဓာကိုယ်ကြီးထွားသန်မာနှုနှင့် အရိုးများတည်ဆောက်မှုကိုအားပေး၍ အာရုံကြောများလန်းဆန်း စေသည်။ အရွက်စိမ်းကို ဆီးချိုရောဂါရှိသူများ ကြော်ချက်စားသုံးပါက ဝေဒနာသက်သာ စေသည်။ ကလေးများအား ကင်းပုံရွက်ကြော်ကျွေးခြင်းဖြင့် သန်ကောင်များကျစေပါသည်။ ကင်းပုံရွက် အရည်ကို ရေယုန်နာပေါ်သို့ မကြာခဏတို့ပေးလျှင် ရေယုန်နာပျောက်ကင်းသည်။ အဝလွန် မဖြစ် အောင် ကာကွယ်ပေးပါသည်။ ကင်းပုံသီးက အဝလွန်ခြင်းကို ကာကွယ်ပေးနိုင်တယ်ဟု သုတေသနက ဖော်ပြထားပါသည်။ အာရုံကြော ကောင်းစေပါသည်။ ကင်းပုံသီး သည် အာရုံကြောစနစ်ကို ပိုကောင်းမွန်စေသည့် သတ္တုဓာတ်များ၊ အာဟာရဓာတ်များနှင့်ဓာတ်တိုးဆန့်ကျင် ပစ္စည်းများပါဝင် ပါသည်။ အတက်ရောဂါ၊ အယ်လ်ဇိုင်းမားရောဂါ ကိုလည်း သက်သာစေနိုင်ပါသည်။ ကင်းပုံသီးကို ကြော်ချက်စားခြင်းဖြင့် လေရောဂါ၊ ပန်းနာရောဂါ၊ သွေးသားဖောက်ပြန်သောရောဂါများ သက်သာပျောက်ကင်းနိုင်ပြီး သားသည်မိခင်များအတွက် နို့များများ ထွက်စေ နိုင်ကြောင်း လေ့လာတွေ့ရှိရပါသည်။
DOCA(မန္တလေး)
