
ဆန်ပမာဏတန်ချိန် ၃၇၀ သိန်းရှိသော ဗဟိုသိုလှောင်ရုံရှိ ဆန်စပါးသိုလှောင်မှုပမာဏ စံ ချိန်တင်မြင့်တက်လာပြီး ဆန်သိုလှောင်မှုစုစုပေါင်းသည် တန်ချိန် ၆၇၉.၃၂သိန်း ရှိကြောင်း၊ အများ ပြည်သူဖြန့်ဖြူးရေးစနစ် (PDS)အတွက် နှစ်စဉ်လိုအပ်သော ဆန်ပမာဏမှာ တန်ချိန် ၄၁၀ သိန်း ခန့် ရှိသောကြောင့် ဝယ်လိုအား မှေးမှိန်နေသည့် ယခုအခြေအနေတွင် အစိုးရအနေဖြင့် ဆန်သို လှောင်မှုများကို ဈေးကွက်သို့ ရောင်းချရန် နည်းလမ်းများကို မကြာမီ ရှာဖွေဆောင်ရွက်ရန် လိုအပ် နေကြောင်း သိရှိရသည်။
၂၀၂၆ခုနှစ်၊ ဇန်နဝါရီလ ၁ ရက်နေ့စာရင်းများအရ အိန္ဒိယစားနပ်ရိက္ခာကော်ပိုရေးရှင်း (FCI) တွင် ယခင်နှစ်ကထက် ၆ ရာခိုင်နှုန်း တိုးတက်ခဲ့သည့် ဆန်တန်ချိန် ၃၀၉.၃၈သိန်း၊ ယခင် နှစ်ကထက် ၁၆ ရာခိုင်နှုန်း တိုးတက်ခဲ့သည့် စပါးတန်ချိန် ၅၅၂.၁၅သိန်းနှင့် ယခင်နှစ်ကထက် ၄၉ ရာခိုင် နှုန်း တိုးတက်ခဲ့သည့် ဂျုံတန်ချိန်၂၇၄.၆၃ သိန်းတို့ကို သိုလှောင်ထားကြောင်း သိရှိရသည်။
လက်ရှိ ဆန်သိုလှောင်မှုသည် ဇန်နဝါရီလ ၁ ရက်နေ့အထိ သတ်မှတ်ထားသော သိုလှောင် စံချိန်ဖြစ်သည့် တန်ချိန် ၇၆.၁သိန်း၏ ၉ဆခန့် ရှိနေပြီး ဂျုံသိုလှောင်မှုမှာမူ တန်ချိန် ၁၃၈သိန်း၏ နှစ်ဆနီးပါးအထိ ရှိနေကြောင်း၊ အစိုးရသည် နိုဝင်ဘာလ ၁ ရက်မှစတင်၍ အီသနော ထုတ်လုပ်ရန် နှင့် ဆန်တန်ချိန် ၁ တန်လျှင် ရူပီး၂၃,၂၀၀ဖြင့် ဈေးလျှော့ရောင်းချရန် ဆန်တန်ချိန် ၅၂ သိန်းကို သတ်မှတ်ခွဲဝေပြီး ဖြစ်ကြောင်းနှင့် အဆိုပါဈေးနှုန်းမှာ ဆန်တန်ချိန်၁တန်လျှင် ခန့်မှန်းစီးပွားရေး ကုန်ကျစရိတ် ရူပီး ၄၁,၇၃၃.၄၀အောက် လျော့နည်းနေကြောင်း သိရှိရသည်။
FCI ၏ အကြီးတန်းအရာရှိအဖြစ် တာဝန်ထမ်းဆောင်ခဲ့သူ တစ်ဦးကပြောသည်မှာ အစိုးရ သည် ဗဟိုသိုလှောင်ရုံမှဆန်များကို အများဆုံး ရောင်းချနိုင်ရန် ကြိုးပမ်းလျက်ရှိကြောင်း၊ FCI ထံမှ ဆန်ဝယ်ယူမှု ပိုမိုများလာစေရန် စပါးအခြေပြု အီသနောစက်ရုံများအနေဖြင့် ကုန်ပစ္စည်းများ ထုတ်လုပ်ရာတွင် အသုံးပြုသည့်ကုန်ကြမ်းအဖြစ် ဆန်စပါးမှ အနည်းဆုံး ၄၀ ရာခိုင်နှုန်း ထုတ်လုပ် ရန်လည်း တောင်းဆိုပြီးဖြစ်ကြောင်း၊ အများပြည်သူဖြန့်ဖြူးရေးစနစ် (PDS)အောက်၌ အကျုံးဝင် သော ဆန်ပမာဏကို (လက်ရှိ အကျိုးခံစားခွင့်ရှိသူတစ်ဦးလျှင် တစ်လ ၅ ကီလိုဂရမ်) မြှင့်တင်ခြင်း နည်းလမ်းဖြင့်ဖြစ်စေ မိတ်ဖက်များမှတစ်ဆင့် အရောင်းနယ်ပယ်ထဲသို့ တိုက်ရိုက်ဝင်ရောက်ခြင်း စသည့် နည်းလမ်းများဖြင့် ဖြစ်စေ ယခုအခါ ပိုလျှံနေသော ဆန်များကို ဖြေရှင်းရန် နည်းလမ်း နည်းပါးလျက်ရှိကြောင်း သိရှိရသည်။
သို့ရာတွင် စပါးဝယ်ယူမှုနှင့် စပါးအမျိုးအစား အမျိုးမျိုး ပြောင်းလဲစိုက်ပျိုးရေးတို့အကြား အချိတ်အဆက်ရှိရှိ ဆောင်ရွက်ရေးကို ထည့်သွင်းစဉ်းစားရန် အရေးကြီးသည့်အတွက် စိုက်ပျိုးရေး ဝန်ကြီးဌာနနှင့် စားနပ်ရိက္ခာ ဝန်ကြီးဌာနတို့အနေဖြင့် အဆိုပါပြဿနာကို အဖြေရှာရန် အတူတကွ ညှိနှိုင်းဆောင်ရွက်သင့်ကြောင်း FCI၏ အကြီးတန်းအရာရှိက ပြောကြားခဲ့သည်။ ၂၀၂၅ ခုနှစ်၊ မတ် လ ၃၁ ရက်နေ့အထိ FCI၌ ၎င်းတို့ကိုယ်ပိုင် သိုလှောင်မှု တန်ချိန်စုစုပေါင်း ၄၅၈.၇၁သိန်းရှိပြီး ပြည် နယ်အဖွဲ့အစည်းများနှင့် ပူးပေါင်း၍ သိုလှောင်မှုအားဖြင့် တန်ချိန် ၄၁၃.၅၁ သိန်း ရှိကြောင်း၊ ထို့ ကြောင့် ဗဟိုသိုလှောင်ရုံ၌ ကောက်ပဲသီးနှံ သိုလှောင်မှု တန်ချိန်စုစုပေါင်း ၈၇၂.၂၂ သိန်းအထိ ရှိ လာကြောင်း သိရှိရသည်။
ကျွမ်းကျင်သူများက အဆိုပါ ကောက်ပဲသီးနှံ သိုလှောင်မှုသည် နောက်ထပ် ပြဿနာ တစ် ရပ်ဖြစ်ကြောင်း ပြောကြားထားပြီး FCIသည် ဆန်စက်များထံမှ ဆန်ကို လက်ခံရယူမှု နှေးကွေးနေ သည့်အပြင် ကြိတ်ခွဲမှု မပြုလုပ်ရသေးသော စပါးအမျိုးအစားအောက်တွင် သီးခြားစာရင်းသွင်း ထားခြင်းကြောင့် ဖြစ်သည်။
စျေးကွက်ဖွင့်ရောင်းချမှု အစီအစဉ် (OMSS) အောက်တွင် FCI သည် ၂၀၂၄-၂၀၂၅ဘဏ္ဍာနှစ် အတွင်း ဆန်တန်ချိန် ၃၃ သိန်းခန့် (အိန္ဒိယနိုင်ငံ၏ Bharat ဆန်အစီအစဉ်အတွက် သမဝါယမအဖွဲ့ များသို့ ရောင်းချခဲ့သည့် ဆန်တန်ချိန် ၁၃ သိန်းကျော်အပါအဝင်) ရောင်းချခဲ့ကြောင်း၊ သမဝါယမ အဖွဲ့များသည် Bharat ဆန်အစီအစဉ်အတွက် ဆန်တန်ချိန် ၆၆,၇၁၈ကိုသာ ရယူခဲ့သည့်အတွက် ၂၀၂၆ခုနှစ်တွင် စျေးကွက်ဖွင့်ရောင်းချမှု အစီအစဉ်မှာ ဧပြီလမှ ဒီဇင်ဘာလအတွင်း ဆန်တန်ချိန် ၁၃.၆ သိန်းအထိ နှေးကွေးသွားခဲ့သည်။
အဆိုပါ အတောအတွင်း အစိုးရသည် ဂျုံကြိတ်စက်ရုံများ (ဂျုံမှုန့်ကြိတ်သူများ) အား ၂၀၂၆ ခုနှစ် ဧပြီလအတွက် ၎င်းတို့၏ လစဉ်ကြိတ်ခွဲမှု စွမ်းရည်၏ ၆၀ ရာခိုင်နှုန်းကို သိုလှောင်ခွင့် ပြုခဲ့ ခြင်းမှာ ၂၀၂၅ ခုနှစ်၊ ဩဂုတ်လတွင် ထုတ်ပြန်ခဲ့သော ယခင်အမိန့်ကြော်ငြာစာက ဧပြီလအတွက် မည်သည့် ပမာဏမျှ သိုလှောင်ခွင့် ခွင့်ပြုချက် မပေးခဲ့သောကြောင့် ဖြစ်သည်။
Source: The Hindu Business Line, January 18, 2026(လယ်ယာထွက်ကုန်များနှင့် အဓိကသွင်းကုန်များ၏ နိုင်ငံတကာဈေးကွက်စောင့်ကြည့်လေ့လာရေးအဖွဲ့)
