
သုံးနှစ်ကျော်ကြာ ကန့်သတ်ထားသည့် ပိတ်ဆို့မှုများကို ဖြေလျှော့ပေးခြင်းနှင့် ဂျုံအထွက် နှုန်း မြင့်တက်မှုမှသည် ပြည်တွင်းထုတ်လုပ်မှု ပိုလျှံလာနိုင်သည်ဆိုသည့် မျှော်မှန်းချက်များ ကြောင့် အိန္ဒိယအစိုးရသည်ဂျုံထွက်ကုန်အချို့အား ပြည်ပတင်ပို့မှုကို ပြန်လည်ခွင့်ပြုလိုက်ကြောင်း သိရသည်။
ကမ္ဘာ့ဒုတိယအကြီးဆုံး နှံစားသီးနှံထုတ်လုပ်သည့် အိန္ဒိယနိုင်ငံသည် ရွှေကြည်မှုန့် ကဲ့သို့ သော အခြားဂျုံနှင့်ဆက်စပ်သည့် ထုတ်ကုန်များအပါအဝင် ဂျုံမှုန့် တန်ချိန် ၅၀၀,၀၀၀ ကို တင်ပို့ ထားကြောင်း ဇန်နဝါရီလ ၁၆ ရက်နေ့တွင် ထုတ်ပြန်ခဲ့သည့် နိုင်ငံခြားကုန်သွယ်ရေး ညွှန်ကြားမှု ဦးစီးဌာန၏ ညွှန်ကြားချက်တွင် ဖော်ပြထားပါသည်။ ယနေ့အထိ ဂျုံတင်ပို့မှုသည် တစ်ကြိမ်တည်း သတ်မှတ်ပေးအပ်သည့် အထူးခွင့်ပြုချက်ပမာဏသာဖြစ်ပြီး သီးသန့်ခွဲတမ်းအဖြစ်ထားရှိပြီး၊ တင်ပို့ မှုကန့်သတ်ချက် အစီအမံများသည်လည်း အသက်ဝင်ဆဲဖြစ်ကြောင်းသိရှိရပါသည်။
၂၀၂၂ ခုနှစ်၊ မေလက ကန့်သတ်ထားသည့် ပြည်ပတင်ပို့မှုအချို့ကို ပြန်လည်စတင်ရန် အိန္ဒိယအစိုးရ၏ ဆုံးဖြတ်မှုသည် အမေရိကန်နှင့် ကုန်သွယ်မှုဆွေးနွေးမှုများပြုလုပ်နေချိန်တွင် အချိန်ကိုက် ပေါ်ပေါက်လာခြင်းဖြစ်ကြောင်းသိရှိရသည်။ နှစ်နိုင်ငံ တင်းမာမှုများကို ဖြေလျှော့ရန် ကြိုးပမ်းနေစဉ် ဝါရှင်တန်အနေဖြင့် နယူးဒေလီ၏ စိုက်ပျိုးရေးကဏ္ဍကို ဖွင့်လှစ်ရန် အားထုတ် လျက်ရှိပြီး အမေရိကန်၏ လယ်ယာထွက်ကုန်များအား ဈေးကွက်ပိုမိုရရှိရန် ကူညီပေးလျက်ရှိ ကြောင်း သိရှိရသည်။
ငါးနှစ်အတွင်း အကောင်းဆုံးမုတ်သုန်ရာသီဖြစ်ပေါ်ခဲ့မှုကြောင့် အိန္ဒိယသည် အတားအဆီး များကို ယာယီဖြတ်ကျော်နိုင်ခဲ့သည် ဆိုသော်လည်း ပြည်တွင်းစက်ရုံများအနေဖြင့် ပြည်ပဈေး ကွက်လိုအပ်ချက်မှ အကျိုးအမြတ်ရရှိရန် အရေးပေါ်တုံ့ပြန်မှုများ ဆောင်ရွက်ရန်လိုအပ်ကြောင်း သိရှိရသည်။ အိန္ဒိယသည် ဂျုံထုတ်ကုန်များကို ပြည်ပတင်ပို့မှု ပြန်လည်စတင်ရန် စီစဉ်လျက်ရှိ ကြောင်း နိုဝင်ဘာလထုတ် Bloomberg News ကဖော်ပြထားသည်။
အိန္ဒိယ၏ တစ်စိတ်တစ်ပိုင်း ပြည်ပသို့တစ်ကျော့ပြန် ပြန်လည်တင်ပို့ခြင်းကြောင့် ကမ္ဘာ့ ထုတ်လုပ်မှုကို ဦးမော့လာစေပြီး သွင်းကုန်အပေါ် အမှီပြုနေရသည့် အာရှ၊ အာဖရိကနှင့် အရှေ့ အလယ်ပိုင်းဒေသများအနေဖြင့် ဂျုံထုတ်ကုန်များကို ဈေးနှုန်းသက်သာစွာ ဝယ်ယူရန် အခွင့် အလမ်း ရှိလာနိုင်ကြောင်းသိရှိရသည်။
Source : The Hindu Business Line , January 20, 2026(လယ်ယာထွက်ကုန်များနှင့် အဓိကသွင်းကုန်များ၏ နိုင်ငံတကာဈေးကွက်စောင့်ကြည့်လေ့လာရေးအဖွဲ့)
