သွေးတိုးကျစေသောစမုံစပါးအကြောင်း

Powered by Drupal
Fri, 01/23/2026 - 15:59 -- consumer_admin

    စမုံစပါးကို ပုံမှန် ဒီအတိုင်းတော့ စားလေ့မရှိပေမယ့် ပဲဟင်းတွေ၊ အသားဟင်းတွေ ချက်တဲ့အခါမျိုးမှာ ထည့်သွင်း ချက်ပြုတ်လေ့ရှိပါတယ်။ ဟင်းလျာကိုအရသာ တိုးစေနိုင်သလို အနံ့ လည်းတိုးစေနိုင်ပါတယ်။ စမုံစပါးဆိုတာ ဟင်းခတ်အမွှေးအကြိုင်အဖြစ် အသုံးပြုကြတဲ့ ဇီယာ၊ နံနံစေ့ တို့နဲ့ ခပ်ဆင်ဆင် တူပါတယ်။ အနည်းငယ် ခါးသက်သက် ရှိပြီး ပူစပ်စပ်လေးပါ။ ညိုစိမ်းစိမ်းအရောင် ရှိပြီး အနံ့လေးက သင်းသင်းလေးပါ။ နံနံပင်၊ တရုတ်နံနံတို့နဲ့ မျိုးရင်း တူပါတယ်။

            စမုံစပါးမှာ အစာခြေအက်ဆစ်ကို တိုးစေနိုင်ပြီး အစာမကြေတာ၊ လေပွတာတွေကို သက်သာ စေနိုင်ပါတယ်။ လေထိုးလေအောင့်တာကိုလည်း သက်သာစေနိုင်ပါတယ်။ အစာအိမ် အနာကိုလည်း သက်သာစေနိုင်ပါတယ်။  စမုံစပါးမှာ သွေးကြောတွေထဲကို ကယ်လ်ဆီယမ်မရောက်အောင် တားပေး ပြီး သွေးကြောတွေကို ပြေလျော့စေတာကြောင့် နှလုံးဆီကို သွေးစီးဆင်းမှုကောင်း အောင် လုပ်ဆောင် ပေးပါတယ်။ သွေးစီးဆင်းမှု ကောင်းအောင် လုပ်ဆောင်ပေးတာက သွေးပေါင်ကို ထိန်းညှိပေးပြီး သွေး မတိုးအောင် ကာကွယ်ပေးနိုင်ပါတယ်။ စမုံစပါးမှာ နှာခေါင်းထဲက ချွဲတွေကို ရှင်းပေးပြီး အသက်ရှူရ လွယ်စေဖို့ ထောက်ကူပေးသလို အသက်ရှူလမ်းကြောင်းကိုလည်း ကျန်းမာ စေပါတယ်။ အဆုတ်ထဲက ချွဲတွေကို ဖယ်ရှားပေးနိုင်တာကြောင့် လေပြွန်တွေကိုလည်း ကျန်းမာစေပြီး ချောင်းဆိုးတာကို သက်သာ စေနိုင်ပါတယ်။ စမုံစပါးမှာ အရောင်ကျစေနိုင်တဲ့ အာနိသင်ရှိတာကြောင့် သွားကိုက်သွားနာခြင်း၊ သွားဖုံး နာခြင်း များကိုလည်း သက်သာစေနိုင်ပါ တယ်။ ခံတွင်းထဲက ဘက်တီးရီးယားတွေ၊ မှိုပိုးတွေ ကိုလည်း တိုက်ဖျက်ပေးနိုင်ပါတယ်။

            စမုံစပါးက နာကျင် ရောင်ရမ်းတာကို သက်သာစေနိုင်ပါတယ်။ အရေပြားပေါ်မှာ တိုက်ရိုက် အသုံးပြုပေးလို့ ရသလို နာကျင်ရောင်ရမ်းနေသော အရိုးအဆစ်တွေကိုလည်း သက်သာစေကြောင်း လေ့လာသိရှိသမျှ တင်ပြလိုက်ပါသည်။

DOCA(မန္တလေး)