အညာကထန်းရည်အကြောင်း

Powered by Drupal
Fri, 01/23/2026 - 15:44 -- consumer_admin

    ထန်းပင်များသည် မြန်မာနိုင်ငံအလယ်ပိုင်း၊ အထက်ပိုင်းနှင့် အပူပိုင်းဒေသများတွင်အများ ဆုံး ပေါက်ရောက်သည်။ ထန်းပင်သည် အပြင်မှာအကာပါရှိ၍ အတွင်း၌အူချောင်းပါသော အပင်ဖြစ် သည်။  ထန်းရည်၌ အချို အခါး ဟူ၍ ၂ မျိုးရှိသည်။ အချိုထန်းရည်ကို သောက်လျှင် သကြားရည်ကဲ့သိုချို၏။ သို့သော် ရင်ခံတတ်သည်။ အခါးရည်ကိုသောက်လျှင် အရသာခါး၍ အရက် ကဲ့သို မူးယစ်စေသည်။ အချိုရည်သည် ကဇော်မပေါက်မီ သကြားပါသော အရည်တစ်မျိုး ပင်ဖြစ်၏။ နေမွန်းတည့်ကျော် သည်အထိထားလျှင် အခါးရည်ဖြစ်သွားသည်။ လတ်ဆတ်သော အချိုရည်ကို သောက်လျှင် ဝမ်းပျော့စေ သည်။ ထန်းရည်ခံယူရာတွင် ပထဦးစွာ၌ အဖိုပွင့် သို့မဟုတ် အမပွင့်ပွင့်သော ထန်းနိုကို ထုချေပေးရ တယ်။ ထို့နောက် ထိပ်ဖျားကို ဓားဖြင့်လှီးဖြတ်ရ၏။ ဤကဲ့သို နေ့စဉ်လှီးပေးခြင်းဖြင့် ထန်းနိုမှ ထန်းရည်များလိုက်လာသည်။ ထန်းရည်ကို မြေအိုး သိုမဟုတ် ဝါးကျည်တောက်ဖြင့် ခံယူကြသည်။ ထန်းရည်မှ ထန်းလျက်ကို ချက်ယူကြသည်။ ထန်းဖိုပင်နှင့် အမပင် ၂ မျိုးစလုံးမှ ထန်းရည်ရနိုင်၏။ ထန်းရည်လှိုင်သော ရာသီမှာ ဆောင်းတွင်းနှင့် နွေဦးပေါက်ရာသီဖြစ်၏။ အမပင်များမှ မိုးတွင်း၌ပင်လျှင် ထန်းရည်ကို ရရှိနိုင်သည်။ အမပင်သည် အဖိုပင်ထက်ထန်းရည် တစ်ဆခွဲပိုထွက်ကြောင်း လေ့လာသိရှိ သမျှ ရေးသားလိုက်ပါသည်။

DOCA(မန္တလေး)