ဒေသထွက်ကုန်စင်တာများအကြောင်းနှင့်ဒေသထွက်ကုန်များမှ ဒေသဖွံ့ဖြိုး တိုးတက်ရေးဆီသို့ ဦးတည်ချီတက်ကြပါစို့

Powered by Drupal
Wed, 01/14/2026 - 11:54 -- consumer_admin

     မြန်မာနိုင်ငံသည် ဖွံ့ဖြိုးဆဲနိုင်ငံတစ်နိုင်ငံဖြစ်ပါသည်။ နိုင်ငံ၏ လူဦးရေအများစုမှာ ကျေးလက် တွင်နေထိုင်ကြပြီး စိုက်ပျိုးမွေးမြူရေးထုတ်ကုန်များကို အခြေခံလုပ်ကိုင်ကြပါသည်။ ကမ္ဘာပေါ်တွင် ဖွံ့ဖြိုးပြီး၊ ဖွံ့ဖြိုးဆဲနိုင်ငံအများစုသည် MSME လုပ်ငန်းများကို အဓိကအားပြုကြပါသည်။ နိုင်ငံတစ်နိုင်၏ စီးပွားရေးမြှင့်တင်မှုနှင့် စီးပွားရေးတိုးတက်မှုအတွက် အဓိကမောင်းနှင်အားသည် MSME ဖြစ်သည်။ ဖွံ့ဖြိုးပြီးနှင့် ဖွံ့ဖြိုးဆဲနိုင်ငံများတွင် MSME စီးပွားရေးလုပ်ငန်းများသည် ၉၀ ရာခိုင်နှုန်ူးကျော်မျှပါဝင် လျက်ရှိပါသည်။ MSME လုပ်ငန်းများသည် ပြောင်းလဲနေသည့် ဈေးကွက်လိုအပ်ချက်များအား စီးပွားရေး လုပ်ငန်းကြီးများထက် ပိုမိုလျင်မြန်စွာ တုံ့ပြန်ပြောင်းလဲ နိုင်စွမ်းရှိသဖြင့် မြန်မာနိုင်ငံသည် ကမ္ဘာ့နိုင်ငံများ နည်းတူ MSME လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက် လာအောင် အားပေးမြှင့်တင်ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနိုင်ငံတွင် MSME စီးပွားရေး လုပ်ငန်းပေါင်း လေးသောင်းကျော်ရှိပြီး ပြည်တွင်းလိုအပ်ချက်ကို ဖြည့်ဆည်းပေးလျက်ရှိသော်လည်း ပြည်ပသွင်းကုန် အလားတူကုန်ပစ္စည်းများအား နှစ်စဉ်တင်သွင်းနေ သည်ကို တွေ့ရှိရမည်ဖြစ် ပါသည်။ နှစ်စဉ်တင်သွင်းရခြင်းအကြောင်းမှာ နည်းပညာ၊ အရည်အသွေးနှင့် ထုတ်လုပ်မှုကွာခြား နေသောကြောင့် ဖြစ်ပါသည်။ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဌ နိုင်ငံတော် ဝန်ကြီးချုပ်က အသေးစား၊ အငယ်စားနှင့် အလတ်စား စီးပွားရေးလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေး ဗဟို ကော်မတီ (၁/၂၀၂၂) အစည်းအဝေးတွင် “မိမိတို့နိုင်ငံမှ ထုတ်လုပ်သည့် ထုတ်ကုန်အများစုမှာ အရည် အသွေးဆိုင်ရာ အားနည်းမှုများရှိခြင်းကြောင့် ဈေးကွက်တွင် ဈေးနှုန်းရရှိမှုနည်းပါးကြောင်း၊ အရည် အသွေးအားနည်းမှုမျာရှိခြင်းမှာ ကုန်ထုတ်လုပ်ရာတွင် အသုံးပြုသည့် စက်ကိရိယာပစ္စည်းများ၊ နည်းပညာနှင့် လူသားအရင်းအမြစ်များ အားနည်းခြင်းကြောင့် ဖြစ်သည်ကိုတွေ့ရကြောင်း၊ ထုတ်ကုန် များ အရည်အသွေးမီအောင် ဆောင်ရွက်ကြရမည်ဖြစ်ကြောင်း” ပြောကြားခဲ့ပါသည်။

          MSME လုပ်ငန်းများအောင်မြင်စေရန် ဒေသထွက်ထုတ်ကုန်များ ဈေးကွက်ရရှိရန်နှင့် ပြည်တွင်း သာမက ပြည်ပသို့ပါ ဈေးကွက်ချဲ့ထွင်စီးဆင်းရန်အတွက် ဒေသထွက်ကုန်စင်တာများကို ပဲခူးတိုင်း ဒေသကြီးတွင် ယခုလက်ရှိအချိန်ထိ စင်တာ (၃) ခုကို အောင်မြင်စွာ ဖွင့်လှစ်နိုင်ခဲ့ပါသည်။ အဆိုပါ စင်တာများ၏ ဖွင့်လှစ်ချိန်၊ စင်တာတွင် ရောင်းချသည့်ပစ္စည်းများအား စင်တာတစ်ခု ချင်းစီ၏ နေရာဒေသနှင့် စင်တာ၏သမိုင်းကြောင်း အချို့ကို မှတ်တမ်းတင်ဓါတ်ပုံများနှင့်အတူ တင်ပြလိုက်ရပါ သည်။

ပထမဆုံးစင်တာမှာ ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့အစီအစဉ်ဖြင့် ဒေသထွက်ကုန်ကြမ်း ပစ္စည်းများကို အခြေခံ၍ တန်ဖိုးမြှင့်ထုတ်ကုန်များ ထုတ်လုပ်ရောင်းချြခင်း၊ ဈေးကွက်ယှဉ်ပြိုင် ရှာဖွေခြင်း၊ အရည်အသွေးပြည့်မီသော ထုတ်ပိုးမှုစနစ်များ ဖြစ်ပေါ်လာစေရေးနှင့် MSMEs လုပ်ငန်းများ အရှိန် အဟုန်ဖြင့် ဖွံ့ဖြိုးတိုးတက်လာစေရေး ရည်ရွယ်ချက်ဖြင့် တိုင်းဒေသကြီး ဒေသထွက်ကုန် အရောင်း စင်တာအား ပဲခူးတိုင်းဒေသကြီး၊ ပဲခူးမြို့ရှိ ဥဿာသီရိဈေး အပေါ်ထပ်တွင် ၂၀၂၃ ခုနှစ်၊ အောက်တိုဘာလ (၁၉) ရက်နေ့ကဖွင့်လှစ်ခဲ့ပြီး ထိုအရောင်း စင်တာတွင် ပဲခူးတိုင်း အတွင်းရှိ (၂၈) မြို့နယ်မှ ထွက်ရှိသည့် ဒေသထွက် စားသုံးကုန်များ၊ လူသုံးကုန်များ၊ တိုင်းရင်းဆေးဝါးများ၊ စားဖိုဆောင်သုံးပစ္စည်းများ၊ လယ်ယာသုံးစက်ကိရိယာများ၊ ပစ္စည်း အမျိုးပေါင်း (၈၀) မျိုးကျော်အား ဆိုင်ခန်းပေါင်း (၃၇) ခန်းဖြင့် ပင်ရင်းဈေးဖြင့် နေ့စဉ် ရောင်းချပေးလျက်ရှိပါသည်။

ဒုတိယမြောက် “ပဲခူးတိုင်းဒေသကြီးထုတ်ကုန်များ အရောင်းစင်တာ” ကို ပြည်မြို့၊ ဗိုလ်ချုပ် မြင်းစီးကျောက်ရုပ်ရှေ့ရှိ ဗိုလ်ရှုခံအဆောက်အဦ၌ ၂၀၂၃ ခုနှစ်၊ နိုဝင်ဘာလ (၁၉) ရက်နေ့တွင်ဖွင့်လှစ် ခဲ့ပြီး ၎င်းအရောင်းစင်တာတွင် ပဲခူးတိုင်းဒေသကြီးအတွင်းရှိ ပဲခူး၊ တောင်ငူ၊ ပြည်၊ သာယာဝတီ၊ နတ်တလင်းနှင့် ညောင်လေးပင်အစရှိသော ခရိုင် (၆) ခု၏ မြို့နယ်များရှိ MSMEs လုပ်ငန်းများမှ ထွက်ရှိ သော စားသောက်ကုန်ပစ္စည်းများ၊ အဝတ်အထည်နှင့် ကုန်မာပစ္စည်းများအပါအဝင် လူသုံးကုန်ပစ္စည်း မျိုးစုံရောင်းချပေးလျက်ရှိပြီး ပြည်ဒေသထွက်ကုန် အရောင်းစင်တာအား ယခုအချိန်တွင် စီမံစီပွားဝန်ကြီး၏ လမ်းညွှန်ချက်ဖြင့် ဒေါ်သီရိရတနာလှိုင် (ရိုးရာမောင်) ချည်ထည်လုပ်ငန်းရှင်အား (၇.၁.၂၀၂၄) ရက်နေ့တွင် လုပ်ငန်းရှင် (၂၉) ဦး ပစ္စည်းအရေအတွက် (၁၆၂) မျိုးတို့အား လွှဲပြောင်းပေးအပ်ထားပြီး ဖြစ်ပါသည်။ အဆိုပါစင်တာ၏ အောင်မြင်တစ်ခုအနေနဲ့ကတော့ UNECMM Vocational School မှ ကျောင်းသား/ ကျောင်းသူများ လာရောက်လေ့လာခဲ့ကြပါသည်။

တတိယမြောက်စင်တာကို တောင်ငူခရိုင်၊ တောင်ငူမြို့ (၁၆) ရပ်ကွက်၊ နံပါတ် (၁)လမ်းတွင် ၂၀၂၄ ခုနှစ်၊ ဒီဇင်ဘာလ ၂၃ ရက်နေ့တွင် တတိယမြောက်ဆိုင်ဖွင့်လှစ်ပေးနိုင်ခဲ့ပါသည်။ ၎င်းအရောင်း စင်တာ တွင် ခရိုင် (၆) ခုမှ ထုတ်ကုန်ပစ္စည်းများ၊ မြန်မာ့စီးပွားရေးကော်ပိုရေးရှင်း (MEC) ထုတ်ကုန်ပစ္စည်းများ၊ စားဖိုဆောင်သုံးပစ္စည်း (၂၂) မျိုး၊ တိုင်းရင်းဆေးဝါး (၃၂) မျိုး၊ အဝတ်အထည် နှင့် လူသုံးကုန် (၁၃) မျိုးနှင့် စားသောက်ကုန်ပစ္စည်း (၁၈၉) မျိုး၊ စုစုပေါင်း (၂၅၆) မျိုး နေ့စဉ်ဖွင့်လှစ် ရောင်းချပေးလျက်ရှိပြီး တစ်နေရာတည်း၌ ဝယ်ယူနိုင်ကြောင်း သိရှိရပါသည်။

ထိုသို့လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေးအတွက် နိုင်ငံတော်အစိုးရမှလည်း အကူအညီ အထောက် အပံ့များပေးပြီး အရောင်းစင်တာများကို ဖွင့်လှစ်၍ ရောင်းချစေခြင်းဖြင့် မိမိတို့၏ဒေသထုတ်ကုန်များကို တိုင်းတွင်းသာမကဘဲ တစ်နိုင်ငံလုံးသိပြီး ရောင်းအားများလည်း တိုးတက်လာနိုင်မည်ဖြစ်ပါသည်။ MSMEs လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်စေရေးအတွက် နိုင်ငံတော် အစိုးရမှလည်း အကူအညီ အထောက် အပံ့များပေးပြီး အရောင်းစင်တာများကိုဖွင့်လှစ်၍ ရောင်းချစေခြင်းဖြင့် မိမိတို့၏ ဒေသထုတ်ကုန်များကိုတိုင်းတွင်းသာမကဘဲ တစ်နိုင်ငံလုံးသိပြီး ရောင်းအားများလည်း တိုးတက်လာနိုင်မည် ဖြစ်ပါသည်။  ထိုကြောင့် မိမိတို့၏ ဒေသထုတ်ကုန်များအား တန်ဖိုးမြှင့်တင်၍ တိုးတက်ထုတ်လုပ်လာနိုင်ပါက ပြည်တွင်းသာမကဘဲ ပြည်ပသို့သာ ဈေးကွက်ထိုးဖောက် ဝင်ရောက်လာနိုင်ပါက နိုင်ငံတော်အတွက် လည်း MSEMs လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်လာနိုင်သလို ထုတ်လုပ်သူလုပ်ငန်းရှင်များအနေဖြင့်လည်း အကျိုးအမြတ်များစွာရရှိနိုင်မည်ဖြစ်ပြီး ဒေသထွက်ကုန်စင်တာများမှ ဒေသထွက်ကုန်များနှင့် ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဆီသို့ ဦးတည်ချီတက်ကြပါစို့ဟု အကြံပြုတင်ပြအပ်ပါသည်။

DOCA(ပဲခူး)