ရာသီပေါ်သစ္စာပန်း

Powered by Drupal
Wed, 01/14/2026 - 11:36 -- consumer_admin

     သစ္စာပန်းကို အေးတဲ့တောင်ပေါ်ဒေသတွေမှာ ရာသီမရွေးစိုက်ပျိုးနိုင်ပြီး ရာသီဥတုပူပြင်းတဲ့ မြေပြန့် ဒေသတွေမှာတော့ ဆောင်းရာသီကျမှ စိုက်လေ့ရှိကြပါတယ်။ သစ္စာပန်းမှာပန်းအရောင် အမျိုးမျိုးရှိပါသည်။ ပြည်မြို့ရဲ့ ဈေးကွက်အတွင်းမှာတော့ သစ္စာပန်းအရောင် ခြောက်မျိုးလောက်ရှိ တယ်လို့ သိရှိရပါသည်။ အုတ်ကျိုးရောင်၊ ပန်းရောင်နှင့် အဖြူရောင်တို့မှာ လူကြိုက်များတဲ့ အရောင် များဖြစ်သည့်အတွက် အခြားသစ္စာပန်းတွေထက် အရောင်းသွက်ကြောင်း သိရှိရပါသည်။ သစ္စာပန်း ကို များသောအားဖြင့် နည်းလမ်း(၂) မျိုးဖြင့် စိုက်ပျိုးကြပါသည်။ ၎င်းတို့မှာ ဘောင်ဖော်စိုက်ခြင်း နှင့် မြောင်းဖော်စိုက်ခြင်းတို့ ဖြစ်ပါသည်။ သစ္စာပန်းဥများကို တစ်ဥနှင့်တစ်ဥ ၉ လက်မခြား၍ တြိဂံ ပုံခြား၍ စိုက်ပျိုးနိုင်ပါသည်။ တစ်တန်းနှင့် တစ်တန်း ၂ပေ x ၂ပေခွဲခြားပြီး စိုက်ပျိုးပါ။ သို့မှသာ ရေလောင်းရန်နှင့် မြေဆွရန်လွယ်ကူသည်။ အပင်များ မယိမ်းယိုင်စေရန် အပင်ခြေရင်းကို မြေဖို့ပေး ပါ။ သစ္စာပန်းတွင် သစ္စာပန်းအပုမျိုး၊ အရှည်မျိုး၊ အလတ်စားမျိုးဟူ၍ရှိသည့်အနက် ထိုသစ္စာပန်း ကြီးမျိုးသည် အပုမျိုးနှင့်အရှည်မျိုးကိုစပ်၍ ရသော မျိုးစိတ်တစ်ခုဖြစ်ပသည်။ အပွင့်ကြီးများ ထူးကဲ ကြီးမားကြရာ အချင်းခုနစ်လက်မမှ ကိုးလက်မအထိရှိသည်။ အရောင်အသွေးအလွန်စုံသော အမျိုး အစားလည်းဖြစ်ရာ အဖြူရောင်မှအစပြု၍ ပန်းနု၊ ပန်းရင့်၊ ခရမ်း၊ မရမ်းအသွေးအရောင် အမျိုးမျိုး အပြင် အနီရောင် အနုအရင့်အစုံစုံ အဝါသွေးအနုအရင့် အဖုံဖုံတို့အပြင် ချစ်စဖွယ်အသွေးအရောင် အဆန်းအပြားတို့ကလည်း အံ့မခန်းလောက်စဖွယ် စုံလင်လှပါသည်။ အချို့သည် အပွင့်ရောင် တစ်ပိန်းတည်း မဟုတ်ဘဲ အစက်အပြောက်၊ အကွက်အကျားတို့ဖြင့် တစ်မျိုးတစ်ဖုံ ဆန်းသစ်လှပ ကြပါသည်။ နောက်ဆုံးပေါ် ထိုသစ္စာပန်းမျိုးမျိုးမှာ တောက်ပသော ကြည်ပြာရောင် နုကလေးတွင် လှပသော အမည်းပျောက်ကလေးများ ကြွရွစွာ ပေါ်နေသော ဟော်လန် သစ္စာပန်း မျိုးပြားတစ်မျိုး လည်း ဖြစ်ပါသည်။ အပုမျိုး၊ အရှည်မျိုးနှင့် အလတ်စားမျိုးတို့တွင်မူ ဟော်လန် သစ္စာပန်းမျိုးကဲ့သို့ မျိုးစိတ်မျိုးပြား မများကြောင်း သိရှိရပါသည်။  အသွေးအရောင်လည်း မများပြားလှသော်လည်း အရောင်မျိုးစုံ ၂ဝ ခန့်ရှိပါသည်။ မြန်မာနိုင်ငံတွင် အရောင်းအဝယ်ဖြစ်သော အမျိုးအစားမှာ အလတ်စား သစ္စာပန်းမျိုး ဖြစ်ပါသည်။ မေမြို့၊ ကလော၊ တောင်ကြီးစသောမြို့များနှင့် သစ္စာပန်း ကို စိုက်ပျိုး ရောင်းဝယ်လာကြပါသည်။ အခြားမြို့ရွာများတွင် စိုက်ပျိုးလာကြသည်။ အထူးသဖြင့် ရန်ကုန်ဆင်ခြေဖုံးဒေသများတွင် စိုက်ပျိုးသူများပြားလာကြောင်း သိရှိရပါသည်။ သစ္စာပန်းများသည် မေမြို့နှင့် ရှမ်းပြည်မြောက်ပိုင်း၊ တောင်ပိုင်းတို့တွင် အများဆုံးဖြစ်ထွန်းကြောင်း သိရှိရပါသည်။ သစ္စာပန်းပင်သည် ကွမ်းခေါ် ဥတက်မှ အပင်ပေါက်သည်။ ပန်းပွင့်ကျသောရာသီတွင် ဥတက်များကို မြေမှဖော်ထုတ်၍ ခြောက်သွေ့သောနေရာတွင် သိမ်းထားရပသည်။ သို့မှသာ ဥတက်များ အပျက် အစီးနည်းသည်။ သစ္စာ ပန်းပင်တို့သည် ရေကောင်းစွာရရှိ၍ မြေဩဇာကောင်းသော မြေပျော့မျိုး၌ ဖြစ်ထွန်းသည်။ မြေဆွေးနှင့် နောက်ချေးမြေမျိုးကို နှစ်သက်သည်။ မြေများ ပြုပြင်ပြီးထားသော စိုက်ခင်းမြောင်းဘောင်မို့မို့တွင် ဥတက်တစ်ခုလျှင် ခြောက်လက်မခန့် ခွါလျက် ကျင်းတိမ်တိမ်တူး၍ စိုက်ရသည်။ ဟော်လန် သစ္စာပန်း ကြီးမျိုးသည် ပန်းတစ်ခိုင်လျှင် ၁ဝ ပွင့်မှ အပွင့် ၂ဝ နီးပါးရှိ၍ အပင်၌မခူးဘဲ ထားလျှင် ၁၅ ရက်ကျော်ခန့်ခံသည်။ သို့သော်ဥတက်များသည် အပျက်အစီးများ၍ အသစ်ပွားသော ဥတက်များကလည်း သုံးနှစ် လေးနှစ်နေမှ ပွင့်သဖြင့် စီးပွားရေးအတွက် စိုက်ပျိုးသူ များအဖို့ တွက်ချေမကိုက်ကြောင်း သိရှိရပါသည်။ ယခုလ ဒီဇင်ဘာလ တတိယပတ်တွင် မေမြို့၊ တောင်ကြီး၊ မန္တလေးဘက်နှင့် ပြည်မြို့အနီးတဝှိက်ရှိ တစ်ပိုင် တစ်နိုင်စိုက်ပျိုးသောခြံများမှ ပြည်မြို့ မြို့မစည်ပင်သာယာဈေးကြီးနှင့် အခြားဈေးများတွင် အများဆုံး တင်သွင်းရောင်းချကြောင်း သိရှိရ ပါသည်။ သစ္စာပန်းအချော/ အလတ်၊ အသေးပေါ်မူတည်ပြီး ဈေးနှုန်း ကွာခြားမှုများလည်း ရှိပါ သည်။ သစ္စာပန်းအပွင့်ချော အတံ (၅)ချောင်းပါတစ်စည်းလျှင် ကျပ် (၄၀၀၀)၊ အလတ်အပွင့်ချော အတံ (၅) ချောင်းပါတစ်စည်းလျှင် ကျပ် (၃၀၀၀)နှင့် သစ္စာပန်းအသေး အတံ (၅) ချောင်း တစ်စည်း လျှင် ကျပ် (၂၀၀၀) တို့ဖြင့်အရောင်းအဝယ်ဖြစ်ကြောင်း သိရှိရပါသည်။

DOCA(ပဲခူး)