မြင်းခြံမြို့၏စံပယ်ပန်းပင်စိုက်ပျိုးနည်းဖြင့်ဝင်ငွေရှာရ‌အောင်

Powered by Drupal
Wed, 01/07/2026 - 15:51 -- consumer_admin

      စံပယ်ပန်းကို မိုးဦးကာလတွင် အပင်ပျိုးထောင်၍ စိုက်ပျိုးကြသည်။ အပင်မစိုက်ခင် မြေဆွေး နွားချေးဆွေးများကို စိုက်မည့်နေရာတွင် ကျင်းထူးပြီး ထည့်ပေးရမည်။ အပင်ကိုင်းတက် ဒါမှမဟုတ်ရင် အမြစ်ထွက်ပြီး ကိုင်းကူး၊ ကိုင်ထိုးပင် အပင်တွေကို စိုက်လိုရပါသည်။ ၁ နှစ်သားဆိုရင် ပန်းစပွင့်ကြောင်း၊ စိုက်တဲ့အချိန်မှာ ၃ ပေ ၅ ပေခြား ပြီးစိုက်ကြပါတယ်။

            စံပယ်ပန်းသည် မိုးဦးကျတွင်ပန်းများစတင် ပွင့်ကြပါသည်။ အချိုဒေသတွင် စံပယ်ပန်း စောစောပွင့်စေရန် ဆောင်းအကုန် ဒီဇင်ဘာလ၊ ဇန်နဝါရီလလောက်မှာ အပင်ပြုပြင်ပေးကြပါတယ်။ ပြုပြင်နည်းတွေကတော့ အရွက်ချွေပေးခြင်း၊ မြေသြဇာ (နှမ်းဖတ်ပုပ်ရည်) ထည့်ပေး ခြင်း၊ ရေလောင်း ပေါင်းသင်ပေးတာတို့ကို ကြိုလုပ်ရင် စောပြီးပန်းပွင့်ကြလို့ ဈေးကွက်၌စျေး ကောင်း ရနိုင်ပါတယ်။

            အရွက်ချွေတဲ့အခါ အရွက်ရင့်တွေကို တစ်ရွက်ခြင်း ချွေပေးရပါတယ်။ အရွက်ဆွဲပြီး အကုန်ချွေပစ်ရင် အရွက်အရင်းကထွက်လာမဲ့ အဖူးခိုင်အညွန့်လောင်းတွေကို ထိခိုက်မိပြီး အပွင့်ကန်းကုန်တတ်ပါတယ်။ အရွက်ချွေတဲ့အခါ အရွက်ထိပ်ဖျား အညွန့်တွေကိုမချွေရပါ။ အရွက် ချွေခြင်း၊ ပေါင်းရှင်းခြင်းတွေ လုပ်ပြီးရင်ရေသွင်းခြင်း ရေလောင်းခြင်း လုပ်ပေးရပါတယ်။ အရွက် ချွေပြီး တစ်ပတ်ကြာမှ မြေဆွေး နွားချေးဆွေး မြေသြဇာ (နှမ်းဖတ်ပုပ်ရည်) တွေ အပင်ခြေမှာ တည့်ပေးရပါတယ် ရေကိုလဲကိုယ့်မြေအခြေအနေ ကိုကြည့်ပြီး လောင်းရပါမယ်၊ အပင်ကရေ ဝပ်တဲ့ဒါဏ် ကိုလဲမခံနိုင် ကြောင်းသိရှိရပါတယ်။

            ဖေဖော်ဝါရီ လကုန် မတ်လဆန်းလောက်ဆိုရင် ပန်းတွေပွင့် လာတာပါဘဲ။ ပန်းခူးရင်လဲ ခူးပြီး ပန်းအညှာတွေကို စိတ်ရှည်လက်ရှည် ချွေပေးရပြီး  နောက်ပန်းတွေ လှိုင်လှိုင်ပွင့် လာမှာဖြစ် ပါတယ်။ နွေရာသီဆိုမနက်တစ်ကြိမ်၊ ညတစ်ကြိမ်ရေလောင်းပေးရပါတယ်။ ပန်းပွင့်ချိန် ရေလောင်း ခြင်း၊ ပေါင်းသင်ခြင်း၊ မြေဩဇာကျွေးခြင်းဖြင့် ပန်းများအထွက်နှုန်းကောင်း၍ စံပယ်ပန်းစိုက်ပျိုး နည်းဖြင့် ဝင်ငွေရရှိကြောင်း လေ့လာသိရှိရသမျှ ရေးသားလိုက်ပါသည်။

DOCA(မန္တလေး)