ရာသီစာ ဝက်မြေဥ(မြေစာဥ)

Powered by Drupal
Tue, 12/30/2025 - 12:16 -- consumer_admin

     မြေစာဥကို ဒေသအခေါ် ဝက်မြေဥလို့လည်း ခေါ်ကြတယ်။ ဆောင်းရာသီရဲ့  ရာသီစာ တစ်ခုဖြစ်တဲ့ ဝက်မြေဥ (မြေစာဥ)ကတော့ ရေဆေးပြီး အစိမ်းလိုက် စားလို့ရသလို ပြုတ်ပြီးတော့ စားရင်လည်း စိမ့်စိမ့်ကျွတ်ကျွတ်လေးနဲ့ အရသာရှိလှပါတယ်၊  ဆောင်းတွင်း အစားအစာ ဖြစ် သော ဟော့ပေါ့နှင့်အကင်များစသည့် တရုတ်ဟင်းလျာတော်တော် များများမှာလည်း  topping  အနေနဲ့ချက်ပြုတ်လေ့ရှိပါတယ်၊ တစ်နှစ်မှာ(၃)လလောက်ပဲ ပေါ်တာမို့  ရှားရှားပါးပါး စားသုံး ရတယ် ဆိုလည်းမမှားပါဘူး ၊ ဝက်မြေဥ (မြေစာဥ)ဟာ မျက်စိ ကျန်းမာရေးကို ကောင်းမွန်စေပြီး၊ ခေါင်းကိုက်ခြင်းကို သက်သာစေသလို၊ နှလုံးကျန်းမာရေး ၊အရိုးပွခြင်းနှင့် သွားကျန်းမာရေးကို ကောင်းမွန်စေပါတယ်။ ရာသီပေါ်ဓာတ်စာ ဖြစ်တာနဲ့အညီ  ကျန်းမာရေးကို ကောင်းမွန်စေတဲ့ အတွက် အချိန်ကိုက်စားသုံးပေးသင့်တဲ့  အသီးဖြစ်ပါတယ်။ နမ္မတူ၊ ကွတ်ခိုင်၊ ရှမ်းပြည်နယ် (မြောက်ပိုင်း)တို့တွင်စိုက်ပျိုးဖြစ်ထွန်းသည့်မြေစာဥများ ရောင်းအားကောင်းလျက် ရှိကြောင်း သိရသည်။ မန္တလေးဈေးကွက်တွင် ဒီဇင်ဘာလဆန်းပိုင်းဈေးနှုန်း အနေဖြင့်  လက္ကားဈေး အကြီးအကိတ်  အချိန်(၂၀)ပိဿာ တစ်အိတ်လျှင် ကျပ် ၂၄၀၀၀၀/ (၁)ပိဿာ ကျပ် ၁၂၀၀၀/-ရှိပြီး လက်လီဈေးအနေဖြင့်(၁)ပိဿာကျပ်၁၆၀၀၀/-ဈေးတို့ဖြင့် အရောင်းအဝယ်ဖြစ်လျက်ရှိ ကြောင်းသိရှိရပါသည်။

DOCA(မန္တလေး)