
ခရမ်းချဉ်သီးသည် ကျန်းမာရေးနှင့်ညီညွတ်သော သီးနှံတစ်မျိုးဖြစ်၍ ဓာတ်တိုးဆန့်ကျင် ပစ္စည်းအများအပြားပါဝင်ကြောင်းသိရသည်။ ဓာတ်တိုးခြင်းကိုဖြစ်စေပြီး ကင်ဆာ၊ ဆီချို၊ နှလုံးရောဂါ နှင့် အခြားနာတာရှည်ရောဂါများဖြစ်စေသော ပစ္စည်းများမှကင်းဝေးစေနိုင်ပါသည်။ ခရမ်းချဉ်သီး ဖြင့်ပြုလုပ်ထားသော စားစရာများစားသုံးခြင်းဖြင့် ကင်ဆာရောဂါ နှင့်နှလုံးရောဂါ ဖြစ်ခြင်းတို့မှ ကာကွယ်ပေးနိုင်ကြောင်း၊ ခရမ်းချဉ်သီးတွင် ဗီတာမင်အေနှင့်စီ ကြွယ်ဝစွာ ပါဝင်ကြောင်း သိရသည်။ အကောင်းဆုံးမှာ သဘာဝအတိုင်းရင့်မှည့်သော ခရမ်းချဉ်သီးကို စားသုံးသင့်သည်။ ခရမ်းချဉ်သီးကို ချက်ပြုတ်လျှင် လိုင်ကိုမင်းဓာတ်မြင့်မားစေနိုင်သောကြောင့် ဟင်းချက်ရာတွင်ထည့်သွင်း အသုံးပြုသင့် ပါသည်။ ခရမ်းချဉ်သီးမှာပါဝင်သော အမျှင်ဓာတ် များသည် ဝမ်းချုပ်ခြင်းကိုလည်းကင်းဝေး စေနိုင်သော ကြောင့် ဝမ်းချုပ်တတ်သူများအတွက် ပုံမှန်စားသုံးသင့်ပါသည်။ ခရမ်းချဉ်သီးကို ပန်ထွေဖျော်၍သော် လည်းကောင်း၊ ပုဇွန်ခြောင်နှင့် ငါးပိချက် ချက်၍သော်လည်းကောင်း၊ အသုပ် အမျိုးမျိုးတွင် လည်းကောင်း၊ ယိုပြုလုပ်၍ သော်လည်းကောင်း အများဆုံးစားသုံးလျက်ရှိပါသည်။
DOCA(မန္တလေး)
