
စားဖိုဆောင်အုပ်စုဝင် ကြက်သွန်ဖြူဟာ ကိုယ်ခံအားနဲ့ နှလုံးအတွက် အားကောင်းစေပြီး လူအများစုဟာ စနစ်တကျချက်ပြုပ်လျှင် ကြက်သွန်ဖြူရဲ့ အစွမ်းထက်ဆုံး အကျိုးကျေးဇူး ၉၅% ကို ရရှိနိုင်ပါတယ်။ လူအများစုသည် ကြက်သွန်ဖြူကို လှီးပြီးတာနဲ့ ချက်ချင်း ဒယ်အိုးထဲ ထည့်ကြော် လိုက်ခြင်းဖြင့် ကြက်သွန်ဖြူရဲ့ အဓိက ဆေးဖက်ဝင်ဓာတ်ဖြစ်တဲ့ Allicin ဓာတ်ဟာ ကြက်သွန်ဖြူကို ထောင်းတဲ့အခါ လှီးတဲ့အခါ သို့မဟုတ် ခြစ်လိုက်တဲ့အခါမှ စတင်ပြီး အချိန် အနည်းငယ် (မိနစ်ပိုင်း) ထွက်ပေါ်လာခြင်းဖြစ်ကြောင်း၊ အပူက Allicin ဓာတ် ထွက်ပေါ်စေတဲ့ အင်ဇိုင်းကို အမြန်ဆုံး ဖျက်ဆီးပစ်တာကြောင့် ချက်ခြင်းချက်ပြုတ်လိုက်ရင် အာနိသင်အားလုံး ပျောက်ကွယ်သွားလို့ ကိုယ်ခံအားပြည့်ဝအောင် အသုံးပြုပုံမှာ ကြက်သွန်ဖြူကို လှီးပါ၊ ထောင်းပါ (သို့) ခြစ်ပါ။ အပူမပေးခင် ၁၅ မိနစ်ခန့် စောင့်ပေးပါ။ ၁၅ မိနစ် စောင့်ဆိုင်းခြင်းဟာ ဟင်းလျာတွေကို ပိုအရသာရှိစေရုံသာမက ကြက်သွန်ဖြူရဲ့ ကိုယ်ခံအားမြှင့်တင်ပေးတဲ့ ကျန်းမာရေး အကျိုးကျေး ဇူးတွေကိုပါ အပြည့်အဝ ရရှိစေမှာဖြစ်ကြောင်း ကြက်သွန်ဖြူသည် ကိုယ်ခံစွမ်းအားကို လှုံဆော်ပေးနိုင်လို့ နေ့စဉ်အနည်းငယ် သုံးစွဲပေးရင် ကူးစက်ရောဂါခံနိုင်တိုးတက်စေရန် အထောက်အကူပြုကြောင်း သိရှိရပါတယ်။
DOCA(မန္တလေး)
