အူမကြီးကင်ဆာကိုကာကွယ်သောရှားစောင်းလက်ပတ်

Powered by Drupal
Wed, 12/24/2025 - 10:41 -- consumer_admin

   နေ့စဉ်စားသုံးနေသော အစားအစာထဲတွင် အမျှင်ဓါတ် စားသုံးမှုနည်းသည့်အခါ မိမိဝမ်းသွားလျှင် အူမကြီး ၏ အတွင်းနံရံ သည် ပြောင်စင်မှု မရှိပဲ အစာဟောင်း အစာကြွင်းများ ကပ်ငြိကျန်နေ ခဲ့တတ်သည်။  ထိုအကြွင်း အကျန်များကို အူမကြီးမှ အမြဲမပြတ် စုပ်ယူနေခြင်းဖြင့် အဆိပ်အတောက် များ (toxins) များ ခန္ဓာ ကိုယ်တွင်းသို့ ရောက်လာသည်။ ထိုအခါ လေပွခြင်း ၊ လေထခြင်း၊ မအီမသာဖြစ်ခြင်း ၊ ဝမ်းလျှောခြင်း၊ ခံတွင်းနံ့နံခြင်း၊ နုံးခြင်း ၊အစာအိမ် နာခြင်းတွေ ဖြစ်လာတတ် ပါတယ်။ သတိမထားပဲ လစ်လျူရှု ထားမယ်ဆိုရင်  ဗိုက်မအီမသာဖြစ်ခြင်း ၊ ဝမ်းချုပ်ခြင်း ၊ အားမရှိ သလိုဖြစ်ခြင်း ၊အိပ်မပျော်ခြင်း၊ ယားယံခြင်း ၊ မကြာခဏ ခေါင်းကိုက်ခြင်း ၊ ဇက်ကြောတက်ခြင်း၊ လိပ်ခေါင်း ဖြစ်ခြင်းတို့ ဖြစ်လာတတ်ပါတယ်။ အဝလွန်ခြင်းကို လည်းဖြစ်စေပါတယ်။  မိမိစားတဲ့ အာဟာရတွေကိုလည်း အပြည့်အဝစုပ်ယူနိုင်မှာ မဟုတ်ပါဘူး။

  Toxins တွေနဲ့ ထိတွေ့နေရတဲ့ အူမကြီးဟာကြာတော့ ရောင်ရမ်းလာပါတယ်။ ရောင်ဖန်များ လာတော့ ကင်ဆာ ဖြစ်လာတော့တာပေါ့။ ထိုသို့မဖြစ်ရလေအောင် ရှားစောင်း လက်ပတ် စားရပါမယ်။ ရှားစောင်း လက်ပတ်အတွင်း အနှစ်ဂျယ် ကို လက်ဖဝါး နှစ်ဖက်နဲ့ ပွတ်ကြည့်ပါ။ ဆပ်ပြာလို အမြှုပ်တွေ ထွက်လာတာ တွေ့ရပါမယ်။ sarponin  လို့ ခေါ်ပါတယ်။ ရှားစောင်း လက်ပတ်ကို စားပေးခြင်းဖြင့်  အစာအိမ်နှင့်အူလမ်းကြောင်းကိုကောင်းမွန်စေပြီး အူမကြီးကို ပြောင်အောင် သန့်စင်အောင်ဆေ: ကြောပေးသော ရှားစောင်းလက်ပတ်သည် အူမကြီးကင်ဆာ မဖြစ်အောင်ကာကွယ်ကြောင်း လေ့‌လာ သိရှိချက်အားဝေမျှလိုက်ပါတယ်။

DOCA(မန္တလေး)