စွန်ပလွန်သီးအစေ့၏ဆေးအစွမ်း

Powered by Drupal
Tue, 12/23/2025 - 10:26 -- consumer_admin

       လူတိုင်းစွန်ပလွန်သီးသည် ချိုမြိန်ပြီးအရသာရှိသော အသီးဖြစ်သောကြောင့်  လူတိုင်း  ကြိုက်နှစ်သက်ကြပြီး စွန်ပလွန်အစေ့တွင် အစွမ်းထက်တဲ့ အာဟာရဓာတ်တွေပါဝင်ပြီး ကျန်းမာရေး အကျိုးကျေးဇူးများနှင့် ပြည့်နှက်နေကြောင်း သိရှိရပါသည်။ ၎င်းအစေ့ကို အမှုန့်ပြုလုပ်၍ ကော်ဖီကဲ့သို့ ဖျော်ပြီး သောက်သုံးခြင်းဟာ ကျန်းမာရေးအတွက် အကျိုးကျေးဇူးများကို ပေးနိုင်ကြောင်း သိရှိရပါသည်။ စွန်ပလွန်စေ့၏ အဓိက ကျန်းမာရေး အကျိုးကျေးဇူးများအနေဖြင့် ဓာတ်တိုးဆန့်ကျင်ပစ္စည်းများ များပြားစွာ ပါဝင်ပြီး Oxidative Stress ကို လျှော့ချပေးကာ ကိုယ်ခံစွမ်းအားစနစ်ကို မြှင့်တင်ပေးသလို DNA ဖွဲ့စည်းပုံကိုလည်း ကာကွယ်ပေးကြောင်း၊ မဂ္ဂနီဆီယမ် ပါဝင်မှု များတာကြောင့် သွေးဖိအားကို ထိန်းညှိပေးပြီး နှလုံးကျန်းမာရေးကို အထောက်အကူ ပြုကြောင်း၊ အသည်းကို ဓာတုဗေဒကြောင့် ပျက်စီးခြင်းမှ ကာကွယ်ပေးပြီး ကျောက်ကပ်ကျောက် တည်ခြင်းများကို သက်သာစေကြောင်း၊  သွေးတွင်း သကြားဓာတ်ကို လျှော့ချရာမှာ အကျိုးပြုပြီး အင်ဆူလင်နှင့် ဆင်တူသောဓာတ်များ ပါဝင်တာကြောင့် ဆီးချိုရောဂါ ထိန်းချုပ်ရာမှာ ကာကွယ်ပေးသလို အိုမင်းရင့်ရော်မှုကို ဆန့်ကျင် Phenolic ဒြပ်ပေါင်းများ ပါဝင်၍ အရေပြားကို ခရမ်းလွန်ရောင်ခြည်ဒဏ်မှ ကာကွယ်ပေးပြီး အရေးအကြောင်းများ ကို လျှော့ချပေးနိုင်ကြောင်း၊ Omega-6 fatty acids နဲ့ သံဓာတ်ပါဝင်မှု များလို့ ဆံပင် ကျွတ်ခြင်းကို ကာကွယ် ပေးပြီး ဦးရေပြားကို အာဟာရ ဖြည့်ပေးတယ်။ အစာခြေစနစ် ကောင်းမွန်: အမျှင်ဓာတ် (Fiber) မြင့်မားစွာ ပါဝင်လို့ အစာခြေဖျက်မှုကို အထောက်အကူပြုပြီး ဝမ်းချုပ်ခြင်း၊ ဝမ်းလျှောခြင်းတို့ကို သက်သာ စေတယ်။ စိတ်ဖိစီးမှု၊ ရောင်ရမ်းမှုနှင့် မှတ်ဉာဏ်ဆိုင်ရာ ပြဿနာများကို တိုးတက်စေကြောင်း စွန်ပလွန်စေ့ဟာ အစိမ်းလိုက် စားသုံးဖို့ အလွန်မာကျောသဖြင့် အစေ့ကို လှော်၍ အမှုန့်ပြုလုပ်ပါက ကဖင်းဓာတ် မပါဝင်သောကြောင့် ကော်ဖီအစား ထိုးဖျော်သောက်နိုင်ကြောင်း၊ အရသာ ကောင်းမွန်ပြီး ကျန်းမာရေးအတွက် အကျိုးပြုကြောင်း၊ အစေ့ကို အမှုန့်ကြိတ်ပြီး ဖျော်ရည်များ၊ မုန့်များ (သို့) အစားအစာများတွင် ထည့်၍ စားသုံးနိုင်ကြောင်း၊ စွန်ပလွန်စေ့မှ ထုတ်ယူသော အဆီကိုဆံပင်နှင့် အသားအရေ ထိန်းသိမ်းရာတွင် အသုံးပြုနိုင်ကြောင်း စာပေများမှ ဖတ်ရှု့ သိရှိရသည်။

DOCA(မန္တလေး)