ဗိုလ်စားပဲသီးသည် အထွက်နှုန်းကောင်းမွန်ခြင်း၊ ရာသီဉတုဒဏ်ခံနိုင်ရည်ရှိခြင်းနှင့် အာဟာရဓါတ်ကြွယ်ဝခြင်းတို့ကြောင့် တောင်သူများ၏ဝင်ငွေကိုတိုးမြှင့်လာကြမည် ဖြစ်ပြီး နိုင်ငံခြားပို့ကုန်အတွက်ပါ အလားအလာရှိသောပဲမျိုးဖြစ်သည်။ ပြည်တွင်း၌စားသုံးမှုဖူလုံရုံ သာမက တင်ပို့ဈေးကွက်များတွင် လိုအပ်ချက်တိုးလာနေခြင်းမှာလည်း လယ်ယာလုပ်ငန်း များအတွက် အရင်းအမြစ်ကောင်း တစ်ခုဖြစ်လာလျက်ရှိသည်။
ဗိုလ်စားပဲသီးသည် အာဟာရဓါတ်ကြွယ်ဝသော ပဲမျိုးစိတ်တစ်ခုဖြစ်ပြီး လူ့ခန္ဓာကိုယ် အတွက်မရှိမဖြစ်လိုအပ်သော အာဟာရဓါတ်များစွာပါဝင်ပါသည်။ ခန္ဓာကိုယ်ကြီးထွားမှု၊ ကြွက်သားတည်ဆောက်မှုနှင့် ဆဲလ်များပြုပြင်ထိန်းသိမ်းမှုတို့အတွက်မရှိမဖြစ်လိုအပ်သည့် (Protein)ပရိုတင်းဓါတ်၊ အစာခြေစနစ်ကိုကောင်းမွန်စေခြင်း၊ ဝမ်းချုပ်ခြင်းကိုကာကွယ်ခြင်း နှင့် သွေးတွင်းသကြားဓါတ်ကိုထိန်းညှိပေးခြင်း ( Dietary Fiber )အမျှင်ဓါတ်၊ သွေးနီဉများ ထုတ်လုပ်ရာတွင်အရေးပါပြီး သွေးအားနည်းခြင်းကိုကာကွယ်ပေးခြင်း ( Iron )သံဓါတ်၊ ကိုယ်ဝန်ဆောင်များအတွက်အထူးအရေးကြီးပြီး ဆဲလ်များပွားခြင်းနှင့်မျိုးရိုးဗီဇ ( DNA ) တည်ဆောက်ခြင်းအတွက်လိုအပ်သည့် ( Folate/ Vitamin B9 ) ဖောလိတ်၊ အာရုံကြော နှင့်ကြွက်သားလုပ်ငန်းဆောင်တာများကိုထောက်ပံ့ပေးပြီး အရိုးကျန်းမာရေးကို ကောင်းမွန် စေသည့် ( Magnesium )မဂ္ဂနီဆီယမ်၊ သံဓါတ်စုပ်ယူမှုကိုကူညီပေးပြီးကိုယ်ခံအားစနစ်နှင့် အာရုံကြောစနစ်ကိုထောက်ပံ့ပေးသည့် ( Copper ) ကြေးနီ၊ သွေးပေါင်ချိန်ကိုထိန်းညှိပေး ခြင်းဖြင့်နှလုံးကျန်းမာရေးကိုအထောက်အကူပြုသည့် ( Potassium )ပိုတက်ဆီယမ် တို့ အပြင် ဗိုလ်စားပဲသီးသည် ကယ်လိုရီနည်းပါးပြီး အခြားသောဘီစုံအုပ်စုဝင်များ (ဥပမာ- Thaimine၊ Niacin )တို့လည်းအသင့်အတင့်ပါဝင်ပါသည်။
လွိုင်ကော်မြို့သီရီမင်္ဂလာဈေးအတွင်း ဗိုလ်စားပဲ တစ်ပိဿာလျှင်( ၅၅၀၀ မှ ၆၀၀၀ ) အထိရောင်းချနေလျှက်ရှိကြောင်းနှင့် အောင်ပန်းမြို့မှဝယ်ယူရောင်းချကြကြောင်း ဟင်းသီး ဟင်းရွက်ရောင်းချနေသောဈေးသည် တစ်ဦးထံမှသတင်းရရှိပါသည်။
DOCA(ကယား)
